CompaniesTrade Finances & International Remittances / ကုန်သွယ်ရေးချေးငွေ

ကုန်သွယ်ရေးချေးငွေ

ကျွန်ပ်တို့အနေဖြင့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်းများ နှင့် ကုန်သွယ်ရေးဆိုင်ရာဘဏ္ဌာရေး လုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းမှ နာမည်ကောင်းသတင်းဖြင့် ကျော်ကြားသော ဘဏ်များနှင့် ခိုင်မာစွာချိတ်ဆက်လုပ်ကိုင်လျှက်ရှိပါသည်။ ပြင်ဆင် ပြောင်းလဲနိုင်သော၊ ကာလတိုမှ ကာလလက်ရှိ သက်တမ်းများ၊ ပစ္စည်များဌားရမ်းပေးခြင်း၊ နှင့် အထူးကုန်စည်များ တင်သွင်းခြင်းတင်ပို့ခြင်းလုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းလုပ်နိုင်ရန် ချိတ်ဆက်ပေးခြင်း စသည့်တို့ကို ကျွန်ပ်တို့၏ customer များအတွက် uab မှ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ တင်သွင်းခြင်းနှင့်တင်ပို့ခြင်းလုပ်ငန်းများဆိုင်ရာ လူကြီးမင်း၏အတွေ့ အကြုံနှင့် ချေးဌားသူအားချေးငွေဆိုင်ရာအန္တရာယ်ရှိမှု အခြားသောအကဲဖြတ်ခြင်းရလဒ်များအပေါ် မှုတည်၍ အပေါင်ပစ္စည်း အာမခံလိုအပ်ချက်ကို ဆုံးဖြတ်ပါသည်။

ပုံမှန်အားဖြင့် ငွေချေးစာချုပ် Letter of Credit ထုတ်ပေးခြင်း သို့မဟုတ် ကုန်ပစ္စည်းများအားငွေပေးချေရန်အတွက် SWIFTမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရန်ပုံငွေလွှဲပြောင်းခြင်း တို့ပြုလုပ်ခြင်းဖြင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ငွေလွှဲခြင်းကိုစတင်သည်။ အဆိုပါဝန်ဆောင်မှုများကို uab ၏ကုန်သွယ်ရေးစင်တာမှတဆင့် လုပ်ဆောင် ပေးလျှက် ရှိပါသည်။

ကုန်သွယ်မှုဆိုင်ရာချေးငွေကို နောက်ပိုင်းတွင်စနစ်တကျဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာရွေးချယ်စရာများ အမျိုးမျိုးကို ရွေးချယ်သွားနိုင်ရန် လူကြီးမင်းတို့အတွက် uab မှ ကြိုးပမ်းလျှက်ရှိပါသည်။