သတင်းထုတ်ပြန်ချက်

မြန်မာမိသားစုဝင်များအတွက် ငွေကြေးပိုင်းဆိုင်ရာ ရေရှည်စိတ်ချလုံခြုံမှုပေးနိုင်ရန် Manulife Myanmar နှင့် uab ဘဏ်တို့ လက်တွဲပူးပေါင်း

ရန်ကုန်၊ မြန်မာ ။ ။ Manulife Myanmar နှင့် uab ဘဏ်တို့က မြန်မာနိုင်ငံမှ မိသားစုများစွာအတွက် ပိုမိုကောင်းမွန်သည့် ငွေကြေး ဆိုင်ရာဆုံးဖြတ်ချက်များချမှတ်နိုင်ရန်၊ မိသားစုဝင်များနှင့် ကိုယ်ပိုင်ဘဝများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အပြင် ကလေးများ၏ ပညာရေးအတွက် စီမံထားရှိမှုများလုပ်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပူးတွဲမိတ်ဖက်များအဖြစ် လက်တွဲလုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရေးထိုးခဲ့သည့် သဘောတူညီချက်နားလည်မှုစာချွန်လွှာ (MoU) အပေါ်မူတည်၍ uab ဘဏ်၏ ဝန်ဆောင်မှုအသုံးပြုသူများအနေနင့် Manulife အသက်အာမခံပေါ်လစီများကို မြန်မာနိုင်ငံအနှံ့အပြားရှိ uab ဘဏ်ခွဲတိုင်း တွင် ဝယ်ယူနိုင်မည်ဖြစ်သည့်အပြင် uab ဘဏ်ရှိ ငွေကြေးဆိုင်ရာကျွမ်းကျင်အကြံပေးပုဂ္ဂိုလ်များ၏ အကြံပေးချက်များကိုလည်း ရယူ နိုင်မည်ဖြစ်သည်။ ငွေပေးချေခြင်းများပြုလုပ်ရာတွင်လည်း uab ဘဏ်၏ အဆင့်မြင့်ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုစနစ်များဖြစ်သော အွန်လိုင်းငွေပေးချေစနစ်များကို အသုံးပြုခြင်းဖြင့် အာမခံဝယ်ယူသူများ၏ အနာဂတ်ငွေကြေးအတွက် ကောင်းမွန်သည့် လုံခြုံစိတ်ချမှု များ ရရှိစေမည်ဖြစ်သည်။ အဆိုပါ နှစ်ဦးနှစ်ဖက်လက်တွဲပူးပေါင်းမှုမှာ Manulife ၏ အာမခံချက်များဖြစ်သော မြန်မာနိုင်ငံသားများ အတွက် ပိုမိုကောင်းမွန်သည့် အာမခံနှင့်ငွေကြေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်ဟူသော ကတိကဝတ်အပြင် ၎င်းတို့အတွက် ပိုကောင်းသည့် နေ့ရက်များပိုင်ဆိုင်ရရှိလာစေရန်လည်း ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

Manulife Myanmar ၏ Chief Executive Officer နှင့် General Manager ဖြစ်သူ Mr. Robert Elliott က “ကျွန်တော်တို့ Manulife နဲ့ uab ဘဏ်ဟာဆိုရင် မြန်မာနိုင်ငံက မိသားစုဝင်တွေအတွက် သူတို့ရဲ့ဘဝတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ အကောင်းဆုံးကူညီသွားကြမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီဖြစ်ပါတယ်” ဟု ပြောကြားသည်။ “အခုလို မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် မြန်မာနိုင်ငံရဲ့ အာမခံစျေးကွက်အတွင်းမှာ လူတိုင်းနဲ့ကိုက်ညီစေဖို့ ဖန်တီး လုပ်ဆောင်ထားတဲ့ ကမ္ဘာ့အဆင့်မီ အာမခံအမျိုးအစားတွေနဲ့ ဝန်ဆောင်မှုတွေကို ချဲ့ထွင်မိတ်ဆက်ပေးနိုင်မှာဖြစ်သလို ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုကဏ္ဍအတွက်လည်း အရှိန်အဟုန်မြင့်လာစေဖို့ လုပ်ဆောင်နိုင်တာလည်း ဖြစ်ပါတယ်။ အခုလို uab ဘဏ်နဲ့အတူ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ မြန်မာ့ငွေကြေးဆိုင်ရာအခြေခံအဆောက်အအုံ တိုးတက်ကြီးထွားရေးကို အတူ လက်တွဲအထောက်အကူပြုနိုင်တဲ့အတွက် Manulife အနေနဲ့ အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။”

uab ဘဏ်၏ Managing Director နှင့် Chief Executive Officer ဖြစ်သူ Mr. Christopher Loh က “ကမ္ဘာမှာ အကြီးဆုံးနဲ့ ထိပ်ဆုံးကနေဦးဆောင်နေပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေ အများကြီးကို ယခင် ၁၉၀၃ ခုနှစ်ကတည်းက ထားရှိခဲ့တဲ့ အသက်အာမခံကုမ္ပဏီ Manulife နဲ့ အတူ မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်ရတဲ့အပေါ် ကျွန်တော်တို့ အနေနဲ့ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ Manulife နဲ့ uab ဘဏ်တို့ အတူတူပူးပေါင်းဆောင်ရွက်ခြင်းကနေ အသက်အာမခံနဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ အများကြီးတိုးတက်လာပြီး အဲ့ဒီကနေမှတဆင့် မြန်မာနိုင်ငံသားတွေရဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုတွေကို အထောက်အကူပြုနိုင်မှာဖြစ်သလို ငွေကြေးအရအကာအကွယ်တွေနဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ ဘဝတွေ တိုးတက်လာစေဖို့ကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။“ ဟု ပြောကြားသည်။

Manulife မှာ မြန်မာနိုင်ငံအာမခံစျေးကွက်အတွင်း နိုင်ငံခြားသားပိုင်အသက်အာမခံကုမ္ပဏီအဖြစ်ဆောင်ရွက်နိုင်ရန် လိုင်စင်ကို ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာမိသားစုဝင်များ၏ လိုအပ်ချက်နှင့် ကိုက်ညီစီလျော်မှုရှိမည့် အသက်အာမခံနှစ်ခုကို လက်ရှိတွင် အာမခံစျေးကွက်အတွင်း ရောင်းချလျက်ရှိပြီး အဆိုပါအာမခံများဝယ်ယူရုံဖြင့် COVID-19 ကာလ အတွက် ထပ်တိုးအကျိုးခံစားခွင့်များရရှိစေရန် အထူးအစီအစဥ်အနေနှင့်ထည့်သွင်းပေးထားသည်။

အသေးစိတ်သိရှိလိုပါက အာမခံအမျိုးအစားများ | အသက်အာမခံ (manulife.com.mm) သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထားလုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။

Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။.

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြု ချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၁၉ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ နေ့အထိ $1.3 ထရီလျံ (US$943 ဘီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးခန့်ခွဲရေး လက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် $3.12 ဘီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ 

ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။ 

uab bank အကြောင်း

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကိုဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်းစည်းကမ်းများနှင့် နည်းစနစ်တို့အကြား မြန်မာ့ ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်းတို့သည် uab bank အား ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ‘Best Bank for Corporate Governance Myanmar’ အဖြစ် Global Banking & Finance မှလည်းကောင်း၊ ‘Mid-sized Domestic Retail Bank of the Year’ အဖြစ် Asian Banking & Finance မှလည်းကောင်း၊ Corporate Governance Disclosure တွင် နံပါတ် (၁) ဖြင့် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာ မှလည်းကောင်း အသီးသီး သတ်မှတ်ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။

မီဒီယာတာဝန်ခံ                                              

သုတလင်း
Manulife Myanmar
(95) 09 778 880 770
[email protected]