Buy, sell and redeem gold with the tap of a finger

uabpay’s Gold Investment ဆိုတာ မြန်မာပြည်တွင် ပထမဆုံးအနေဖြင့် ရွှေကို Digital Payment ဖြင့်အချိန်နဲ့တစ်ပြေးညီ စုဆောင်း၊ ဝယ်ယူ၊ ရောင်းချ နိုင်မည့် Feature တစ်ခုဖြစ်ပါတယ်။ uabpay Gold Investment Feature တွင်... 
  • ရွှေကို တစ်ရွေးမှစတင်၍ ပေါက်စျေးအတိုင်း စုဆောင်း၊ ဝယ်ယူ၊ ရောင်းချ နိုင်ခြင်း။
  • Digital Payment နှင့် တစ်ချိန်တည်းတွင် ဝယ်ယူ၊ ရောင်းချ နိုင်ခြင်း။
  • ဝယ်ယူထားသော ရွှေပမာဏနှင့် ကာလပေါက်စျေးနှိုင်းယှဥ်ကာ အရှုံးအမြတ် ကို Dashboard တွင် Real Time မြင်နိုင်ခြင်း။
  • ရွှေသားထုတ်ယူလိုပါကလည်း (၁) ကျပ်သားမှစ၍ ချိတ်ဆက်ထားသော ရွှေဆိုင်များတွင် ထုတ်ယူနိုင်ခြင်း။ 
    အစရှိသော လုပ်ဆောင်ချက်အားလုံးကို uabpay Application ရှိရုံဖြင့် အလွယ်တကူ၊ လျှင်မြန်စွာ ဆောင်ရွက်နိုင်ပါပြီ ။ 

Instructions

အမေးအဖြေများ

ရွှေဝယ်ယူရန် ...

  • uabpay app မှတစ်ဆင့် Gold Investment Feature သို့သွားပါ။
  • Gold dashboard ကိုသွားပြီး "Buy"ကိုရွေးပါ။
  • တစ်ရွေးမှစတင်၍ သင်ဝယ်လိုသောရွှေပမာဏကိုရွေးချယ်ပါ။
  • ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ပါ။
  • Terms & Conditions ကို စစ်ဆေးပါ၊ ထို့နောက် သဘောတူပါက "Buy" ကိုနှိပ်ပါ။

ရွှေရောင်းချရန် ...

  • uabpay app မှတစ်ဆင့် Gold Investment Feature သို့သွားပါ။
  • Gold dashboard ကိုသွားပြီး "Sell"ကိုရွေးပါ။
  • တစ်ရွေးမှစတင်၍ သင်ပြန်လည်ရောင်းချလိုသောရွှေပမာဏကိုရွေးချယ်ပါ။
  • ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ပါ။
  • Terms & Conditions ကို စစ်ဆေးပါ၊ ထို့နောက် သဘောတူပါက "Sell" ကိုနှိပ်ပါ။
  • ရွှေရောင်းချမှုကို အတည်ပြုရန် Confirm ခလုတ်ကို နှိပ်ပြီးပါက သုံးစွဲသူသည် ရွှေဆိုင်ဘက်မှအတည်ပြုမှုကို နာရီပိုင်းစောင့်ဆိုင်းရပါသည်။ ဆိုင်မှအတည်ပြုပြီးပါက ရောင်းချမှုအောင်မြင်ကြောင်း အီးမေးလ်ကို လက်ခံရရှိပါမည်။

ရွှေထုတ်ယူလိုပါက ...

  • uabpay app မှတစ်ဆင့် Gold Investment Feature သို့သွားပါ။
  • Gold Balance ကိုနှိပ်ပြီး My Gold Profile အောက်ရှိ Redeem သို့သွားပါ။
  • ထုတ်ယူလိုသော ရွှေအမျိုးအစားကို ရွေးချယ်ပါ။ Ba Than ရွှေအတွက် အနည်းဆုံး ၁ ကျပ်သား နှင့် အကယ်ဒမီရွှေအတွက် အနည်းဆုံး ၁၀ ကျပ်သား ရှိရပါမည်။
  • Terms & Conditions ကို စစ်ဆေးပြီးနောက် သဘောတူပါက "Redeem Request" ကိုနှိပ်ပါ။
  • ရွှေဆိုင်သည် နာရီပိုင်းအတွင်း တောင်းဆိုချက်ကို အတည်ပြုပေးမည်ဖြစ်ပြီး Pending Transaction Tab တွင်သင်တွေ့နိုင်မည်ဖြစ်သည်။
  • ရွှေထုတ်ယူလိုမှုအတည်ပြုပြီးသည်နှင့် ရွှေဆိုင်သို့လဲ ဖုန်းခေါ်ဆိုနိုင်သလို uabpay maps မှအနီးဆုံးရွှေဘုံသာဆိုင်အားရှာဖွေသွားရောက်နိုင်ပါသည်။
  • သင်ရောက်ရှိသည့်အခါ၊ Generate QR ခလုတ်ကို နှိပ်ပြီး QR code (သို့မဟုတ်) Notification page တွင်ပေါ်သော ID ကို ပြသပါ။
  • ရွှေဆိုင်သည် QR code ကို scan ဖတ်ပြီးနောက် ရွှေသား ထုတ်ယူရန် သင်အသုံးပြုနိုင်သည့် OTP (တစ်ကြိမ်စကားဝှက်) ကိုသင်ရရှိနိုင်ပါသည်။
  • ရွှေဆိုင်တွင် ရွှေသား ထုတ်ယူပြီးနောက် သင်၏ uabpay app တွင် Redeem completed screen ကိုတွေ့မြင်ရပြီး My Gold Profile တွင် သင့်ရွှေလက်ကျန်ကို စစ်ဆေးနိုင်ပါသည်။
ကျွန်ုပ်တို့သည် ရွှေဘုံသာရွှေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ထားပြီး uabpay app တွင် စာရင်းသွင်းထားသည့် ရန်ကုန်နှင့် မန္တလေးရှိ ရွှေဘုံသာရွှေဆိုင်များတွင်သာ ရွှေသားထုတ်ယူနိုင်ပါသည်။
ရွှေဆိုင်ရဲ့ handling charges အနေနဲ့ ထည့်သွင်းထားတဲ့ amount ဖြစ်ပါသည်။ ဝယ်ယူတဲ့ အချိန်မှာ ပေးရသလို ပြန်ရောင်းတဲ့ အချိန်မှာလဲ ပြန်ရမှာ ဖြစ်ပါတယ်။ App မှာ ဖော်ပြထားတဲ့ handling fees အပါနောက်ဆုံးစျေးကို ကြည့်ပြီး ဝယ်စျေး ရောင်းစျေးကို အတည်ပြု ဆုံးဖြတ်နိုင်ပါသည်။
Ba Than ရွှေအတွက် အနည်းဆုံး ၁ ကျပ်သား နှင့် အကယ်ဒမီရွှေအတွက် အနည်းဆုံး ၁၀ ကျပ်သား မှစပြီးထုတ်ယူနိုင်ပါသည်။
ကျွန်ုပ်တို့၏ရွှေစျေးနှုန်းများသည် လက်ရှိဈေးကွက်ပေါက်နှုန်းများနှင့်အညီဖြစ်ပြီး uabpay app ရှိ Gold Dashboard တွင် နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ်စျေးအတက်အကျများကို ကြည့်ရှုနိုင်ပါသည်။
ရွှေထုတ်ယူသောအခါတွင် မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ပါ။
သုံးစွဲသူအကောင့်သည် Full KYC ဖြစ်ရမည်၊ ဆိုလိုသည်မှာ သက်ဆိုင်ရာ အချက်အလက်အားလုံးဖြင့် မှတ်ပုံတင်ရပါမည်။ ဤ Feature ကို Full KYC အသုံးပြုသူများအတွက်သာ ရနိုင်ပါသည်။

လက်ရှိစျေးကွက်ပေါက်စျေးကို uabpay app, Gold Investment Feature တွင် ကြည့်ရှုနိုင်ပါသည်။

အနည်းဆုံး ငွေပမာဏ သည်ရွှေတစ်ရွေးဖြစ်သည်။
အများဆုံး ငွေပမာဏ သည် uabpay wallet limit တစ်နေ့လျှင်သိန်းတစ်ရာ ဖြစ်သည်။
သင်ဝယ်ယူသောရွှေအတွက် Gold certificate ကိုအခမဲ့ရယူနိုင်ပါသည်။

ရွှေရင်းနှီးမြုပ်နှံမှုတွင် စွန့်စားရသော အန္တရာယ်အချို့မှာ အောက်ပါအတိုင်းဖြစ်ပြီး ဝယ်ယူသူများ နားလည်ထားသင့်သည်။

  • ရွှေဈေးကွက်သည် မငြိမ်မသက်ဖြစ်နိုင်ပြီး စျေးအတက်အကျအပြောင်းအလဲရှိနိုင်သည်။
  • သင့်အရင်းအနှီးဆုံးရှုံးခြင်းအပါအဝင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။
  • ရွှေတွင် ရင်းနှီးမြုပ်နှံခြင်းသည် အမြတ်ဝေစုအထွက်နှုန်း သို့မဟုတ် အတိုး မရှိပါ။
  • သင့်ရင်းနှီးမြုပ်နှံမှုကာလအတွင်း၊ စျေးနှုန်းများ လုံလောက်စွာ မြင့်တက်မှ ရောင်းချမှုတွင် အမြတ်ရနိုင်ပါမည်။