ဒေါ်ခင်မိုးညွှန့်

Non-Executive Director

 အသက် : ၅၂နှစ်
 ခန့်အပ်သည့် ရက်စွဲ: ၁၄ရက်၊ ဇွန်လ၊ ၂၀၁၀။

အသင်းဝင်ဘုတ်အဖွဲ့ကော်မတီများ

  • မရှိ

ပညာအရည်အချင်း

  • Bachelor of Science in Botany, University of Yangon
  • Master of Business Administration and Master Degree in Development Studies, Yangon Institute of Economics
  • MBA (Banking & Finance), Management Development Institute of Singapore (MDIS) and Bangor University, UK
  • Awarded 3rd for Applied Business Projects Award 2018–2019 from Bangor University, UK
  • Certified Member of MIoD – completed Director Certification Program (DCP)

လုပ်ငန်းဆိုင်ရာ အတွေ့အကြုံ

‌ဒေါ် ခင်မိုးညွှန့်သည် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး uab bank ကို ပူးတွဲတည်ထောင်သူတစ်ဦးလည်း ဖြစ်ပါသည်။ သူမသည် ကလေးများ၏ ပညာသင်ထောက်ပံ့မှုနှင့် စောင့်ရှောက်မှုများကဲ့သို့သော ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်သူဖြစ်သည်။ သူမသည် ပညာရေးထူးချွန်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို ရန်ပုံ‌ငွေစုဆောင်း၍ နိုင်ငံခြားပညာတော်သင်ပို့ပေးသည့် အစီအစဉ်များကို အစပျိုးလုပ်ဆောင်ပေးခဲ့သည်။

သူမသည် နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားမှာ မိဘမဲ့ကလေးများ ထောက်ပံ့သည့် ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးများ၏ နေထိုင်စားသောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာရေးဆိုင်ရာ ပံ့ပိုးမှုများကိုလည်း ကူညီထောက်ပံ့ပေးသည်။ သူမ၏ လမ်းညွှန်ချက်ဖြင့် ဖောင်‌ဒေးရှင်းသည် အဆိုပါကျောင်းကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးပြီး ၅ထပ်အဆောက်အဦး အပါအဝင် ကလေးပေါင်း ၂၀၀ ကျော် အတွက် အိပ်ယာ၊ အဝတ်အစား၊ အသုံးအဆောင်များနှင့် အခြားလိုအပ်ချက်အမျိုးမျိုးတို့ကို နိုင်ငံတကာအဆင့်အတန်း ပြည့်မှီစွာဖြင့် ထောက်ပံ့ပေးထားပါသည်။

ဒေါ်ခင်မိုးညွှန့်သည် မြန်မာအမျိုးသမီး စီးပွာရေးစွမ်းဆောင်ရှင်များ အသင်း (MWEA) နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF) များတွင် တက်ကြွစွာပါဝင်လှုပ်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် အသေးစားချေးငွေထောက်ပံ့သည့် အစီအစဉ်များကိုလည်း အားပေးလုပ်ဆောင်သည်။ ၂၀၁၆ခုနှစ်တွင် သူမသည် ကမ္ဘောဒီးယား၌ ကျင်းပသည့် အမျိုးသမီးများအတွက် ဆင်းရဲနွမ်းပါးမှု လျော့ချရေး အလုပ်ရုံဆွေး‌နွေးပွဲတွင်လည်း ပါဝင်ခဲ့သည်။