Manulife ဘဝအာမခံ

သင့်ကိုယ်သင်ကာကွယ်ထားခြင်းကသင့်မိသားစုအတွက်အကာအကွယ်ပေးခြင်းပါပဲ။ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းတို့ကို ငွေကြေးအားဖြင့် အကာအကွယ်ပေးနိုင်ဖို့ အသက်အာမခံအစီအစဥ်တစ်ခုဖြစ်တဲ့ Manulife ရဲ့ဘ၀အာမခံနဲ့အတူ အခြေအနေအရပ်ရပ်တိုင်းမှာလုံခြုံမှုကို ရယူလိုက်ပါ။

အမေးအဖြေများ

အသက်အာမခံထားခွင့်အတွက် အနည်းဆုံး၁၆နှစ်ပြည့်ရပါမယ်။ ၁၀နှစ် အစီအစဥ်အတွက် အများဆုံး အသက်၅၅နှစ် အထိထားနိုင်ပါတယ်။ အနှစ် ၂၀ အစီအစဥ်အတွက် အများဆုံး အသက်၄၅နှစ်အထိ ထားနိုင်ပါတယ်။

အာမခံကြေးငွေ အနည်းဆုံး သိန်း၅၀ မှစ၍ ၀ယ်ယူထားရှိနိုင်ပါတယ်။

အာမခံကြေးငွေ အပြည့် သို့မဟုတ် သက်တမ်းအပြည့် အကျိုးခံစားခွင့် ပေးချေပြီးတဲ့အခါ ပေါ်လစီသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ပယ်ဖျက်ပြီးတဲ့အခါမှာ နှစ်အလိုက်သတ်မှတ်ထားတဲ့ ငွေတန်ဖိုး (Cash Value) ကို ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေတန်ဖိုး (Cash Value) က ဆက်လက်မြင့်တက်နေမှာ ဖြစ်လို့ မပယ်ဖျက်ခင်မှာ သေချာစဥ်းစားဖို့တော့လိုပါတယ်။

ဆက်သွယ်ရန်

    Gender: