Loan Against Property
ပုဂ္ဂိုလ်ရေး၊ စီးပွားရေး နှင့် မိသားစု လိုအပ်ချက်အစရှိ သည်တို့အတွက် သင်၏ ပိုင်ဆိုင်မှု များအား ရင်းနှီးမြှုပ်နှံ ၍ ငွေကြေးရယူ နိုင်ပါသည်။ ထိုရင်းနှီး မြှုပ်နှံမှုတွင် စီးပွားရေး လုပ်ငန်းအတွက် အရင်းအနှီးတိုးမြှင့်ခြင်း၊ ကလေးများ၏ ပညာရေး(သို့) မိသားစုဝင် များ၏ မင်္ဂလာပွဲများ အတွက် စီစဉ်ပေးခြင်းတို့အထိ ပါဝင်ပါသည်။ ဤချေးငွေ အစီအစဥ်အား အသုံးပြု၍ သင်၏ပိုင်ဆိုင်မှု ပိုမိုတိုးပွား လာစေရန် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။
- ပြန်လည်ပေးဆပ်ရေးကာလကို အများဆုံး ၁၀နှစ်အထိ ပေးဆပ်နိုင်ခြင်း
- လစဉ်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ခြင်း
- ဥပဒေနှင့်ကိုက်ညီသည့် မည်သည့်ရည်ရွယ်ချက်အတွက် မဆို လျှောက်ထားနိုင်ခြင်း
- လစဉ်ဝင်ငွေ အနည်းဆုံးကျပ် (၁၀)သိန်း ရှိရန်လိုအပ်ခြင်း
- နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ ကား ၊ စက်ယန္တရား ကြီးများစသည်တို့အား အဌားချ ထား သည့် အဆင့်မြင့်ကားများနှင့် အကြီးစား စက်ပစ္စည်း ရောင်း၀ယ်သူများ
- နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ တိုက်ခန်း၊ ရုံးခန်း၊ အိမ်စသည်တို့အား အဌားချထားသည့် ပုဂ္ဂိုလ်များ (သို့) ကုမ္ပဏီများ
- ငွေချေးယူသူ (သို့) မိသားစုဝင် (ဖခင်၊ မိခင်၊ အိမ်ထောင် ဖက်၊ မောင်နှမ) တို့ ပိုင်ဆိုင်သော မြေ (သို့) အဆောက်အဦး ကို အာမခံပစ္စည်းအဖြစ် ပေးအပ်ရပါမည်။
က) ချေးငွေလျှောက်ထားသူ၏ အိမ်ထောင်ဖက်(သို့) မိဘမှ ချေးငွေအတွက် အာမခံပေးရပါမည်။
ခ) ချေးငွေလျှောက်ထားသူ နှင့် အာမခံသူမှ တင်ပြရမည့် အထောက်အထားများ
- လျှောက်လွှာပုံစံ
- မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
- လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
- အိမ်ထောင်စုစာရင်း မိတ္တူ
- ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ
- ဂရန် ၊ ပုံစံ (၁၀၅/၁၀၆) အစရှိသည့် မြေနှင့် ပတ်သက်သည့် အထောက်အထားများ
| အတိုးနှုန်း | 12.5% p.a |
|---|---|
| ရှေ့နေခနှင့် ရာဖြတ်ခများ | 90,000MMK |
| သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ | 3% on prepaid amount (if paid during the first 2 years of loan period) |
| 2% on prepaid amount (if paid during the third year of loan period) | |
| 1% on prepaid amount ( if paid after 3 years of loan period) |
Disclosure
Explore our conveniently downloadable application form here.
