The Money Hunt

uab bank မှ ကြီးမှူးကျင်းပသော SME competition program (The Money Hunt)

မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် ရည်ရွယ်၍ uab bank မှ ကြီးမှူး၍ SME competition program (The Money Hunt) ပြိုင်ပွဲကျင်းပမည်ဖြစ်ပါ၍ SMEလုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အစီအစဥ်၏ ရည်ရွယ်ချက်မှာ စီးပွားရေး စွမ်းဆောင်မှုဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ အနာဂတ်စီးပွားရေး စွမ်းဆောင်ရှင်များကိုမွေးထုတ်ပေးရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုကို အားပေးရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့် SME လုပ်ငန်းရှင်မဆို မိမိတို့လုပ်ငန်းပိုမိုတိုးချဲ့နိုင်ရန်လိုအပ်သောရင်းနှီးမြှပ်နှံငွေ အတွက် uab bank နှင့် လက်တွဲနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

မြန်မာတစ်ပြည်လုံးရှိ လုပ်ငန်းရှင် ၁၄ ဦး ကိုရွေးချယ်မည်ဖြစ်ပြီး ပြိုင်ပွဲ၀င်လုပ်ငန်းရှင်အနေဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိသွားမည်ဖြစ်ပါသည်။

ဆုတံဆိပ်များ

ပထမဆု သိန်း (၃၀၀) (seeds funding) နှင့် အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိ
ဒုတိယဆု အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိ
တတိယဆု အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိ

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အောင်မြင်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ အကဲဖြတ် အမှတ်ပေးရွေးချယ်၍ စီးပွားရေး ဆိုင်ရာ အကြံဉာဏ်ကောင်းများပေးသွားမည် ဖြစ်ပါသည်။

ယှဥ်ပြိုင်ရမည့် Challenges များ

  • ဒိုင်များကို မိမိလုပ်ငန်း၏ ရှယ်ယာ ၂၀% ခန့်ကို မြုပ်နှံလိုလာသည်အထိ စွဲဆောင်ခြင်း
  • အရောင်းနှင့်စျေးကွက်ရှာဖွေရေး၊ လုပ်ငန်းနှင့် ပတ်သတ်သော ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးစိန်ခေါ်မှု
  • ကုန်ပစ္စည်းနည်းဗျူဟာနှင့်စျေးကွက်လေ့လာဆန်းစစ်ခြင်း စိန်ခေါ်မှု
  • ကိုယ်ပိုင်စီးပွားရေး အစီအစဥ်များ နောက်ဆုံးယှဥ်ပြိုင်ရွေးချယ်မှု

မည်သူတွေပါ၀င်ယှဥ်ပြိုင်နိုင်သလဲ?

  • လုပ်ငန်းလိုင်စင်ရှိသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံ အသေးစား အလတ်စား တိုးတက်ရေး ဥပဒေနှင့် ကိုက်ညီသော မည်သည့် နယ်ပယ်မှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ မည်သူမဆို ၀င်ရောက်ယှဥ်ပြိုင်နိုင်ပါသည်။

ဘယ်လိုလျှောက်ထားမလဲ?

ပါ၀င်သူများသည် အွန်လိုင်းမှ လျှောက်ထားခြင်း (သို့) မိမိလုပ်ငန်းချဲ့ထွင်မည့် အစီအစဥ်နှင့် လုပ်ငန်းမိတ်ဆက် ဗီဒီယိုတင်သွင်းခြင်း (သို့) မြန်မာနိုင်ငံတွင်းရှိ uab ဘဏ်ခွဲများမှတဆင့် လိုအပ်သော စာရွက်စာတမ်းများ နှင့် ဖြည့်စွက် လျှောက်ထားရပါမည်။ ပြိုင်ပွဲဝင်ရန် စိတ်ဝင်စားသေ ာစီးပွားရေးလုပ်ငန်းများ/ကုမ္ပဏီများသည် လျှောက်လွှာပုံစံကို အောက်ပါလင့်ခ်တွင် ဒေါင်းလုတ်ချရယူနိုင်ပါသည် - 

လျှောက်လွှာများ စတင်လက်ခံမည့်အချိန် - ၃.၁.၂၀၂၁

လျှောက်လွှာများ နောက်ဆုံးလက်ခံမည့်အချိန် - ၁၇.၁.၂၀၂၁

လျှောက်လွှာနှင့် အတူ တင်ပြရန် စာရွက်စာတမ်းများ

  • လုပ်ငန်းနှင့်ပတ်သတ်၍
      က) လုပ်ငန်းလိုင်စင်မိတ္တူ
      ခ) ကုမ္ပဏီဖြစ်ပါက
        • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
        • DICA Extract
    • ဂ) လုပ်ငန်းနှင့် ပတ်သတ်သည့် ဓာတ်ပုံ၊ ဗီဒီယိုများ
    • ဃ) အခွန်‌ပြေစာအနည်းဆုံး ၁ နှစ်စာ
  •  လျှောက်ထားသူများနဲ့ ပတ်သတ်၍
      က) မှတ်ပုံတင်မိတ္တူ
    • ခ) သန်းခေါင်စာရင်းမိတ္တူ
  •     ဂ) ရပ်ကွက်ထောက်ခံစာ
  • စီးပွားရေးအစီအစဉ်နှင့်ချဲ့ထွင်မှုအစီအစဉ်
  • ဆုလက်ခံရရှိပြီးနောက် ၆ လ အကြာတွင် Performance Report တင်ပြပေးမည်ဖြစ်ကြောင်း ကတိ၀န်ခံချက်
    အွန်လိုင်းမှတဆင့် တင်သွင်းလိုပါက လျှောက်လွှာနှင့် စာရွက်စာတမ်းများကို [email protected] သို့ပေးပို့နိုင်ပါသည်။ [email protected].
    ပြိုင်ပွဲနှင့် ပတ်သတ်သည့် အသေးစိတ်အချက်သိရှိလိုသည်များကို ၀၉၉၈၅၄၆၆၅၆၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မိမိလုပ်ငန်းချဲ့ထွင်မည့် အစီအစဥ်နှင့် လုပ်ငန်းမိတ်ဆက် ဗီဒီယိုတင်သွင်းခြင်းဖိုင်ကိုလည်း viber ဖြင့် ယခု ဖုန်းနံပါတ်သို့ ပေးပို့နိုင်ပါသည်။ 09 985466560.

The Money Hunt

"The Message from Guest Judges"

Mr Aung Chit Khin​
President
Strategy First University

Mr Soe Hein
Founder, SME Business Institute
Board of Advisor, AEA

Mrs Aye Hnin Swe
CEO
Mango Media Group

Mr Mu Mu Aye
Deputy Director
Head of SME Department, Yangon Region

Ko Myo Min
Founder – PS Business School
Corporate Trainer – EnervonC