media release

uab bank သည် Euromoney မှချီးမြှင့်သည့် “Best Bank in Myanmar” ဆုကို သုံးကြိမ်ဆက်တိုက်ဆွတ်ခူးရရှိ

ရန်ကုန်၊ ၁၃ ရက်၊ ဇူလိုင်လ၊ ၂၀၂၂ ခုနှစ် - uab bank သည် Euromoney မှချီးမြှင့်သော “Myanmar’s Best Bank” ဆုကိုထပ်မံရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ အကောင်းဆုံးဘဏ်များထဲမှ တစ်ခုဖြစ်ကြောင်း ဘဏ်၏ ရပ်တည်မှုကိုခိုင်မာစွာ သက်သေပြနိုင်ခဲ့ပါသည်။

လန်ဒန်မြို့တွင်ကျင်းပပြုလုပ်သော Euromoney’s Awards for Excellence အခမ်းအနားတွင် uab bank အနေဖြင့် ကိုဗစ် (၁၉) ကပ်ရောဂါ နှင့် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများရှိနေသော်လည်း ကောင်းမွန်သော ရလဒ်များကိုပြသနိုင်ခဲ့သည့် uab bank ၏ စွမ်းဆောင်မှုများကို အထူးမီးမောင်းထိုး ပြောကြားသွားခဲ့ပါသည်။ အခြေအနေအတက်အကျများကြားမှ uab bank သည် ကုန်ကျမှုလျှော့ချကာ ထိရောက်စွာစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဝင်ငွေ နှင့် ကုန်ကျမှု အချိုး အနည်းဆုံးဘဏ်များထဲမှ တစ်ခုအဖြစ်ရပ်တည်လျက်ရှိကြောင်း Euromoney မှ မှတ်ချက်ပေးခဲ့ပါသည်။

uab bank ၏ CEO ဖြစ်သူ Christopher Loh မှ ၁၃ ရက်နေ့ ဇူလိုင်လ ၂၀၂၂ ခုနှစ် လန်ဒန်မြို့တွင် ကျင်းပပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် “အခုဆိုရင် ဒီဆုကိုရရှိခဲ့တာ (၃) နှစ်မြောက် ရှိပြီဖြစ်တာမို့လို့ အရမ်းကိုဝမ်းသာပီတိဖြစ်ရပါတယ်။ Euromoney ကပေးတဲ့ ဆုဟာ ကျွန်တော်တို့ ဘဏ်ရဲ့ မဟာဗျူဟာနဲ့ ရေရှည်စွမ်းဆောင်နိုင်မှုတို့အတွက် စိတ်ချယုံကြည်မှုပိုမိုရရှိစေပါတယ်။” ဟုပြောကြားခဲ့ပါသည်။

“၂၀၁၇ ကစလို့ ကျွန်တော်တို့ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အချိန်ကစပြီး နိုင်ငံတွင်းနဲ့ နိုင်ငံတကာ စျေးကွက်တွေမှာ ရှိနေတဲ့ စိန်ခေါ်မှုဒဏ်တွေကြားမှာ တစ်နှစ် ထက် တစ်နှစ် တစ်သမတ်တည်းတိုးတက်မှုနဲ့ အမြတ်တွေရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာလည်း စီးပွားရေးပိုင်းဆိုင်ရာနဲ့ စည်းမျဥ်းစည်းကမ်းပြောင်းလဲမှုများအတွက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းကိုပြသနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအတွက် အောင်မြင်စွာ ဦးဆောင်နေလျက်ရှိပါတယ်။ အနာဂတ်မှာဆိုရင် မြန်ဆန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပြီး ခိုင်ခိုင်မာမာနဲ့ ယုံကြည်ရတဲ့ brand တွေပဲရှင်သန်ကျန်ကြမှာပါ။ uab bank ဟာလည်း ဒီလို brand ပဲဖြစ်လာမှာပါ။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ဆုကို ဘဏ်၏ (၁၃) နှစ်ပြည့်အထိမ်းအမှတ်၌ ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပြီး ဘဏ်သည် သြဂုတ်လ ၂၀၂၂ ခုနှစ် တွင် လူ့အဖွဲ့အစည်းရှိ အကူအညီလိုအပ်လျက်ရှိသော ဆင်းရဲနွမ်းပါးသူများအတွက် ဆန်လှူဒါန်းမှုကမ်ပိန်းကို မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ဘဏ်ခွဲအားလုံး၌ ပြုလုပ်သွားမည့်အစီအစဥ်ကို ကြေညာခဲ့ပါသည်။

Reference Link

uab bank အကြောင်း

uab bank သည် မြန်မာ့ဘဏ်လုပ်ငန်းတွင် ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိအမှတ်ပြုခံရခြင်း တို့သည် uab bank အား ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ တို့တွင် ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် “Best Retail Bank Myanmar” အဖြစ် Retail Banker International မှလည်းကောင်း၊ “Best Bank 2021 for Myanmar” အဖြစ် Global Finance မှလည်းကောင်းအသီးသီး ဆုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice” အဖြစ်လည်း အသိအမှတ် ပြုခြင်းခဲ့သည့်အပြင် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာတွင် နံပါတ် (၁) ဖြင့် လည်းသတ်မှတ်ခြင်းခံခဲ့ရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၉ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။

ပိုမိုသိရှိရန်အတွက် https://www.uab.com.mm/

For media enquiries, please contact:

Hsint @ +95 9 428206176 | [email protected]

May Phone @ +95 9 450038501 | [email protected]