SP GEMS Badminton Junior Championships 2023

uab bank မှ Co-Sponsor အဖြစ် ဂုဏ်ယူစွာနဲ့ ပံ့ပိုးကူညီပေးထားတဲ့ SP GEMS Badminton Junior Championships 2023 uab bank ကနေ လူငယ်တွေရဲ့ အနာဂတ် တိုးတက်အောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးလိုတဲ့ ရည်ရွယ်ချက်နဲ့ SP GEMS Badminton Junior Championships 2023 (အငယ်တန်းချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ) မှာ Co-Sponsor အဖြစ် ပါဝင်ဖြစ်ခဲ့ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေနော်။
ကြက်တောင်အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်လူငယ် လက်ရွေးစင်ကစားသမားများ ထွက်ပေါ်လာနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ ဒီလို ပြိုင်ပွဲဖြစ်မြောက်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရပြီး လူငယ်အားကစားသမားတွေကို ကူညီပံ့ပိုးပေးခွင့်ရတဲ့အတွက် uab bank မှ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါသလို ထပ်မံ၍လည်း uab bank ကနေ လူငယ်တွေရဲ့ အနာဂတ် တိုးတက်အောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ဆက်လက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။