သတင်းထုတ်ပြန်ချက်

ကိုရိုနာ ဗိုင်းရပ်စ် ကူးစပ်ပြန့်ပွားမှုမရှိစေရန် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားလျက်ရှိ

ရန်ကုန်၊ ၁၁ရက် စက်တင်ဘာလ ၂၀၂၀ ခုနှစ် – uab bank ရုံးချုပ်၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြုကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ MOHS မှ စက်တင်ဘာ (၁၁)ရက် ည(၈)နာရီ တွင် ထုတ်ပြန်ကြေညာမှုအရ uab bank တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး စစ်ဆေး‌တွေ့ရှိကြောင်း သိရှိအတည်ပြု ခဲ့ပါသည်။

အဆိုပါဝန်ထမ်းသည် စက်တင်ဘာလ (၁၀)ရက်နေ့တွင် ရောဂါပိုးစစ်ဆေးမှုကို ခံယူခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်နေ့တွင် ရောဂါပိုး တွေ့ရှိကြောင်း ဘဏ်သို့ အကြောင်းကြား အသိပေးခဲ့ခြင်း ဖြစ်ပါသည်။ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံ ကိုလည်း ဤကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။ ဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုအတွက် လိုအပ်သော အကူအညီ အထောက် အပံ့များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိသော ဝန်ထမ်းသည် uab bank ၏ ရုံးချုပ်ရှိရာ uab Tower @ Times City တွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး customer အချို့နှင့်သာတွေ့ဆုံမှု ရှိခဲ့ပါသည်။ ရန်ကုန်မြို့အတွင်း ဒုတိယလှိုင်းနှင့်အတူ COVID-19 ကူးစက်ပမာဏ တိုးများလာသည့် အချိန်မှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း social distancing နှင့် လုပ်ငန်းခွင်တွင်း လုပ်ဆောင် နေသော ဝန်ထမ်းအရေအတွက်ကို ရုံးတွင်း၌ လျှော့ချရန် ရုံးချုပ်ရှိ ဌာနများနှင့် ဘဏ်ခွဲများအားလုံးကို ညွှန်ကြားထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်း ၅၀%အား နေအိမ်မှ အလုပ်လုပ်စေရန် လည်းချမှတ် လိုက်နာစေခဲ့ပါသည်။

၎င်းဝန်ထမ်းသည် စက်တင်ဘာ (၈) ရက်နေ့မှ စတင်၍ အိမ်မှ တာဝန်ထမ်းဆောင်သူ ဖြစ်သည့်အလျောက် လုပ်ဖော်ကိုင်ဖက်များနှင့်လဲ ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိခဲ့သလောက် နည်းပါးခဲ့ပါသည်။ သို့ပေမယ့်လည်း ထိုအချိန်အတွင်းမှ စတင်၍ စက်တင်ဘာ (၈) ရက်နေ့ မတိုင်မီ အဆိုပါဝန်ထမ်းနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှုရှိခဲ့ဖူးသူ ဝန်ထမ်းများနှင့် ပြင်ပ၌ တွေ့ဆုံခဲ့ဖူးသူများ အားလုံးကို လိုအပ်သည့် ထိတွေ့မှု ခြေရာခံခြင်းများကို လုပ်ဆောင်ခဲ့ပြီး MOHS ၏ ညွှန်ကြားမှုအရ home quarantine (၁၄) ရက်နှင့် အသွားအလာကန့်သတ် နေထိုင်ရန် အသိပေးထားပြီးဖြစ်ပါသည်။ ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထုတ်ပြန်ချက် နှင့်အညီ ရုံးတွင်းပရံဝန်များ အပြင် အများသုံးနေရာများ ဖြစ်သည့် လုပ်ငန်းခွင်၏ ဓါတ်လှေကား၊ ဝန်ထမ်း ကြို/ပို့ကားများ နှင့် သန့်စင်ခန်းများအားလုံးကို ဆေးဖြန်း၍ ပိုးသတ်သော လုပ်ငန်းစဥ်များ ဆောင်ရွက်ပြီး ဖြစ်ပါသည်။

uab bank ၏ ဘဏ်ခွဲများ၌လည်း လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ရန် ညွှန်ကြားချမှတ် ထားပြီး၊ ၎င်းတို့မှာ-

  • လက်အိတ်၊ face mask နှင့် လက်သန့်စင်ဆေးရည်များ ထားရှိပေးထားခြင်း
  • ဘဏ်သို့လာ‌ ရောက်သော customer များနှင့်ဝန်ထမ်းများ အနေဖြင့် mask မတပ်မနေရစနစ်ကျင့်သုံးစေခြင်း
  • Social distancing ကိုတိတိကျကျလိုက်နာ၍ ဝန်ဆောင်မှုပေးစေခြင်း
  • ဘဏ်သို့လာရောက်သူ customer များနှင့် ဝန်ဆောင်မှုပေးသူဝန်ထမ်းများအား နာမည်စာရင်းပြုလုပ်မှတ်သားခြင်း
  • Customer များအဆင်ပြေလွယ်ကူစေရန် digital ဝန်ဆောင်မှုများအားအသုံးပြုရန် တိုက်တွန်းနှိုးဆော်ခြင်း (uab mobile ၊ SaiSai Pay ၊ uabpay+ နှင့် uab online banking)

ကပ်ရောဂါ ကူးစက်မှုများစတင်ခဲ့သည် အချိန် မတ်လ ၂၀၂၀ မှစ၍ uab bank သည် Business Continuity Plan (BCP) နှင့် Crisis Control Unit (CCU)များကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ယခု ဒုတိယလှိုင်းမှာလည်း CCU ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေကို အနီးကပ် လေ့လာ စောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌သေချာ ဂရုစိုက်သွာမည် ဖြစ်ပါသည်။

Please rest assured that the health, safety and well-being of our employees, customers and visitors are our top priority. uab bank Management is strictly following health advisory and guidelines issued by MOHS on the prevention of COVID-19, together with the guidelines/instruction from Central Bank of Myanmar regarding banking and the operations of its branches.

#LeadingChange #HumanisingBanking #TogetherWeThrive