သတင်းထုတ်ပြန်ချက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုအပ်သောကြိုတင်ကာကွယ်မှုများ ဆောင်ရွက် ထားလျက်ရှိ

ရန်ကုန်၊ ၁၃ရက် စက်တင်ဘာလ ၂၀၂၀ ခုနှစ် – uab bank ရုံးချုပ်၌ တာဝန်ထမ်းဆောင်နေသော နောက်ထပ် ဝန်ထမ်းတစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြုကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ MOHS မှ စက်တင်ဘာ (၁၃)ရက် ည(၈)နာရီ တွင် ထုတ်ပြန်ကြေညာမှုအရ uab bank တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး စစ်ဆေး‌တွေ့ရှိကြောင်း သိရှိအတည်ပြုခဲ့ပါသည်။

အဆိုပါဝန်ထမ်းသည် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ရောဂါပိုးစစ်ဆေးမှုကို ခံယူခဲ့ပြီး စက်တင်ဘာလ (၁၃) ရက်နေ့တွင် ရောဂါပိုး တွေ့ရှိကြောင်း ဘဏ်သို့ အကြောင်းကြား အသိပေးခဲ့ခြင်း ဖြစ်ပါသည်။ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံ ကိုလည်း ဤကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။ ဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုအတွက် လိုအပ်သော အကူအညီ အထောက် အပံ့များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိသော ဝန်ထမ်းသည် uab bank ၏ ရုံးချုပ်ရှိရာ uab Tower @ Times City တွင် တာ၀န်ထမ်းဆောင်သူတစ်ဦးဖြစ်ပြီး customer များနှင့် တွေ့ဆုံမှု လုံးဝမရှိခဲ့ပါ။ ၎င်းဝန်ထမ်းသည် စက်တင်ဘာ (၄) ရက်နေ့တွင် နောက်ဆုံးရုံးတက်ရောက်ခဲ့ခြင်းဖြစ်ပြီး နောက်နေ့များ၌ အိမ်မှ တာဝန်ထမ်းဆောင်သူ ဖြစ်သည့်အလျောက် လုပ်ဖော်ကိုင်ဖက်များနှင့်လဲ ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိခဲ့သလောက် နည်းပါးခဲ့ပါသည်။ သို့ပေမယ့်လည်း စက်တင်ဘာ (၄) ရက်နေ့ မတိုင်ခင် အဆိုပါဝန်ထမ်းနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှုရှိခဲ့ဖူးသူ ဝန်ထမ်းများနှင့် ပြင်ပ၌ တွေ့ဆုံခဲ့ဖူးသူများ အားလုံးကို လိုအပ်သည့် ထိတွေ့မှု ခြေရာခံခြင်းများကို လုပ်ဆောင်ခဲ့ပြီး MOHS ၏ ညွှန်ကြားမှုအရ quarantine လုပ်ရန်နှင့် အသွားအလာကန့်သတ် နေထိုင်ရန် အသိပေးထားပြီးဖြစ်ပါသည်။

အတည်ပြုလူနာ ၂ ယောက်၏ ထုတ်ပြန်ချက်နှင့်အတူ ဘဏ်၏ ရုံးချုပ်ရှိ ဌာနအချို့ကို နေအိမ်မှ အလုပ်လုပ်စေပြီး နေ့စဉ် လုပ်ငန်း ဆောင်တာများ အဆင်ပြေစေရန် နည်းပညာများကို ပိုမို အသုံးချနိုင်ရန် ကြိုးစားလျှက်ရှိပါသည်။

ကပ်ရောဂါ ကူးစက်မှုများစတင်ခဲ့သည် အချိန် မတ်လ ၂၀၂၀ မှစ၍ uab bank သည် Business Continuity Plan (BCP) နှင့် Crisis Control Unit (CCU)များကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ယခု ဒုတိယလှိုင်းမှာလည်း CCU ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌သေချာ ဂရုစိုက်သွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘဏ်မှ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပါသည်။ ဒုတိယလှိုင်းအတွင်း ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်နိုင်ရန်နှင့် တွေ့ဆုံမှုများလျှော့ချနိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း အလှည့်ကျ နေအိမ်မှ အလုပ်လုပ်စေရန် ချမှတ်ထားပါသည်။

uab bank ၏ ဘဏ်ခွဲများ၌လည်း လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ရန် ညွှန်ကြားချမှတ် ထားပြီး၊ ၎င်းတို့မှာ-

  • လက်အိတ်၊ face mask နှင့် လက်သန့်စင်ဆေးရည်များ ထားရှိပေးထားခြင်း
  • ဘဏ်သို့လာ‌ ရောက်သော customer များနှင့်ဝန်ထမ်းများ အနေဖြင့် mask မတပ်မနေရစနစ်ကျင့်သုံးစေခြင်း
  • Social distancing ကိုတိတိကျကျလိုက်နာ၍ ဝန်ဆောင်မှုပေးစေခြင်း
  • ဘဏ်သို့လာရောက်သူ customer များနှင့် ဝန်ဆောင်မှုပေးသူဝန်ထမ်းများအား နာမည်စာရင်းပြုလုပ်မှတ်သားခြင်း
  • Customer များအဆင်ပြေလွယ်ကူစေရန် digital ဝန်ဆောင်မှုများအားအသုံးပြုရန် တိုက်တွန်းနှိုးဆော်ခြင်း (uab mobile ၊ SaiSai Pay ၊ uabpay+ နှင့် uab online banking)

၀န်ထမ်းများ၊ customerများနှင့် ဧည့်သည်များ၏ ကျန်းမာရေးနှင့် လုံခြုံမှုသည် အဓိကဦးစားပေးဖြစ်ပါသည်။ uab bank စီမံခန့်ခွဲမှု အဖွဲ့သည် MOHS မှ COVID-19 ကာကွယ် တားဆီးရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များနှင့် လမ်းညွှန် ချက်များကို တင်းကြပ်စွာလိုက်နာနေပြီး ကျွန်ုပ်တို့၏ ဘဏ်ခွဲများ၊ ဘဏ်လုပ်ငန်း လည်ပတ်မှုများနှင့် ပတ်သက် ၍လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို တင်းကြပ်စွာ လိုက်နာလျှက်ရှိပါသည်။

#LeadingChange #HumanisingBanking #TogetherWeThrive