Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

(၁၃) ကြိမ်မြောက် Annual General Meeting (AGM) အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အောင်မြင်စွာကျင်းပခဲ့ခြင်း

Annual General Meeting

uab bank ဟာ ကောင်းမွန်တဲ့ corporate governance ရဲ့ အရေးပါမှုကို သိရှိပြီး ပိုမို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့အပေါ် ကတိကဝတ်တစ်ခုအဖြစ် ယခုနှစ် AGM အား ကျင်းပနိုင်ခဲ့မှုသည် သက်သေဖြစ်ပါသည်။

AGM တွင် ဘဏ်၏ ပြီးခဲ့သည့်နှစ်များ၏ ဘဏ္ဍာရေးလုပ်ဆောင်ချက်များနှင့် မဟာဗျူဟာလုပ်ငန်းများအကြောင်း အကျဥ်းခြုံငုံသုံးသပ်ခဲ့ပါသည်။ စစ်ဆေးထားသည့် ဘဏ္ဍာရေးထုတ်ပြန်ချက်စစ်တမ်းအား external auditor မှလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျွန်တော်တို့၏ shareholder များနှင့် အခြားသော stakeholder များအား သိရှိလိုသည်များမေးမြန်းရန်၊ တုံ့ပြန်ချက်များနှင့် ထင်မြင်ချက်များကို ပွင့်လင်းစွာပြောကြားဆွေးနွေးနိုင်ရန်အတွက် AGM အားကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ board member များ၊ management နှင့် ဝန်ထမ်းများ၏ တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်မှုများနှင့် ကျွမ်းကျင်မှုများအပြင် customer များ၏ ယုံကြည်မှုများကြောင့်ဖြစ်ပေါ်လာခဲ့သော ဘဏ်၏ ကောင်းမွန်သောတိုးတက်မှုနှင့် အမြတ်ရမှုတို့သည် shareholder များ၏ စိတ်ကျေနပ်မှုကိုရရှိနိုင်စေခဲ့ပါသည်။

စစ်ဆေးထားသည့် ဘဏ္ဍာရေးထုတ်ပြန်ချက်စစ်တမ်းအား https://lnkd.in/gR-Q4XEq တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော ဘဏ္ဍာရေးဝန်ဆောင်မှုများပေးနိုင်ရန်ပိုမိုကြိုးစားအားထုတ်သွားမည်ဖြစ်ပါသည်။