update news

Rice Donation to celebrate 12th Anniversary of uab bank

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၄)ရက် မှာ ကျွန်တော်တို့ uab ဘဏ်ရဲ့ (၁၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ တဝှမ်းမှာရှိတဲ့ uab ဘဏ်ခွဲအားလုံးမှာ ဆန်လှူဒါန်းပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေအတွက် ဆန်တစ်စေ့ဟာ အလွန်တန်ဖိုးရှိပြီး မရှိမဖြစ်လိုအပ်တဲ့ အဓိကအစားအစာဖြစ်ပါတယ်။ ဆန်လှူဒါန်းပွဲမှာ uabians တွေဟာ ဆန်အိတ်တွေကိုအသင်းအဖွဲ့အလိုက် အတူတကွသယ်ပြီး လုပ်ငန်းခွင်အနီးမှာရှိတဲ့ လိုအပ်နေတဲ့သူတွေကိုမျှဝေပေးခဲ့ပါတယ်။ အတူတကွဒီလိုလှူဒါန်းရတာဟာ ကျွန်တော်တို့အတွက်တော့ စိတ်လှုပ်ရှားကောင်းပြီး အကျိုးသက်ရောက်မှုများတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ uab ဘဏ်အနေနဲ့ (၁၂)နှစ်ပြည့် မွေးနေ့ကျင်းပနေစဥ်အတွင်းမှာ ဆန်အိတ်ပေါင်း ၄၀,၀၀၀ ကျော်ကိုလှူဒါန်းသွားမှာဖြစ်ပါတယ်။ ဆန်လှူဒါန်းပွဲအတွက် အစားအသောက်ပစ္စည်းများနှင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြတဲ့ customer များနှင့် မိတ်ဖက်အပေါင်းတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။