Rebuild Myanmar: Mandalay Quake Relief
Latest Updates >

Press release

2022 Pwint Thit Sa Report - uab bank emerges top ranked

uab bank အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် ထုတ်‌‌‌‌‌‌‌‌‌‌ဝေသော ပွင့်သစ်စအစီရင်ခံစာ (Transparency in Myanmar Enterprises (TiME) Report) တွင် မြန်မာနိုင်ငံရှိ ဘဏ်များတွင် ပထမအဆင့်နေရာဖြင့် အဆင့်သတ်မှတ်ခြင်း ခံရသည့်အတွက် များစွာ ဂုဏ်ယူ၀မ်း‌မြောက် မိပါ‌ကြောင်း အသိပေး တင်ပြအပ်ပါသည်။ ၎င်းအစီရင်ခံစာတွင် ဘဏ်ပေါင်း (၃၁) ခုအား စီစစ်ခဲ့ပါသည်။

အစီရင်ခံစာအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး uab bank သည် မြန်မာနိုင်ငံရှိ ၂၇၁ ခုသော ကုမ္ပဏီများထဲတွင် ဒုတိယ‌အဆင့်‌နေရာ ရရှိခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ် အစီရင်ခံစာသည် ပွင့်သစ်စ/ မြန်မာ့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (Myanmar Center for Responsible Business) မှ ခုနှစ်ကြိမ်မြောက် ထုတ်ဝေခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပထမဦးဆုံး အစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။

Fotor 2023 3 6 10 30 37

အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော ကော်ပိုရိတ်အုပ်ချုပ်မှုအစီအစဉ်နှင့် ကိုက်ညီသော စံနှုန်းများကို အသုံးပြုထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ASEAN Corporate Governance Scorecard ကို အသုံးပြုထားပါသည်။

အစီရင်ခံစာနှင့် သက်ဆိုင်သော အသေးစိတ်ကို ဖတ်ရှုလိုပါက :
Pwint Thit Sa Bank List 1