update news

သန်လျင်ဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်း

ရန်ကုန်၊ ၂၅ ရက် ဧပြီလ ၂၀၂၂ ခုနှစ် - သန်လျင်ဘဏ်ခွဲကို ၂၀၂၂ခုနှစ်၊ ဧပြီလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း uab ဘဏ်မှ ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။သန်လျင်မြို့သည် မြန်မာနိုင်ငံ၏အဓိက ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး နိုင်ငံခြားသင်္ဘောများ Import နှင့် Export လုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် အကြီးဆုံး ဆိပ်ကမ်းမြို့တော်ဖြစ်ပါသည်။ ပဲခူးမြစ်တဖက်ကမ်း ရန်ကုန်မြို့လယ်နှင့် အနီးနားတွင်တည်ရှိသည့်သန်လျင်ဘဏ်ခွဲ၏ လိပ်စာနှင့်တည်နေရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သန်လျင်ဘဏ်ခွဲ၏လိပ်စာနှင့်တည်နေရာ - အမှတ်(၁၂၉)၊ ဗိုလ်ချုပ် နေဝင်းလမ်း၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။

ဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်းဖြင့် ဘဏ်ဝန်ဆောင်မှုကို စဉ်ဆက်မပြတ် တိုးချဲ့ပေးအပ်သွားနိုင်ရန် ကြိုးစားလျက်ရှိပြီး နိုင်ငံတွင်းဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာရရှိနိုင်မည်ဖြစ်ပါသည်။

#uabbank #Thanlyin #NewBranchOpening