လစဉ်လစာ အနည်းဆုံး ၂၅၀,၀၀၀ကျပ် (MMK) ရရှိသူ နှင့် ပုံမှန်ဝင်ငွေရှိသူများအတွက် Personal Loan လျှောက်ထား နိုင်ပါသည်။
သတ်မှတ်ထားသောမြို့များ (ရန်ကုန် နှင့် မန္တလေး) တွင်သာ uab Personal Loans ရယူနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ရာ အတိုးနှုန်း၊ မြန်ဆန်သော လုပ်ငန်းစဉ် နှင့် စာရွက်စာတမ်းအနည်းငယ်ဖြင့် လျှောက်ထားနိုင်ပါသည်။ uab bank ၏ Personal Loan သည် သင်တို့၏ လိုအပ်ချက်များအတွက် မှန်ကန်သော ရွေးချယ်မှု ဖြစ်ပါသည်။
လစဉ်အရစ်ကျစနစ်ဖြင့် ၃နှစ်အထိ ပေးချေနိုင်သော ချေးငွေသက်တမ်း
အများဆုံးချေးငွေပမာဏ သိန်း၁၀၀အထိ ရယူနိုင်ပါသည်။
အတိုးနှုန်း | အာမခံပေးအပ်ခြင်းမရှိသည့် ချေးငွေများအတွက် တစ်နှစ်လျှင် ၁၄.၅၀% |
---|---|
အာမခံပေးအပ်သည့် ချေးငွေများ အတွက် တစ်နှစ် လျှင် ၁၀% | |
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ | ချေးငွေသက်တမ်း ၏ပထမ (၂)နှစ် အတွင်း ပြန်လည်ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၃%)။ |
ချေးငွေသက်တမ်း၏ (၃) နှစ်အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏပေါ် တွင် (၂%)။ | |
ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင်ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ်သည့် ပမာဏပေါ် တွင် (၁%)။ |