update news

uabian ဖြစ်ခြင်း ဂုဏ်ယူဖွယ်ရာ ၁၀နှစ်ပြည့် အထိမ်းအမှတ်

ရန်ကုန်၊ ၇ ရက် ဇွန်လ ၂၀၂၁ ခုနှစ် - uab bank စတင်တည်ထောင်သည့် ၂၀၁၀ ခုနှစ်မှ စတင်၍ ၁၀နှစ်တာပတ်လုံး uab နှင့်အတူလက်တွဲ တာဝန်ထမ်းဆောင်နေသည့် uabians ၂၀၈ ယောက် အတွက် အလွန်ပင်ဝမ်းသာဂုဏ်ယူမိပါတယ်။ ယနေ့မနက် CEO နှင့်အတူ management team မှဦးဆောင်၍ ရန်ကုန်ရှိ ဘဏ်ခွဲများထံ သွားရောက်ပြီး ရွှေပြားဆုတံဆိပ် များအား ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ ဂုဏ်ပြုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကို ပန်းဆိုးတန်း နှင့် ပန်းဘဲတန်း မှစတင်၍ ပေးအပ်ခဲ့ပါသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့ uab bank ၁၀နှစ်ပြည့် Rice Distribution ပွဲအပြီး၌ ပိုမိုကောင်းမွန်သည့် အခမ်းအနားဖြင့် ပေးအပ်ရန် စီစဉ်ထားခဲ့သော်လည်း COVID-19 ကပ်ရောဂါကြောင့် စိတ်မကောင်းစွာဖြင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ကျွန်တော်တို့အနေဖြင့် ပိုမိုခက်ခဲ့သည့်အရာများကို ရင်ဆိုင်နေရသော်လည်း မူလစီစဉ်ထားသည့်အတိုင်း uab bank အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား “ကျေးဇူးတင် ဂုဏ်ပြုရန်” ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

#uabbank  #humanisingbanking