Home Loan

မိတ်ဆွေတို့၏ အိပ်မက်အိမ်လေးကို ပိုင်ဆိုင်နိုင်ရန် အတွက် အလှမ်းမ‌‌ဝေးတော့ပါ။ uab bank ၏ အိမ်ရာချေးငွေ အစီအစဥ်မှတစ်ဆင့် သင့်အိပ်မက်အိမ်လေးအား လက်တွေ့ ပိုင်ဆိုင်နိုင်ရန်အတွက် uab bank မှ ကူညီပေးနေပါပြီ။

uab bank ၏ အိမ်ရာချေးငွေအစီအစဥ်မှ အောက်ပါချေးငွေ အမျိုးအစားများအား ရရှိနိုင်ပါသည်။

  • အိမ်၊ ကွန်ဒိုမီနီယမ် နှင့် တိုက်ခန်းများ ဝယ်ယူခြင်း။
  • မြေယာဝယ်ယူခြင်း နှင့် အိမ်များဆောက်လုပ်ခြင်း။ 
  • အိမ်၊ ကွန်ဒိုမီနီယမ် နှင့် တိုက်ခန်းများ ပြန်လည် ပြင်ဆင်ခြင်း။ 

uab bank ၏ အိမ်ရာ‌ ချေးငွေများအား လွယ်ကူသည့် ချေးငွေစည်းမျဥ်းစည်းကမ်းများနှင့်အညီ ရယူနိုင်ပါသည်။

  • ချေးငွေသက်တမ်းအား အများဆုံး (၁၅) နှစ်အထိ ခွင့်ပြု ခြင်း။
  • လစဉ်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ခြင်း
  • အိမ်ဆောက်လုပ်ခြင်း/ပြန်လည်ပြင်ဆင်ခြင်းများတွင် ပြန်လည်ပေးဆပ်ရန် ကင်းလွတ်ခွင့်ပြုသည့် ကာလကို အများဆုံး(၆)လအထိ ခွင့်ပြုထားခြင်း။
  • ၀န်ထမ်း၊ စီးပွားရေးလုပ်ကိုင်သူ၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းပညာရှင်များစသည့် ချေးငွေ ပြန်လည်ပေးဆပ်ရန် ၀င်ငွေရှိသူများ။
  • ဆောက်လုပ်ခြင်း/၀ယ်ယူခြင်းကုန်ကျစရိတ်၏ ၇၀%အထိ ခွင့်ပြုပေးခြင်း။
  • ချေးငွေခွင့်ပြုရာတွင် ငွေချေးသူမှ ချေးငွေ အားလုံး (ယူအေဘီနှင့် အခြားဘဏ်များ) အတွက် လစဥ်ပေးသွင်း ရမည့် ပမာဏသည် ၎င်း၏ လစဥ်အကြမ်း ၀င်ငွေ (အထောက် အထားများဖြင့် တင်ပြထားသည့် ၀င်ငွေ)၏ သုံးပုံတစ်ပုံထက် မပိုစေရန် တွက်ချက်ပြီးမှ သင့်လျော်သည့် ပမာဏကို ခွင့်ပြုပေးခြင်း။
  • အနည်းဆုံးလစဉ်ဝင်ငွေ ကျပ်(၁၀)သိန်းရှိရန် လိုအပ်ခြင်း။
  • ဝယ်ယူမည့်/ ဆောက်လုပ်မည့်/ ပြန်လည် ပြင်ဆင်မည့် အဆောက်အဦးအစရှိသည့် မြေနှင့် အိမ်တို့၏ စာချုပ် စာတမ်းတို့အား အပေါင်ပစ္စည်းအာမခံအဖြစ် ပေးအပ်ရပါမည်။

  • ချေးငွေလျှောက်ထားသူမှ ၎င်းတို့ ၀ယ်ယူမည့်/ ဆောက်လုပ်မည့်/ ပြန်လည်ပြုပြင်မည့် တိုက်ခန်း နှင့် ကွန်ဒိုမီနီယမ် နှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်များကို အာမခံပစ္စည်းအနေဖြင့် (ဘဏ်သို့) လွှဲပြောင်းပေးရပါမည်။

က) ချေးငွေလျှောက်ထားသူ၏ အိမ်ထောင်ဖက် (သို့) မိဘမှ ချေးငွေအတွက် အာမခံပေးရပါမည်။

ခ) ချေးငွေလျှောက်ထားသူ နှင့် အာမခံသူမှ တင်ပြရမည့် အထောက်အထားများ
    • လျှောက်လွှာပုံစံ
    • မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
    • လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
    • အိမ်ထောင်စုစာရင်း မိတ္တူ
    • ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ
    • အာမခံပစ္စည်းပိုင်ရှင်၏ ပထမဇနီး/ခင်ပွန်း ကွယ်လွန် သွားပါက နောက်ထပ်အိမ်ထောင် မပြုကြောင်း ရပ်ကွက်လူကြီးထံမှထောက်ခံစာ။

ဂ) ဝင်ငွေအထောက်အထား - အကယ်၍ ချေးငွေ လျှောက်ထား သူသည် ၀န်ထမ်းဖြစ်ပါက
    • လွန်ခဲ့သည့် (၃) လစာ ဘဏ်စာရင်းရှင်းတမ်း
    • အလုပ်ရှင်ထံမှ ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာ
    • လစာဖြတ်ပိုင်း (အကယ်၍ လစာကို ဘဏ် စာရင်းထဲ သို့ ထည့်သွင်းပေးပါက တင်ပြရန် မလိုအပ်ပါ)
    • အခွန်စာအုပ်မိတ္တူ

ဃ) ဝင်ငွေအထောက်အထား - အကယ်၍ ချေးငွေ လျှောက်ထားသူသည် ကိုယ်ပိုင်လုပ်ငန်း / စီးပွားရေး ရှိပါက
  • လွန်ခဲ့သည့် (၆) လစာ ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းလိုင်စင်/ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ရှယ်ယာရှင်စာရင်းကို အသေးစိတ်ဖော်ပြထား သည့် DICA extract
  • ယခင်နှစ်၏ အခွန်ပြေစာ
  • ဘဏ်၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေး၍ ငွေချေးသူ၏စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို အကဲဖြတ်ထားသည့်မှတ်တမ်း

င) အိမ်ပိုင်ဆိုင်မှု နှင့် ပတ်သက်သည့် အထောက်အထားများ
  • ဆောက်လုပ်/ ဝယ်ယူမည့် မြေ၊ အဆောက်အဦး ၏ အသေးစိတ်အချက်အလက်များ။
  • ဝယ်ယူမည့် မြေ၊ အဆောက်အဦးနှင့် ပတ်သက်သည့် သက်ဆိုင်ရာအထောက်အထား မိတ္တူများ။
  • ဝယ်ယူမည့် မြေ၊ အဆောက်အဦးအတွက် သက်ဆိုင်ရာ ကန်ထရိုက်တာ၊ ဗိသုကာပညာရှင်၊ ကုန်ပစ္စည်း ပေးသွင်းသူများနှင့် သက်ဆိုင်သော စာချုပ်များ/ သဘောတူညီချက်များ။
  • အဆောက်အဦးဆောက်လုပ်ခြင်းနှင့် ပြန်လည် ပြင်ဆင်ခြင်းကိစ္စရပ်များတွင် အဆင့်အလိုက် ကုန်ကျမည့် အသုံးစရိတ်စာရင်း။
အတိုးနှုန်း တစ်နှစ်လျှင် ၁၀%
၀န်ဆောင်ခများ ၀န်ဆောင်ခများ ချေးငွေပမာဏပေါ်တွင် ၁ %
ရှေ့နေခနှင့် ရာဖြတ်ခများ ၈၀,၀၀၀ ကျပ်
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ ချေးငွေသက်တမ်း၏ ပထမ (၂)နှစ် အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၃%)။
ချေးငွေသက်တမ်း ၏ (၃)နှစ် အ တွင်း ပြန်လည် ပေးဆပ်ပါက ပြန် လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၂%)။
ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင်ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ် သည့် ပမာဏပေါ်တွင် (၁%)။