media release

Helping improve financial literacy in our local community

Financial Literacy ဆိုတာဟာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ငွေကို ဘယ်လိုလက်ခံရမလဲ၊ ဘယ်လိုပေးရမလဲ၊ အနာဂတ်အတွက် ဘယ်လို အစီအစဥ်ချမှတ်ရမလဲ ဆိုတာနဲ့ ဘယ်လို တိုးပွားအောင်လုပ်ရမလဲဆိုတာတွေကို သေချာဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် Financial Literacy ဟာအရေးပါပါတယ်။ အောက်တိုဘာ ၂၀၂၁ ခုနှစ်ကနေ မတ်လ ၂၀၂၂ ခုနှစ်အတွင်း uab ဘဏ်ခွဲတွေကနေ ကျေးရွာရှိပြည်သူတွေ Financial Literacy အကြောင်းပိုမိုနားလည်စေဖို့အတွက် သွားရောက်တွေ့ဆုံကာ ဗဟုသုတများကိုဝေမျှပေးခဲ့ပါတယ်။ သွားရောက်တွေ့ဆုံတဲ့အခါမှာ လူအများသိချင်တဲ့ savings နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာများ နှင့် မိသားစုဝင်တစ်ဦးဦးမှ နိုင်ငံခြားကနေ ပိုက်ဆံလွှဲလိုက်တဲ့အခါ ဘယ်လိုလက်ခံရမလဲဆိုတာတွေကို ရှင်းပြခဲ့ပါတယ်။ ဘဏ်တွေဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အခြေခံအချက်တွေကိုနားလည်အောင်ရှင်းပြခဲ့ခြင်းမှတစ်ဆင့် လူတွေရဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေကို uab bank မှ ကူညီပေးနိုင်ဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သိရှိနားလည်ခဲ့ပါတယ်။

ဒီလိုမျိုး လုပ်ဆောင်မှုတွေကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ uabian တွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။

#uabbank #FinancialLiteracy