update news

The Thingyan festival

သင်္ကြန်ကို နှစ်စဥ် များသောအားဖြင့် (၄) ရက်ကျင်းပလေ့ရှိကြပြီး (၅) ရက်မြောက်နေ့တွင် မြန်မာ့နှစ်သစ်ကူးနေ့ကို ကျင်းပလေ့ရှိကြပါတယ်။ အပူပြင်းတဲ့ အချိန်အခါမှာ အေးချမ်းတဲ့ ရေပက်ဖြန်းကစားတဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတွေအတွက် အရေးပါတဲ့ ပွဲတော်ဖြစ်ပါတယ်။
ကျွန်တော်တို့ uabian များဟာလည်း နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ လှူဒါန်းမှုများပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် customer များကိုလည်း သင်္ကြန်အစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပါတယ်။
အရင်နှစ်များကတော့ သင်္ကြန်ပိတ်ရက်ရှည်မတိုင်ခင်မှာ ဝန်ထမ်းများအချင်းချင်း စုပေါင်းပြီး မြန်မာမုန့်များကို ဌာနများမှ ဝေမျှကာ သင်္ကြန်ပွဲကိုကျင်းပခဲ့ကြပါတယ်။ အခုနှစ်မှာတော့ uabians တွေရဲ့ လုပ်အားဖြင့် လှူဒါန်းမှုအနေနဲ့ “စတုဒီသာ” ကိုကျွေးမွေးခဲ့ပါတယ်။
ဘဏ်ခွဲတွေအနေနဲ့လည်း customer များကို “မုန့်လုံးရေပေါ်” များဝေမျှခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုခဲ့ပါတယ်။
ဘဏ်ရဲ့ အခြားသော ဌာနများကလည်း ကိုယ်စီ ကိုယ်စီလှူဒါန်းမှုများပြုလုပ်ခဲ့ပါတယ်။ Finance ဌာနမှ ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် သင်္ကြန်လှူဒါန်းမှုပြုလုပ်ခဲ့ပါသေးတယ်။
သင်္ကြန်ပိတ်ရက်အတွင်းမှာ ဘဏ်ဝန်ဆောင်မှုလိုအပ်သူများကို အကူအညီပေးနိုင်ရန်လည်း အချို့သော ဘဏ်အချို့ကို ဖွင့်ထားလျှက်ရှိပြီး ငွေသားထုတ်ယူနိုင်သည့် ATM များကိုလည်း uab bank Facebook page မှာ ကြေညာခဲ့ပါတယ်။
ပျော်ရွှင်စရာ သင်္ကြန်အချိန်အခါဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။ အားလပ်ရက်မှာ ခရီးသွားကြသူများလည်း ပျော်ရွှင်သောခရီးလေးပိုင်ဆိုင်ကြပါစေ။