update news

uabians reached out to the children residing at Myo Set Thit Orphanage School

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ “*Be The Change Myanmar”* ရဲ့ program တစ်ခုအနေနဲ့ uabian များဟာ ထန်းတပင်မြို့နယ်ရှိ မျိုးဆက်သစ်မိဘမေတ္တာ ပရဟိတမိဘမဲ့ကျောင်းသို့ သွားရောက်ခဲ့ကြပါတယ်။
uab foundation မှ တစ်ရက်တာအာဟာရ၊ အရုပ်များ၊ မုန့်များ နှင့် ငွေသားကို ကလေးငယ်များအားထောက်ပံ့ရန်အတွက် လှူဒါန်းခဲ့ပါတယ်။ ပါဝင်ပြီး စေတနာ့ဝန်ထမ်းများအနေနဲ့ကူညီပေးကြသူများအနေဖြင့်လည်း ကလေးငယ်များ၏ ပျော်ရွှင်မှု၊ ပီတိနှင့် အပြုံးများကို မြင်တွေ့ကာ ဝမ်းသာခဲ့ကြရပါတယ်။
စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခြင်းဟာ “Be the Change Myanmar” program ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းများရဲ့ အကူအညီနှင့် organiser များရဲ့ ကြိုးစားအားထုတ်မှုများပေါင်းစည်းပြီး လှူဒါန်းမှုပြုလုပ်နိုင်ခဲ့လို့ ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါတယ်။
လှူဒါန်းမှုအမှတ်တရများကို အောက်က photo လေးတွေကတဆင့် ဝေမျှလိုက်ပါရစေ။