uab bank နှင့် MRCCI တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရဲ့ SMEနှင့် MSME လုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ပေးခြင်း နှင့် လက်တွေ့ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ပေးနိုင်ရန်၊ ဘဏ်နှင့်သက်ဆိုင်သောနည်းပညာများ နှင့် စီးပွားရေးနှင့်သက်ဆိုင်သောထောက်ကူပြုသင်တန်းများအား အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်တယ့် စာချွန်လွှာ ဖြစ်ပါတယ်။
MRCCI မှ ထောက်ခံပေးသောစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုလျင်မြန်ပြီး ကျိုးကြောင်းစီလျော်သော ချေးငွေများကို uab မှ သတ်မှတ်ထားသော စည်းမျဥ်းများနှင့်အညီစီစဉ် ဆောင်ရွက်ပေးနိုင်ရန် စတယ့် သဘောတူချက်များဖြင့် နှစ်ဦးနှစ်ဖက် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။