Beware of common scams and protect yourself!

သတိရှိပါ!!

လူလိမ်များ၏ အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ပါ။

ဘဏ်စနစ်ကို အသုံးပြု၍ လိမ်လည်မှုခြင်းသည် အရိုးခံပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များကို ခိုးယူရန် လူလိမ်များမှ မသမာသောနည်းလမ်းမျိုးစုံဖြင့် ကြိုးစားရာတွင် အသုံးများသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုသို့သော လိမ်လည်မှုများကို သတိရှိစွာဖြင့် ရှောင်ရှားနိုင်ခြင်းသည် မိမိ အကျိုးစီးပွားအား ကာကွယ်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

များသောအားဖြင့် လိမ်လည်သူများသည် အောက်ပါနည်းလမ်းများကို အသုံးပြုလေ့ရှိကြပါသည်။

  • customers များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်လျော်သော အကြောင်းပြချက်များ ပေးခြင်းမရှိဘဲ တောင်းဆိုခြင်း၊
  • သင့်၏ မိုဘိုင်းဖုန်း သို့ ပေးပို့သော OTP ( တစ်ခါသုံး လျို့ဝှက် နံပါတ်) ကို တောင်းဆိုခြင်း၊
  • ငွေကြေးဆိုင်ရာမေးခွန်းများအား တရားဝင်မေးမြန်းခွင့်ရှိသူအဖြစ် အယောင်ဆောင်၍ သတင်းအချက်အလက်များကို ခိုးယူနိုင်သော link များအား အီးမေးလ် မှ တဆင့်ပေးပို့ခြင်း (သို့) လျို့ဝှက်ထားရမည်ဖြစ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ရန် လိမ်လည်လှည့်ဖျား၍ တောင်းဆိုခြင်း၊
  • တချို့သောသူများအား အလုပ်အကိုင်အခွင့်အလမ်းအတုများနှင့် သော်လည်းကောင်း၊ ထီပေါက်သည်ဟု လိမ်လည်၍သော်လည်းကောင်း ကတိကဝတ်အမှားများပေး၍ လှည့်ဖျားခြင်း၊
  • မက်မောဖွယ်ရာ အစီအစဉ်များပါဝင်လျက်ရှိသည့် ချေးငွေဝန်ဆောင်မှုများဖြင့် လိမ်လည်ခြင်း။  

သင်၏ ငွေကြေးများကို ခိုးယူခံရခြင်းနှင့် ဘဏ် အကောင့်အားထိန်းချုပ်နိင်ရန်အတွက် လိုအပ်သော သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို မသမာသူများအားပေးမိခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို သိရှိသတိပြုရန် လိုအပ်ပါသည်။ 

အကယ်၍ သင့်အနေဖြင့် သံသယဖြစ်ဖွယ်ကောင်းသော တောင်းဆိုမှုများနှင့် ဆက်သွယ်မှုများအား ကြုံတွေ့လာရပါက ကျွန်တော် ကျွန်မ တို့ uab bank သို့ ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးတို့ဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်သွယ်နိုင်ပါသည်။ uab ၏ တရားဝင် Facebook စာမျက်နှာ( အပြာရောင်အမှန်ခြစ်ဖြင့်ခွဲခြားနိုင်ပါသည်) နှင့် ၀၉ ၉ ၄၀၀၀၅၀၀၀ သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

Uab သုံးစွဲသူများ၏ ငွေကြေးလုံခြုံရေးသည် ကျွန်တော်တို့၏ အဓိက ဦးစားပေးဖြစ်ပြီး သင်၏ငွေကြေးများအား လုံခြုံစိတ်ချရစေဖို့ အာမခံပေးရန် ကျွန်တော်တို့ရှိနေပါသည်။

(i) ချေးငွေဆိုင်ရာလိမ်လည်မှုများ

ချေးငွေနှင့်ပက်သက်ပြီးလိမ်လည်သူများသည် ဘဏ်များနှင့် အခြားသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အ‌ယောင်ဆောင်၍ ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများပေးမည်ဆိုကာ လိမ်လည်ခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားစရာကောင်းသော အတိုးနှုန်းနှင့် အလွယ်တကူ မြန်မြန်ဆန်ဆန် ရရှိနိုင်မည့် ချေးငွေအခွင့်အလမ်းအစရှိသည်တို့ကို ဆိုရှယ်မီဒီယာသို့ မက်ဆေ့ချ်များမှတစ်ဆင့် ပေးပို့ပြီး ဆွဲဆောင်လေ့ရှိပါသည်။ လိမ်လည်သူတို့သည် ဖုန်းဖြင့် တိုင်ရိုက်ဖြေကြားခြင်းကို ရှောင်ရှားလေံရှိကြပြီး များသောအားဖြင့် မက်ဆေ့ချ်ဖြင့်သာ ဖြေကြားလေ့ရှိကြပါသည်။ ထိုသူတို့၏ အဓိကရည်ရွယ်ချက်မှာ ကျွန်တော်/ကျွန်မတို့၏ ငွေကြေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ခိုးယူလိုခြင်းဖြစ်ပါသည်။

မသမာသူတွေ ဘယ်လို လိမ်ကြသလဲ?

  • လိမ်လည်သူများသည် ဆိုရှယ်မီဒီယာ ပေချ့်များဖွင့်၍ ဘဏ်များနှင့် အခြားသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အယောင်ဆောင်၍ ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများပေးမည်ဆိုကာ လိမ်လည်ခြင်း။
  • သင်တို့အား မက်ဆေ့ချ်မှတစ်ဆင့် ချေးငွေများအား စိတ်ဝင်စားဖွယ်ကောင်းသော အတိုးနှုန်းနှင့်လွယ်ကူစွာချေးယူနိုင်မည်ဟု ပေးပို့၍ သွေးဆောင်ခြင်း။ 
  • ၎င်းတို့၏ ပစ်မှတ်များကို သတိထားရမည့် အချက်များကို လျစ်လျုရှုပြီး မှားယွင်းသော ဆုံးဖြတ်ချက်များ လျှင်မြန်စွာ ချမိစေရန် ဖိအားပေးလေ့ရှိခြင်း။

ဒါဆို ဘာလုပ်သင့်လဲ?

  • အင်တာနက်ပေါ်မှ တစ်ဆင့် ငွေလွှဲခြင်းနှင့်ငွေပေးချေမှုများမပြုလုပ်ပါနှင့်။
  • ကမ်းလှမ်းချက်သည် တရားဝင်မှုရှိ မရှိ ဘဏ်သို့ အဆက်သွယ်လုပ်၍မေးမြန်းပါ။ 
  • ထိုလိမ်လည်မှုကို သတင်းပို့ခြင်း၊ ဖြန့်‌ဝေပေးခြင်းဖြင့် မိမိပတ်ဝန်းကျင်ရှိ အခြားသူများ လိမ်လည်မခံရအောင် ကာကွယ်ပါ။
(ii) ဘဏ် email အတု များမှ တဆင့် လိမ်လည်ခြင်း

ဘဏ်မှ တဆင့် ပြုလုပ်သော ငွေလွှဲပြောင်းမှုများသည် ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ဖြင့် အသုံးများလာသည်နှင့်အမျှ ကျွန်တော်/ကျွန်မတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ (သို့) ငွေကြေးများအား ခိုးယူလိုသည့် ငွေကြေးလိမ်လည်သူများသည်လည်း တိုးပွားလျက်ရှိပါသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ဘဏ်အယောင်ဆောင်၍ သုံးစွဲသူများ၏ အချက်အလက်များနှင့် လျို့ဝှက် password များကိုရယူရန် အီးမေးလ် အမှားများ ပို့တတ်ကြပါသည်။

ဘယ်လို ကာကွယ်သင့်သလဲ?

  • ပေးပို့သူ၏ အီးမေးလ်လိပ်စာ အား သေချာမှုရှိစေရန် ထပ်ခါ ထပ်ခါ စစ်ဆေးပါ။ uab bank ၏ တစ်ခုတည်းသော တရားဝင် domain နာမည်မှာ “@uab.com.mm” ဖြစ်ပါသည်။ အကယ်၍ ကွဲပြားမှုများ ရှိခဲ့ပါက (ဥပမာ - “@uabbank.com,”) သတိကြီးစွာ ထားရှိရမည် ဖြစ်ပါသည်။
  • မသမာသူတွေရဲ့ လှည့်ကွက်ထဲ မကျရောက်ပါစေနှင့်။ သူတို့ တောင်းဆိုချက်များကိုလည်း မလိုက်လျောမိပါစေနှင့်။ သံသယရှိသော ဆက်သွယ်မှုများ၏ တရားဝင်ခြင်းရှိ၊ မရှိအခြေအနေအား သိရှိနိုင်ရန် ကျွန်တော်တို့ uab ဘဏ်နှင့် ချက်ချင်းဆက်သွယ်အတည်ပြုပါ။
  • အထူးသတိပြုရန်မှာ ကျွန်တော်တို့အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် တစ်ခါသုံး လျို့ဝှက်ကုဒ် (OTP) များအား အီးမေးလ် မှတဆင့် မေးမြန်းခြင်းများ လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်၏ ထိုအချက်အလက်များအား လုံးဝ မ မျှဝေ ပါနှင့်။
(iii) အယောင်ဆောင် email များမှတဆင့် website link အမှားများပို့၍ လိမ်လည်ဖြားယောင်းခြင်း

မသမာသူများသည် မက်ဆေ့ချ်နှင့် အီးမေးလ်များမှ တစ်ဆင့် သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များ ရရှိရန် ဖြားယောင်းလေ့ရှိကြပါသည်။ အဓိကခိုးယူချင်သော အချက်အလက်များမှာ သင်တို့၏ လျှိုဝှက်နံပါတ်၊ မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်၊ အကြွေးဝယ်ကတ်၏အချက်အလက်များ အစရှိသည်တို့ ဖြစ်ပါသည်။ ထိုမှတဆင့် သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအကောင့်၊ အီးမေးလ် ၊ အကြွေးဝယ်ကတ် နှင့် ဘဏ်အကောင့်တို့ကို ဝင်‌ရောက်နိုင်ရန် ဖြစ်ပါသည်။

ဖြားယောင်းသော အီးမေးလ် နှင့် မက်ဆေ့ချ် များကို သင်တို့သိရှိပြီးဖြစ်သော၊ ယုံကြည်စိတ်ချရသည့် ကုမ္ပဏီများမှ ပေးပို့သကဲ့သို့ အယောင်ဆောင်လေ့ရှိပါသည်။ ထို့နောက် ၎င်းတို့၏သားကောင်အား ၎င်းတို့ ပေးပို့သောလင့်ခ်အား နှိပ်စေ၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းစေပြီး ထိုမှတဆင့် ခိုးယူပါသည်။

သင့်အကောင့်အား လုံခြုံစိတ်ချရအောင် ဘယ်လိုလုပ်သင့်သလဲ။

  • စိတ်မချရသော ဝက်ပ်ဆိုက်များအား သင်တို့၏ အချက်အလက်များဖြင့်မဝင်ပါနှင့်။ 
  • သံသယဖြစ်ဖွယ်ကောင်းသော အီးမေးလ် မှ လင့်များအားမဖွင့်ပါနှင့်။ 
  • အခြားသူများ၏ ဖုန်း၊ ကွန်ပြူတာအစရှိသည်တို့ဖြင့် သင်တို့၏ဘဏ်အကောင့်ကို ဝင်ရောက်အသုံးပြုခြင်း မလုပ်ပါ နှင့်။ 
  • မိမိထံသို့ရောက်ရှိလာသော အီးမေးလ် သို့ မက်ဆေ့ချ် သို့ အခြားသောပုံစံအမျိုးမျိုးဖြင့် ရောက်ရှိလာသည်များကို သေချာစွာဖတ်ရှု၍စစ်ဆေးပါ။ ကမ်းလှမ်းချက်သည် သံသယဖြစ်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းကောင်းမွန်နေပါက လိမ်လည်မှုဖြစ်နိုင်ခြေ များပါသည်။ 
  • ကိုယ်ရေးကိုယ်တာအချက်အလက်များကို မမျှဝေပါနှင့်။ သင်ကိုယ်တိုင်ပေးလိုက်သော အချက်အလက်အမှန်များမှတဆင့် မသမာသူများသည် သင့်ဘဝ၏ ထောင့်ပေါင်းစုံကို ဝင်ရောက်ချယ်လှယ် နိုင်သကဲ့သို့ ငွေကြေးအကောင့်များနင့် သင့်ပုံရိပ်ကို ခိုးယူအသုံးချခြင်းမျိုးလည်း ပြုလုပ်နိုင်ပါသည်။ ထိုအချက်များကြောင့် သင့်အကောင့်နံပါတ်များ၊ အကြွးဝယ်ကတ်နံပါတ်များ၊ စကားဝှက်များ၊ OTP နှင့် CVV ကဲ့သို့သော အရေးကြီးအချက်အလက်များကို မည်သူနှင့်မျှ မမျှဝေပါနှင့်။
  • သင့်စက်များ၏ အလိုအလျောက်အပ်ဒိတ်စနစ်များကို ဖွင့်ထားပြီး ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဖ်ဝဲများကိုလည်း အသေအချာ ထည့်သွင်းထားရန် လိုအပ်ပါသည်။
(iv) ဘဏ်ဝန်ထမ်း အယောင်ဆောင်၍ လိမ်လည်ခြင်း

တခြားသော အဖြစ်များသည့် ဘဏ်လိမ်လည်မှုမှာ မသမာသူမှ ဘဏ်ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်ပါသည်။ ထိုသူများသည် ဘဏ်လုပ်ငန်းစနစ်များအား အဆင့်မြှင့်တင်ရန်စသည့် အကြောင်းပြချက်မျိုးဖြင့် သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အတည်ပြုရန် လိုအပ်သည်ဟုဆိုကာ ဘဏ်ဝန်ထမ်းအယောင်ဆောင်၍ သင့်အား ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းဖြစ်သည်။ အမှန်တစ်ကယ်တွင် uab ဘဏ်အနေဖြင့် သုံးစွဲသူများ၏ ID, password နှင့် OTP များကဲ့သို့ လျို့ဝှက်အချက်အလက်များအား ရယူရန် ဘယ်သောအခါမျှ ဖုန်းခေါ်၍ တောင်းဆိုခြင်း ပြုလုပ်မည်မဟုတ်ပါ။ user ID, password, or OTP of any kind.

တစ်ချို့သော အခြေအနေများတွင် လိမ်လည်သူများအနေဖြင့် Social media တွင် အစစ်အမှန် အကောင့်များ၏ ပုံတူများအသုံးပြုကာ အယောင်ဆောင် အကောင့်များဖွင့်ထားတတ်ကြပါသည်။ ၎င်းတို့၏ အယောင်ဆောင် စာမျက်နှာတွင်လည်း မူရင်း အကောင့်မှ ထုတ်ကုန်နှင့် အချက်အလက်များကို ကူးယူ ဖော်ပြထားပြီး သုံးစွဲသူများအား အလွန်ပင်ရက်လျောသည့် လျော့စျေးများနှင့် ဝန်ဆောင်မှုများဖြင့် ဆွဲဆောင်လေ့ရှိတတ်ကြပါသည်။ သင့်အနေဖြင့် စိတ်ဝင်စားမှုရှိသည်ကို ထုတ်ဖော်ပြလိုက်သည်နှင့် တစ်ပြိုင်နက် လိမ်လည်သူများမှ လက်တွေ့တွင် သင်မည်သည့်အခါမှ လက်ခံရရှိမည်မဟုတ်သော မက်လုံးများဖြင့် ဆွဲဆောင်၍ သင့်ကို ကြိုတင်ငွေလွှဲခိုင်းရန် အားထုတ်ပါလိမ့်မည်။

ဒါဆို ဘာလုပ်သင့်လဲ?

  • တရားဝင် ဝက်ဆိုဒ်မှတဆင့် မည်သူ မည်ဝါခွဲခြား၍ မရသော လုပ်ငန်းများနှင့် ကုန်သွယ်ခြင်း၊ အလွှဲအပြောင်းများပြုလုပ်ခြင်း (သို့) သင် မသိသောသူများနှင့် ငွေကြေးလွှဲပြောင်းခြင်းများအား မပြုလုပ်ပါနှင့်။ 
  • စာတို မက်ဆေ့ချ် အနေဖြင့်ပေးပို့လာသော တစ်ခါသုံး လျို့ဝှက်ကုဒ် (OTP) များအား မည်သူ့ကိုမှ မျှဝေခြင်း မပြုပါနှင့်။ သင့်အကောင့်ကို ကိုယ်တိုင် ဝင်‌ရောက်ခြင်းမရှိပဲ ကျလာသော OTP သည် သင်၏ uab pay (သို့) တခြားသော account များကို အပြင်လူတယောက်ယောက်မှ ဝင်ရောက်ရန် ကြိုးစားနေခြင်းကြောင့် ပေးပို့လာခြင်းဖြစ်ပါသည်။
(v) အလုပ်အကိုင်ဗန်းပြ၍ လိမ်လည်မှုများ

ထိုသို့သော လိမ်လည်မှုများသည် မသမာသူများမှ အလုပ်ရှာဖွေသူများထံမှ ငွေကြေးခိုးယူရန်နှင့် လိမ်လည်ရရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များမှ တဆင့် ဘဏ္ဍာရေးအကောင့်များသို့ ဝင်ရောက်ရန် ကြိုးစားသည့် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ လိမ်လည်သူသည် ကြိုတင်ငွေရယူပြီး အလုပ်အကိုင်ဖန်တီးပေးမည်ဟူသော အာမခံချက်ဖြင့် ကြိုတင်ငွေလွှဲခိုင်းလေ့ရှိသကဲ့သို့ ကော်မရှင်ငွေကြေးပမာဏများများပေးချေမှုကို သင့်ထံသို့ ကော်မရှင်လွှဲပြောင်းနိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် သင်၏ဘဏ်အကောင့်အချက်အလက်များကိုလည်း တောင်းဆိုတတ်ကြပါသည်။ အလုပ်အကိုင်ဗန်းပြ၍ လိမ်လည်မှုများသည် ရံဖန်ရံခါ အီးမေးလ်များမှတစ်ဆင့် ရောက်လာတတ်သလို ဖုန်းနှင့် စာတိုများမှတစ်ဆင့်လည်း လိမ်လည်လေ့ရှိကြပါသည်။

ဒါဆို ဘာလုပ်သင့်လဲ?

  • ကုမ္ပဏီဝက်ပ်ဆိုက်သို့ တိုက်ရိုက်သွားပြီး ၎င်းကုမ္ပဏီ အမှန်တစ်ကယ်တည်ရှိမှု ရှိမရှိကိုစစ်ဆေးပါ။ 
  • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပြီး အခြေအမြစ်မရှိသောသူများထံ ငွေ လွှဲပြောင်းခြင်းများ မပြုလုပ်ပါနှင့်။
(vi) ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှု

ရင်းနှီးမြုပ်နှံမှုဆိုင်ရာလိမ်လည်ခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်မှ သင့်အား ရင်းနှီးမြုပ်နှံရန်အတွက် ငွေကြေးအနည်းငယ်ကို ၎င်းတို့အား လွှဲပြီးသည်နှင့် တစ်ပြိုင်နက် သာမာန်ထက် ပိုမိုများပြားသော အမြတ်ရရှိနိုင်သည့် အခွင့်အရေးရရှိနိုင်မည်ဟုသိမ်းသွင်း ကမ်းလှမ်းကာ လိမ်လည်ခြင်းတစ်မျိုးဖြစ်သည်။

ယခုကဲ့သို့ လိမ်လည်ရာတွင် သင့်အား ထီပေါက်သည် (သို့) အခြား အထူးအခွင့်အရေးတစ်မျိုးမျိုးကို အရယူရန် ထိုက်တန်သည် အစရှိသဖြင့် မက်လုံးများပြ၍ ဖုန်းခေါ်ဆိုခြင်း (သို့) စာတို မဆေ့ချ် (သို့) အီးမေးလ်ဖြင့် ပေးပို့ခြင်းတို့လည်း ပါဝင်ပါသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲသူများ၏ uab pay password နှင့် OTP များကိုခိုးယူနိုင်ရန်ဖြစ်ပြီး သင်သည် ထိုအထူးအခွင့်အရေးများအား လက်ခံဖို့ရာ အရည်အချင်း ပြည့်မှီခြင်း ရှိ/ မရှိအား အတည်ပြုနိုင်ရန်ဖြစ်သည်ဟု ပြောဆိုကာ လိမ်လည်ခြင်းဖြစ်သည်။ အထူး သတိပြုရမည်မှာ uabဘဏ်မှ သင်၏ uab pay password နှင့် OTP များကို လုံးဝ တောင်းဆိုလိမ့်မည်မဟုတ်ဘဲ အကယ်၍ ထိုအချက်အလက်များအား မေးမြန်းစုံစမ်းခြင်း ခံရပါက လိမ်လည်မှုဖြစ်‌ကြောင်း သိရှိရပါမည်။ 

၎င်း လိမ်လည်သူများသည် သင့်အား လုံလောက်သည့် စဉ်းစားဆင်ခြင်မှုမရှိဘဲ ဆုံးဖြတ်ချက် လျင်မြန်စွာ ချစေရန် ဖိအားပေးနိုင်ပါသည်။ ထိုသို့ ဖိအားပေးရာတွင် အချိန်အကန့်အသတ်ရှိသော ကမ်းလှမ်းချက်၊ ဆုကြေး (သို့) လျော့စျေး များအား အရယူနိုင်ရန် အချိန်မှီစာရင်းသွင်းရန်လိုအပ်သည်ဟု ပြောဆို၍ သေချာစဥ်းစားချိန်မပေးခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အချိန်တိုအတွင်း အကျိုးအမြတ်များသည့် အခွင့်အရေးများဟုဆိုပါက သင်၏ အကောင့် လုံခြုံရေးအတွက် သတိကြီးစွာ ထားရမည်ဖြစ်ပါသည်။ 

သင်၏ uab pay account နှင့် တခြားသော account များသို့ ထိုမသမာသူများ ဝင်‌ရောက်ခွင့်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် သင့် ငွေများကို တစ်မဟုတ်ခြင်း ထုတ်ယူသွားလိမ့်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် သင်၏ နေ့စဉ် ဘဏ်အသွင်းအထုတ် လုပ်ဆောင်ချက်များအတွက် ဘဏ်မှ ပေးပို့သော အသိပေးအကြောင်းကြားချက်များအား သေချာစွာ ဂရုပြုမိခြင်းမရှိပါက လိမ်လည်ခြင်းခံရသည်ကိုပင် အချိန်နှင့် တပြေးညီ သိရှိနိုင်မည်မဟုတ်ပါ။

ဒါဆို ဘာလုပ်သင့်လဲ?

  • သာမန်ထက်ပိုသော အကျိုးအမြတ်များလွန်းသည့် ကမ်းလှမ်းချက်များပေးပြီး ၎င်းအခွင့်အရေးအား အမြန်ဆုံးရယူရန် ဖိအားပေးခြင်းခံရသည့်အခါ သတိရှိရန်လိုအပ်ပါသည်။ 
  • နေ့စဉ်‌ ငွေသွင်း ငွေထုတ်များ စာရင်းများအား အမြဲစစ်ဆေးပါ။ သို့မှသာ ပုံမှန်မဟုတ်သော ငွေအလွှဲအပြောင်းများအား အချိန်နှင့် တစ်ပြေးညီ သတိထားမိနိုင်ပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုများအား လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ 
  • ကိုယ်ရေး ကိုယ်တာ အချက်အလက်များအား မျှဝေခြင်းမပြုပါနှင့်။ ငွေကြေးလိမ်လည်သူများသည် သင့် အချက်အလက်အမှန်များဖြင့် သင့် ဘဝ၏ ထောင့်ပေါင်းစုံအား ဝင်ရောက်စွက်ဖက်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ ထောင့်ပေါင်းစုံဟုဆိုရာတွင် ငွေကြေး နှင့် တခြားသောအကောင့်များ သာမက သင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်များအား ခိုးယူခံရခြင်းများလည်း ပါဝင်နိုင်ပါသည်။

သင့်အနေဖြင့် သင့် ဘဏ် အကောင့်အား ခိုးယူခံရသည် (သို့) လိမ်လည်မှုတစ်ခု၏ နစ်နာသူ ဖြစ်သည်ဟု သတိထားမိပါက uab contact center ၀၉ ၉ ၄၀၀၀ ၅၀၀၀ သို့ ခေါ်ဆိုဆက်သွယ်နိုင်ပြီး အကူအညီ ချက်ချင်းရယူနိုင်ပါသည်။