Personal/ Insurance/ Manulife Credit Life Protector
ချေးငွေကာကွယ် အသက်အာမခံ ဆိုတာဘာလဲ?
ပြန်ဆပ်ဖို့လိုသေးတဲ့ ချေးငွေဟာ ဘယ်လိုအချိန်အခါမျိုးမှာမဆို သင့်မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါ့ကြောင့် သင့်ချေးငွေကိုအပြည့်အဝ မပေးချေနိုင်သေးခင်မှာ သင့်အနေဖြင့် အချိန်မသင့်ဘဲ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းဖြစ်ပွားခဲ့လျှင် ပရီမီယံအနည်းငယ်သာပေးသွင်းပြီး ချေးငွေပေးဆပ်မှုပေါ်အပူအပင်ကင်းအောင် ကာကွယ်ပေးမည့် အာမခံအမျိုးအစားနှစ်ခုကို ကျွန်တော်တို့ စီစဉ်ထားပါတယ်။
ထိုအာမခံအမျိုးအစားနှစ်ခုကတော့
ဖော်ပြပါ ပရီမီယံအနည်းငယ်သာပေးသွင်းရသည့် အာမခံအမျိုးအစားနှစ်ခုသည် အောက်ပါ uab ချေးငွေသုံးစွဲသူများအတွက်သာ အကျုံးဝင်ပါသည်။
အာမခံထားရှိသူက အာမခံဝယ်ယူချိန်မှာ အနည်းဆုံးအသက် ၁၈ နှစ်ပြည့်ရမှာဖြစ်ပြီး အသက် ၆၅ (အာမခံသက်တမ်းမပါ) ထက်ကြီးလို့မရပါ။
အနည်းဆုံး သိန်း ၃၀ က စပြီး အာမခံထားရှိနိုင်ပါတယ်။
အာမခံထားသူက အသက်သေဆုံးခြင်း (သို့) ရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းဖြစ်ပွားခဲ့သည်ရှိသော် ပေါ်လစီရဲ့ အကျိုးခံစားခွင့် စာရင်းမှာ ဖော်ပြထားတဲ့အတိုင်း ငွေပမာဏရဲ့ ၁၀၀% ကို အလျော်ရမှာဖြစ်ပါတယ်။ ပြန်ဆပ်ဖို့ လိုနေသေးတဲ့ချေးငွေထက် ပိုတဲ့ ငွေပမာဏတိုင်းက အာမခံအကျိုးခံစားခွင့်ရှိသူ (သို့) အသက်အာမခံထားသူကို ပေးအပ်သွားမှာဖြစ်ပါတယ်။
The premium payment for Manulife Credit Life Protector is a single-time payment premium, which means you only need to pay once when the policy is issued.
ပေါ်လစီကုန်ဆုံချိန်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
အာမခံ အကျိုးခံစားခွင့် ငွေပမာဏက ချေးငွေပမာဏထက်များနေရင် ချေးငွေထက်ပိုနေသည့် ပမာဏကို အကျိုးခံစားခွင့်ရှိသူ (သို့မဟုတ်) အသက်အာမခံထားရှိသူအား ပေးအပ်သွားမှာဖြစ်ပါတယ်။