update news

"Outstanding Leaders in Asia" အဖြစ် ဆုရရှိခဲ့သော ကျွန်တော်တို့၏ MD နှင့် CEO ဖြစ်သူ Christopher Loh အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်

အာရှတွင် အထူးချွန်ဆုံး ခေါင်းဆောင်များကို ဖော်ပြ အသိအမှတ် ပြုပေးနေသော Asia Corporate Excellence & Sustainability Awards (ACES) မှ ချီးမြှင့်‌သော "Outstanding Leaders in Asia"ဆု ကို ကျွန်တော်တို့ uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှ ဆွတ်ခူးရရှိခဲ့ပါသည်။

ACES သည် အာရှတစ်ဝှမ်းနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် လေးစားစရာကောင်းသော ခေါင်းဆောင်များနှင့် ရေရှည်တည်တံ့မှု ဆောင်ရွက်သူများကို အသိအမှတ်ပြုပေးနေသည့် ဂုဏ်သတင်းကျော်ကြားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ဤဆုအား စီစဥ် အကဲဖြတ်သော ဂျူရီအဖွဲ့မှ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
"Christopher Loh ၏ ပြတ်သားသည့် စိတ်ဓာတ်၊ အားမာန်အပြည့်ရှိသော ဇွဲသတ္တိ နှင့် လုံ့လဝီရိယ တို့ကြောင့် အာရှစီးပွားရေးလုပ်ငန်းခွင်တွင် ယခုလို လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားလာခြင်းဖြစ်ပါတယ်။ သူ၏ အတွေးအခေါ် နှင့် လုပ်ဆောင်မှုများကြောင့် အာရှ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် အနေဖြင့် ဆရာတစ်ဆူ ဖြစ်လာမည်လို့ ချွင်းချက်မရှိ မုချယုံကြည်ပါတယ်။".”

တာ၀န်ယူစိတ် အပြည့်အဝရှိသော ခေါင်းဆောင်များသည် ပိုမိုတာဝန်ကြီးသော အလုပ်များကို ဖြည့်ဆည်းလုပ်ဆောင်လျှက်ရှိပြီး ကမ္ဘာကြီးပေါ်တွင် ပြောင်းလဲမှုများကို ရှာဖွေ လုပ်ဆောင်နိုင်ရန် ကြိုးစားလျှက်ရှိပါသည်။ Mr Christopher Loh သည်လည်း မြန်မာပြည်တွင် ဦးဆောင်လျှက်ရှိသော uab bank မှ တဆင့် ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လျှက်ရှိပါသည်။ (၂) နှစ်ဆက်တိုက် Euromoney ၏ “မြန်မာ့အကောင်းဆုံးဘဏ်” ဆုကိုရရှိခဲ့ပြီး uab bank ကို ပထမအဆင့်ဘဏ်အဖြစ် ပြောင်းလဲမှုကို စတင်ခဲ့ပါသည်။ မကြာမီအချိန်က Retail Banker International ၏ “မြန်မာ့အကောင်းဆုံး Retail ဘဏ်” ဆုကိုလည်း ရရှိခဲ့ပါသည်။

သူ၏ ဝီရိယနှင့် ဇွဲလုံ့လကို uabians များအားလုံးမှ အမြဲလေးစား ဂုဏ်ယူလျှက်ပါ။ ကျွန်တော်တို့ အားလုံးမှ ရင်ထဲကနေပြီး လှိုက်လှိုက်လဲလဲ ဂုဏ်ပြုလိုက်ပါတယ်။

ACES ဆုအကြောင်းအား အသေးစိတ် ဖတ်ရှုလိုပါက https://www.acesawards.com/stories/leadership/christopher-loh/

#uab #uabbank
#LeadingChange #HumanisingBanking
#OutstandingLeadersinAsia #ACESawards