update news

“တွဲကူတဲ့ လက်တစ်စုံ”

ရန်ကုန်၊ ၂၆ရက် မေလ ၂၀၂၂ ခုနှစ် - uab foundation သည် ကွန်ပြူတာ ၂၈ လုံးနှင့် fax machines ၂ လုံးတို့အား ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ကျောင်းများရှိကလေးများအတွက်ပိုမိုကောင်းမွန်သော ဘဝဖန်တီးပေးနိုင်ရန်အတွက် တစ်ထောင့်တစ်နေရာမှပါဝင်ကူညီပေးနိုင်ခဲ့ခြင်းအတွက် လွန်စွာဝမ်းမြောက်မိပါသည်။

ယခုလှူဒါန်းခြင်းအား Malaysia Myanmar Business Chamber မှကြီးမှူး၍ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းပါဝင်ကူညီခွင့်ရရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

#uabfoundation #uabbank #TogetherWeThrive