Rebuild Myanmar: Mandalay Quake Relief
Latest Updates >
Insurance Page WEB BANNER ENG 1920x315px

အသက်အာမခံ

သင်ဘာ့ကြောင့် အသက်အာမခံထားသင့်တာလဲ?

အသက်အာမခံဆိုတာ ပျော်ရွှင်စရာကိစ္စတစ်ခုလိုမျိုး တွေးမြင်ပြောဆိုရန်မရှိသော်လည်း အခွန်အခများ (သို့) သွားဆရာဝန်ထံ ကုသရန်သွားရခြင်းကဲ့သို့ပဲ အနာဂါတ်အတွက် ကြိုတင်စီစဉ်ခြင်းများ ပြုလုပ်ရန် အရွယ်ရောက်ပြီးသားသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ မိသားစုတွေက သင့်ရဲ့ ငွေကြေးထောက်ပံ့မှုအောက်မှာ မှီခိုနေကြရတယ်ဆိုရင်တော့ အသက်အာမခံထားရှိခြင်းကသာ သူတို့အတွက် အကာအကွယ်ပေးနိုင်မယ့် တစ်ခုတည်းသော အရေးပါတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် အသက်အာမခံဟာ အရမ်းအရေးကြီးတယ်ဆိုတာက ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် အကာအကွယ်တံတိုင်းတစ်ခုကဲ့သို့ အပူအပင်ကင်းကင်းနဲ့ ငွေကြေးဆိုင်ရာ လုံခြုံမှုတွေပေးနိုင်တာကြောင့်မို့လို့ပါပဲ။

အသေးစိတ်အချက်အလက်နဲ့ ရရှိနိုင်တဲ့ အသက်အာမခံတွေကြောင်းသိဖို့ customer service [email protected] ကို ဆက်သွယ်နိုင်ပါတယ်။. အခုပဲ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်လိုက်ပါ။