ထူးခြားတဲ့ ဒီဇိုင်းအလှ၊ ဓလေ့ရိုးရာယဉ်ကျေးမှု၊ အသက်ဝင်နေတဲ့အနုပညာအမွေအနှစ်။
ကုန်းဘောင်ခေတ် ဓလေ့ထုံးတမ်းစဉ်လာအရ ဉာဏ်ပညာနဲ့ လေးစားနှစ်သက်မှုကို ပူဇော်ပြသတဲ့အနေနဲ့ အလင်းရောင်နဲ့ ပန်းများကို လှူဒါန်းလေ့ရှိတဲ့ ဓလေ့ကို ကိုးကားကာ Lux Aeterna Collection ကို ခေတ်သစ်ဒီဇိုင်း လက်မှုပညာနဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာများကို ပြန်လည်ပေါင်းစပ်ပုံဖော်ဖန်တီးထားပါတယ်။
Lucerna ဆိုတာ “မီးအိမ်” ဟုအဓိပ္ပါယ်ရှိပြီး ထွန်းလင်းတောက်ပမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကိုယ်စားပြုပါတယ်။ အစိတ်အပိုင်းတစ်ခုစီကို တိကျသေချာစွာ လက်မှုဖြင့် ဖန်တီးရက်လုပ်ထားပြီး uab ဘဏ်ရဲ့ အမှတ်အသားပုံဖော်မှုကို မြန်မာ့ရိုးရာယဥ်ကျေးမှုလက်ရာနဲ့ ပေါင်းစပ်ထည့်သွင်းဖန်တီးပါတယ်။ UK အခြေစိုက် ဒီဇိုင်နာတစ်ဦးနှင့် ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ Lucerna သည် မြန်မာ့လက်မှုပညာကို ကမ္ဘာ့အဆင့် ကျက်သရေရှိလှတဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်ကာ ခေတ်မီလူနေမှုဘဝများအတွက် အေးချမ်းတဲ့ တောက်ပမှုတစ်ခုကို ပေးစွမ်းထားပါတယ်။
Lucerna မီးအိမ်သည် အလှဆင်ခြင်းထက် ပိုပြီး အစဉ်အလာနှင့် ဆန်းသစ်တီထွင်မှု၊ အမွေအနှစ်နှင့် ခေတ်မီမှု၊ ယဉ်ကျေးမှုနှင့် အသိုင်းအဝိုင်းကြား ဆက်နွယ်ထားတဲ့ တံတားတစ်ခုလည်းဖြစ်ပါတယ်။
Lucerna တစ်ခုစီတိုင်းရဲ့ ဖန်တီးမှုနောက်ကွယ်မှာ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးငယ် လက်မှုပညာရှင် ၁၅၀ ကျော်ရဲ့ လက်ချောင်းလေးများနဲ့ နှလုံးသားများပေါင်းစပ်ကာ ဒီအဓိပ္ပါယ်ရှိလှတဲ့ အနုပညာလက်ရာအဖြစ် ဖန်တီးအသက်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။ uab ဘဏ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းစဥ်အနေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဒီ project လေးက လူငယ်အမျိုးသမီးများအတွက် ရေရှည်တည်တံ့တဲ့ ဝင်ငွေ၊ ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းဆောင်နိုင်မှုတို့ကို ပံ့ပိုးပေးလျက်ရှိပြီး မြန်မာ့ရိုးရာလက်မှုပညာအမွေအနှစ်ကို အစဥ်အဆက်မပျက် တောက်ပစွာ ဆက်လက်တည်ရှိစေရန် ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။
Lucerna ရဲ့ အလှတရားကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပေးတဲ့ Lumora ရဲ့ တောက်ပမှုကလည်း လေးစားနှစ်သက်ခြင်းနဲ့ နူးညံ့တဲ့ အလှတရားရဲ့ ရောင်ပြန်ဟပ်မှုကို ပုံဖော်ပေးလျက်ရှိပြီး သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်တို့ရဲ့ အလင်းရောင်တွေကို ခေတ်မီဆန်းသစ်တဲ့ အလင်းရောင်အဖြစ်သို့ ဖော်ဆောင်ပေးပါတယ်။