ဧပြီလရဲ့ ရွှေရောင်လွှမ်းတဲ့ အလင်းတန်းများ…။
ရွှေဝါရောင် ဖူးပွင့်နေတဲ့ ပိတောက်ပန်းများ…။
ရေပက်ကစားသံ၊ တေးဂီတသံစဉ်များနဲ့ ပျော်ရွှင်စွာ ရယ်မောသံများ…။
ကြားလိုက်တာနဲ့ မြန်မာနှစ်သစ်ကူးရဲ့ ပျော်ရွှင်ကြည်နူးမှုကို ချက်ချင်းပြန်လည်ခံစားရစေမယ့် သင်္ကြန်တေးသီချင်းများ…။
ဒီနှစ်ရဲ့ သင်္ကြန်လက်ဆောင် (Gift Set) လေးဟာ သာမာန်ထုပ်ပိုးမှုတစ်ခုနဲ့ စတင်ထားတာမဟုတ်ဘဲ… အဖိုးတန်တဲ့ “အမှတ်တရ” တွေနဲ့ ဖန်တီးထားပါတယ်။
uab iconography ရွှေရောင် Metal အဆောင်အယောင်လေးများကလည်း အလှဆင်ရန် သက်သက်မဟုတ်ဘဲ အဆင့်အတန်းတစ်ခုကို ဖော်ဆောင်တဲ့ အမှတ်တရလက်ဆောင် (Souvenir) အဖြစ် ထာဝရ သိမ်းဆည်းထားနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
လက်ဝတ်ရတနာတစ်ခုကဲ့သို့ အနုစိတ်ထွင်းထုထားတဲ့ Metal piece လေးများကို ရင်ထိုး (Brooch)၊ ဆွဲကြိုး (Pendant) သို့မဟုတ် တန်ဖိုးကြီးအိတ်များတွင် ချိတ်ဆွဲတဲ့ Bag Charms များအဖြစ် စတိုင်ကျကျ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
ဒါဟာ သင်္ကြန်ရဲ့ အနှစ်သာရကို တစ်ခဏတာမဟုတ်ဘဲ အချိန်အတော်ကြာ တန်ဖိုးထားရမည့် Exclusive Gift တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်ပါတယ်။
လက်ဆောင်တစ်ခုထက် ပိုသော…
“ရိုးရာအစဉ်အလာမှသည် ခေတ်မီဆန်းသစ်သော အပြောင်းအလဲများဆီသို့…”
ရှေးမူမပျက် ရိုးရာအစဉ်အလာကို ခေတ်မီဆန်းသစ်သော ထုတ်ပိုးပြင်ဆင်မှုတို့ဖြင့် အသစ်တစ်ဖန် ပုံဖော်ထားပါတယ်။
ယခုနှစ် သင်္ကြန်အခါသမယမှာ… စစ်မှန်သော ခံစားမှုအသစ်ကို ပြန်လည်ရှာဖွေလိုက်ပါ။