Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

Orientation Session Batch 2

၂၀၂၁ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်‌နေ့အတွင်း Times City ရှိ uab Tower တွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ အသစ်ဝင်ရောက်လာသူ ဘဏ်ခွဲ မန်နေဂျာ ၁၁ ဦးအတွက် orientation session ဖြင့် ကြိုဆိုခဲ့ပါသည်။ ဤရွေးချယ်ထားသော ဘဏ်ခွဲ မန်နေဂျာဖြစ်ရန် အသင့်တော်ဆုံးသူ များကို အကောင်းမွန်ဆုံး onboarding experience များ ပေးခြင်းဖြင့် ပတ်ဝန်းကျင်အသစ်မှာ လျှင်မြန်စွာ adapt ဖြစ်နိုင်ရန်၊ အကောင်းဆုံးလုပ်ဆောင်နိုင်ရန်၊ လက်တွေ့ကျကျ တွေးခေါ်နိုင်စွမ်းရှိရန်နှင့် အသင်းအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်နိုင်သူများ ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါသည်။

ထိုအပတ်အတွင်း ဘဏ်ခွဲမန်နေဂျာအသစ်များကို ဘဏ်နှင့် ဘဏ်၏ တန်ဖိုး ရည်ရွယ်ချက်များဖြင့် မိတ်ဆက်ပေးခြင်း... operation core banking soft uab ၏ product များ၊ HR guideline & compliance များကိုလည်း သေချာရှင်းလင်း မိတ်ဆက်ပေးခဲ့ပါသည်။ Mystery shopping နှင့် site visit များကိုလည်း ပေါ့ပေါ့ပါးပါး အစီအစဥ်များအဖြစ် ထည့်သွင်းလုပ်ဆောင်ခဲ့ကြပါသည်။

Batch24 1024x682

ကျွန်တော်တို့၏ CEO နှင့် Deputy CEO ကိုလည်း အချိန်ပေးပြီး ရှင်းပြ လမ်းညွှန်ပြပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

ဘဏ်ခွဲမန်နေဂျာအသစ်များအား ကြိုဆိုလျက်ပါ။

#uabbank – Connect. Create. Change.

Batch23 1 1024x682
Batch21 1024x668