Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

Orientation Session Batch 3

uab bank ၏ အဓိကဖြစ်သော Long Term career တစ်ခု အတွက် ပတ်ဝန်းကျင်မှန် နေရာမှန် ဖန်တီးပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ရက်အထိ Orientation Session Batch 3 ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

uabian အဖွဲ့အစည်းသို့ ရောက်ရှိသူ အသစ် ၈၈ ဦးအား ကြိုဆိုခဲ့ပါသည်။ ဘဏ်၏ ဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံများနှင့်အတူ uab bank လုပ်ငန်းခွင်၌ အ‌ရေးကြီးသော အချက်များကို ရှင်းပြခဲ့ပါသည်။ ကောင်းမွန်သော career တစ်ခုကိုစတင်ခြင်းသည် ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည်၊ ပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်ဟု ကျွန်တော်တို့ ယုံကြည်ထားပါသည်။ 

Batch31 1024x460

Batch 3 Orientation သည် ၂၀၂၁ အောက်တိုဘာလ တွင် ပြုလုပ်ခဲ့သော Batch 2 အပြီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ COVID-19 ကပ်ရောဂါဆိုးကြီး၏ ရိုက်ခတ်မှုနှင့် နိုင်ငံရေးအခြေအနေများအရ ရပ်နားခဲ့ရတာ ကြာခဲ့ပြီး အခုမှ ပြန်လည် စတင်နိုင်ခဲ့တာပဲ ဖြစ်ပါသည်။

Christopher Loh (CEO), မကျော့ကေခိုင် (Dy CEO), George Koshy, မသန္တာထိုက်, ကိုပြည့်ဖြိုးကျော်၊ မနီနီလွင်၊ မခင်အေးမာ၊ မယဥ်သွယ်ဌေး၊ မဥ္ဇူသင်း၊ ကိုနေမျိုးဦး၊ မမေသန္တာလှိုင်၊ ကိုဌေးကျော်နိုင်၊ မဇာလင်းကြည်၊ မအေးသီတာလွင်၊ ဦးသီဟ နှင့် တကွ Human Resources အဖွဲ့သားအားလုံးကို ဤ session လေးအတွက် စိတ်ဝင်စားဖွယ် ဆွေးနွေးမှုများ၊ အကျိုးရှိသောသင်ယူမှုများရရှိအောင် ဖန်တီးပေးတာကြောင့် ကျေးဇူးအထူးတင်ရှိပါသည်။

အသစ်ဝင်ရောက်လာသူများအားလုံးကိုလည်း အထူးဂုဏ်ယူပါသည်။

Batch34 1024x680
Batch9 1024x684
Batch33 1024x683