Hire Purchase

uab Hire Purchase အစီအစဉ်အောက်ရှိ တရား၀င် ရောင်းချခွင့် ရထားသည့်သူများထံမှ မော်တော်ယာဉ်များ၊ စားသုံးကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ စသည် တို့ကို ၀ယ်ယူနိုင်ပါသည်။

  • ဝယ်ယူမည့် ပစ္စည်းတန်ဖိုး၏ ၇၀% အထိ ချေးငွေရယူနိုင်ခြင်း။
  • ကားအသစ်များအတွက် ချေးငွေသက်တမ်း အများဆုံး (၇) နှစ်အထိရရှိနိုင်ပြီး၊ အခြားပစ္စည်း အမျိုးအစားများအတွက် အများဆုံး(၃)နှစ်အထိ ရယူနိုင်ခြင်း။
  • လစဉ်အရစ်ကျ ငွေပေးချေစနစ်ဖြင့် ပေးချေနိုင်ခြင်း၊ လယ်သမားများ ၊ ၀ယ်ယူသည့် စိုက်ပျိုး‌ရေးသုံးစက်ပစ္စည်းများအတွက်လည်း (၆)လအရစ်ကျအစီအစဥ်ဖြင့် ပြန်လည် ပေးဆပ်နိုင်ခြင်း။
  •  ကြိုတင်ပေးငွေများအား ကြိုတင်အတိုးနှုန်းဖြင့် ပေးချေနိုင်ခြင်း။

အမြဲတမ်း၀င်ငွေရှိသော တစ်ဦးချင်း၊ ကုမ္ပဏီ၊ အစုစပ် လုပ်ငန်း၊ တစ်ဦးတည်းပိုင်လုပ်ငန်းလုပ်ကိုင်သူများမှ ချေး ငွေ ရယူနိုင်ပါသည်။

uab bank မှ ခွင့်ပြုချက် ရထားသော ကုန်သည်ထံမှ ကုန်ပစ္စည်း ဝယ်ယူခြင်းဖြစ်ပါက မည်သည့်အာမခံချက်မှ မလိုပါ။

uab bank မှ ခွင့်ပြုချက်ရထားသော ကုန်သည်ထံမှ မဟုတ်ပါက ငွေချေးသူ၏ ပြန်လည်ပေးဆပ်နိုင်စွမ်းကို ခိုင်လုံသော အထောက်အထားအဖြစ် တခြားအာမခံများဖြစ်သော မြေနှင့် အဆောက်အဦးအာမခံ(သို့)ငွေသားအာမခံအစရှိသည်တို့အပေါ် မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပါသည်။

က) ၀င်ငွေရှိသည့် အခြားလူပုဂ္ဂိုလ်တစ်ဦးမှ အာမခံပေးရပါမည်။

ခ) ချေးငွေလျှောက်ထားသူ နှင့် အာမခံသူမှ တင်ပြရမည့် အထောက်အထားများ
  • လျှောက်လွှာပုံစံ
  • မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
  • လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
  • အိမ်ထောင်စုစာရင်း မိတ္တူ
  • ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ

ဂ) ဝင်ငွေအထောက်အထား - အကယ်၍ ချေးငွေ လျှောက်ထား သူသည် ၀န်ထမ်းဖြစ်ပါက
  • လွန်ခဲ့သည့် (၃) လစာ ဘဏ်စာရင်းရှင်းတမ်း
  • အလုပ်ရှင်ထံမှ ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာ
  • လစာဖြတ်ပိုင်း (အကယ်၍ လစာကို ဘဏ် စာရင်းထဲ သို့ ထည့်သွင်းပေးပါက တင်ပြရန် မလိုအပ်ပါ)
  • အခွန်စာအုပ်မိတ္တူ

ဃ) ဝင်ငွေအထောက်အထား - အကယ်၍ ချေးငွေ လျှောက်ထားသူသည် ကိုယ်ပိုင်လုပ်ငန်း / စီးပွားရေး ရှိပါက
  • လွန်ခဲ့သည့် (၆) လစာ ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းလိုင်စင်/ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ရှယ်ယာရှင်စာရင်းကို အသေးစိတ်ဖော်ပြထား သည့် DICA extract
  • ယခင်နှစ်၏ အခွန်ပြေစာ
  • ဘဏ်၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေး၍ ငွေချေးသူ၏စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို အကဲဖြတ်ထားသည့်မှတ်တမ်း
အတိုးနှုန်း ကားအသစ်အတွက်
တစ်နှစ်လျှင် ၁၀%
အခြားပစ္စည်းများအတွက်
တစ်နှစ်လျှင် ၁၃%
Flat Interest scheme အတွက် တစ်နှစ်လျှင် ၈.၈၈%
၀န်ဆောင်ခများ ကားအသစ်အတွက်
ချေးငွေပမာဏပေါ်တွင် ၁.၀၀%
အခြားပစ္စည်းများအတွက်
ချေးငွေပမာဏပေါ် တွင် ၁.၀၀% မှ ၃.၀၀%
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ ချေးငွေသက်တမ်း ၏ပထမ (၂)နှစ် အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည်ပေးဆပ် သည့် ပမာဏ ပေါ် တွင် (၃%)။
ချေးငွေသက်တမ်း ၏ (၃)နှစ် အ တွင်း ပြန်လည် ပေးဆပ်ပါက ပြန် လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၂%)။
ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင်ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ် သည့် ပမာဏပေါ်တွင် (၁%)။