media release

uab bank အား မြန်မာ့အကောင်းဆုံး Retail ဘဏ်အဖြစ် Retail Banker International မှ အသိအမှတ်ပြုခြင်း ခံရခြင်း

ရန်ကုန်၊ (၂၂) ရက်၊ ဇွန်လ၊ ၂၀၂၂ ခုနှစ် - uab bank သည် ၂၀၂၂ ခုနှစ်၏ မြန်မာ့အကောင်းဆုံး Retail ဘဏ် အဖြစ် Retail Banker International မှ စီစဥ် သော Asia Trailblazer Summit and Awards ဆုပေးပွဲတွင် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။

RBI Asia Trailblazer Awards သည် ယခုနှစ်တွင် ၁၃ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုပေးလျှက်ရှိသည့်လုပ်ငန်းအုပ်စုမှ ထူးချွန်သော၊ ဆန်းသစ်တီထွင်မှုရှိသော အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်တကွ ဒေသတွင်း အစပျိုးလုပ်ဆောင်မှုများကို မီးမောင်းထိုးပြနေသော ဆုပေးပွဲအခမ်းအနားတစ်ခုဖြစ်ပါသည်။ ဆုကိုရရှိခဲ့ခြင်းကြောင့် uab bank သည်လည်း နိုင်ငံအတွင်းရှိ အကျော်ကြားဆုံးသော ဘဏ်များအနက်မှ တစ်ခုဖြစ်ကြောင်း သက်သေအခိုင်အမာပြနိုင်ခဲ့ပါသည်။

ဤဆုကိုရရှိခဲ့ခြင်းအပေါ် uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှ “၂၀၂၀ နှင့် ၂၀၂၁ အကြပ်အတည်းကာလတွေကနေ ကျော်ဖြတ်လာပြီး လုပ်ငန်းတွေဟာ ပြန်လည်စတင် လည်ပတ်လာပြီပဲဖြစ်ပါတယ်။ ဒီဆုရတာဟာ ကျွန်တော်တို့ uab bank အနေနဲ့ အခက်အခဲကာလအတွင်းမှာ ကြံကြံခံကျော်ဖြတ်နိုင်မှုနဲ့ “Connect, Create နဲ့ Change” ဆိုတဲ့ “တစ်ဦးနှင့်တစ်ဦးချိတ်ဆက်လိုသော ဆန္ဒ၊ အသစ်အဆန်းကို ဖန်တီးရန်စိတ်အားထက်သန်မှု နဲ့ ပြောင်းလဲမှုကိုဦးဆောင်နိုင်ရန်သတ္တိ” ကိုဆက်လက်မပြောင်းမလဲလုပ်ဆောင်သွားမယ်ဆိုတာကို ခိုင်မာစွာဆုံးဖြတ်ချက်ချထားမှုအတွက် သာဓကပဲဖြစ်ပါတယ်။

uab bank အနေနဲ့ retail ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို ပိုမိုတိုးချဲ့ပြီး ပိုမိုဆန်းသစ်စေဖို့ အမြဲကြိုးစားလျက်ရှိနေတာကြောင့်လည်း ဒီဆုဟာ ၂၀၂၂ အတွက် ပထမဆုံးဆုမဟုတ်ပါဘူး။ တခြားဆုတွေလည်းရဖို့မျော်လင့်ထားပါတယ်။ ပြောင်းလဲမှုတွေကိုဦးဆောင်ပြီး လူသားအကျိုးပြုဘဏ်တစ်ခု ဖြစ်စေဖို့ရည်ရွက်ချက်လက်ကိုင်စွဲပြီး ကျွန်တော်တို့နဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်ရပ်တည်ပေးသွားမယ့် သူတွေအတွက် သက်သေပြသနိုင်ခဲ့ပြီပဲဖြစ်ပါသည်။”

#LeadingChange #HumanisingBanking
#BestRetailBankMyanmar #RetailBankerInternational

uab bank အကြောင်း

uab bank သည် မြန်မာ့ဘဏ်လုပ်ငန်းတွင် ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိအမှတ်ပြုခံရခြင်း တို့သည် uab bank အား ၂၀၁၉ နှင့် ၂၀၂၀ တို့တွင် ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် “Best Retail Bank Myanmar” အဖြစ် Retail Banker International မှလည်းကောင်း၊ “Best Bank 2021 for Myanmar” အဖြစ် Global Finance မှလည်းကောင်းအသီးသီး ဆုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice” အဖြစ်လည်း အသိအမှတ် ပြုခြင်းခဲ့သည့်အပြင် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာတွင် နံပါတ် (၁) ဖြင့် လည်းသတ်မှတ်ခြင်းခံခဲ့ရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၉ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။

For media enquiries, please contact:

Hsint @ +95 9 428206176 | [email protected]

May Phone @ +95 9 450038501 | [email protected]