စာရင်းသေအပ်ငွေ စာရင်း

ကြိုးကြိုးစားစား အလုပ်လုပ်၍ ငွေကြေးကိုရှာဖွေသင့်သလို ဘယ်လိုကနေ ၀င်ငွေရနိုင်မလဲဆိုတာလဲ သိသင့်ပါသည်။ စာရင်းသေအပ်ငွေစာရင်းသည် သတ်မှတ်ထားသည့် အချိန်ကာလအပိုင်း အခြား ပေါ်မူတည်၍ မြင့်မားသောအတိုးနှုန်းများကို ခံစားရမည်ဖြစ်ပါသည်။စာရင်းသေအပ်ငွေစာရင်းအား ရက်ပေါင်း (၃၀)မှ (၁) နှစ်အတွင်း အပ်နှံနိုင်သော ကာလအပိုင်းအခြား အလိုက် အတိုးနှုန်းအသီးသီး သတ်မှတ် ထားရှိပါသောကြောင့် နှစ်သက်ရာ အတိုးနှုန်းနှင့် အချိန်ကာလအပိုင်းအခြား ကိုရွေးချယ်အပ်နှံနိုင်ပါသည်။

Fixed Deposit For New Account

အတိုးနှုန်းအသစ်များခံစားရရှိနိုင်ရန် uab ဘဏ်ခွဲများတွင် စာရင်းသေအပ်ငွေအကောင့်အသစ်များဖွင့်နိုင်ပါပြီ။

စာရင်းသေအကောင့်အသစ်များကို Customer များအနေဖြင့် Interbank Transfer (ဘဏ်တစ်ခုမှ အခြားတစ်ခုသို့ငွေလွှဲခြင်း) သို့မဟုတ် ငွေသားဖြင့်လာရောက်ငွေပေးသွင်းခြင်းဖြင့် အတိုးနှုန်းအသစ်များကို ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
အကောင့်အသစ် ဖွင့်ခြင်းကို Token ယူရန် မလိုပဲ မည်သည့် uab ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။

ဘဏ်စာရင်းအား ဘယ်လိုလျောက်ထားပါမည်လဲ?

နီးစပ်ရာ မည်သည့် uab ဘဏ်ခွဲတွင်မဆို သွားရောက် လျောက်ထားဖွင့်လှစ်နိုင်ပါသည်။

Note : စာရင်းသေအပ်ငွေစာရင်း အဟောင်း အတိုးနှုန်း အတွက်သာ တွက်ချက်ပေးပါသည်။