ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) နှင့် uab bank တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် uab bank တို့အတူတကွ ပူပေါင်းပြီး နားလည်မှုစာချွန်လွှာ လက်မှတ်‌ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ YUFL ဝန်းအတွင်းတည်ရှိသော ISH Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤနားလည်မှုစာချွန်လွှာအားဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ကျောင်းသားကျောင်းသူများအနေဖြင့် ပိုမိုလုံခြုံအဆင်ပြေချောမွေ့သော ဒစ်ဂျစ်တယ်ငွေပေးချေမှု (Digital Payment) ကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။
uabpay နှင့် ချိတ်ဆက်၍ ကျောင်းလခနှင့် အဆောင်လခများပေးသွင်းခြင်း၊ Co-Branded Debit ကတ် ဝန်ဆောင်မှုများအပြင် အခြားသောဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူစွာလုပ်ဆောင်နိုင်ရေး အစရှိသည့် ကိစ္စရပ်များအတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် uab bank မှ လက်တွဲပူပေါင်းသွားရန် ရည်ရွယ်၍ ဤနားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။