update news

ကျောက်တံတား (Sule Square) ဘဏ်ခွဲနေရာပြောင်းလဲဖွင့်လှစ်ခြင်း

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့မှစတင်၍ ကျောက်တံတား (ဆူးလေဘုရားလမ်း) ဘဏ်ခွဲအား ကျောက်တံတား (Sule Square) အမည်ဖြင့် နေရာပြောင်းလဲဖွင့်လှစ်ထားပြီဖြစ်ကြောင်းကြေညာအပ်ပါသည်။

ယခင်လိပ်စာ - အမှတ် (၁၈၄/၁၈၆)၊ ဆူးလေဘုရားလမ်း၊ (၁) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ယခုလိပ်စာ - အမှတ် (၂၂၁)၊ Sule Square၊ Level - 2၊ Unit # 02-01၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ပြောင်းရွှေ့လိုက်သည့်ဘဏ်ခွဲအသစ်၏ ခေတ်မီသော ပတ်ဝန်းကျင်တည်နေရာတွင် ပိုမိုကောင်းမွန်သောဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် မျှော်လင့်ပါသည်။

ကျွန်တော်တို့၏ ကျောက်တံတား (Sule Square) ဘဏ်ခွဲဝန်ထမ်းများမှလည်း ဝန်ဆောင်မှုပေးရန်အတွက် စောင့်ကြိုလျက်ရှိပါသည်။ 

အသေးစိတ်သိရှိလိုသည်များကို 0 99 4000 5000 (သို့မဟုတ်) uab bank ၏ Facebook Messenger မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။