media release

uab bank အား မြန်မာ့အကောင်းဆုံး Retail ဘဏ်အဖြစ် Retail Banker International မှ အသိအမှတ်ပြုခြင်း ခံရခြင်း

ရန်ကုန်၊ (၂၂) ရက်၊ ဇွန်လ၊ ၂၀၂၂ ခုနှစ် - uab bank သည် ၂၀၂၂ ခုနှစ်၏ မြန်မာ့အကောင်းဆုံး Retail ဘဏ် အဖြစ် Retail Banker International မှ စီစဥ် သော Asia Trailblazer Summit and Awards ဆုပေးပွဲတွင် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။

RBI Asia Trailblazer Awards သည် ယခုနှစ်တွင် ၁၃ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုပေးလျှက်ရှိသည့်လုပ်ငန်းအုပ်စုမှ ထူးချွန်သော၊ ဆန်းသစ်တီထွင်မှုရှိသော အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်တကွ ဒေသတွင်း အစပျိုးလုပ်ဆောင်မှုများကို မီးမောင်းထိုးပြနေသော ဆုပေးပွဲအခမ်းအနားတစ်ခုဖြစ်ပါသည်။ ဆုကိုရရှိခဲ့ခြင်းကြောင့် uab bank သည်လည်း နိုင်ငံအတွင်းရှိ အကျော်ကြားဆုံးသော ဘဏ်များအနက်မှ တစ်ခုဖြစ်ကြောင်း သက်သေအခိုင်အမာပြနိုင်ခဲ့ပါသည်။

ဤဆုကိုရရှိခဲ့ခြင်းအပေါ် uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှ “၂၀၂၀ နှင့် ၂၀၂၁ အကြပ်အတည်းကာလတွေကနေ ကျော်ဖြတ်လာပြီး လုပ်ငန်းတွေဟာ ပြန်လည်စတင် လည်ပတ်လာပြီပဲဖြစ်ပါတယ်။ ဒီဆုရတာဟာ ကျွန်တော်တို့ uab bank အနေနဲ့ အခက်အခဲကာလအတွင်းမှာ ကြံကြံခံကျော်ဖြတ်နိုင်မှုနဲ့ “Connect, Create နဲ့ Change” ဆိုတဲ့ “တစ်ဦးနှင့်တစ်ဦးချိတ်ဆက်လိုသော ဆန္ဒ၊ အသစ်အဆန်းကို ဖန်တီးရန်စိတ်အားထက်သန်မှု နဲ့ ပြောင်းလဲမှုကိုဦးဆောင်နိုင်ရန်သတ္တိ” ကိုဆက်လက်မပြောင်းမလဲလုပ်ဆောင်သွားမယ်ဆိုတာကို ခိုင်မာစွာဆုံးဖြတ်ချက်ချထားမှုအတွက် သာဓကပဲဖြစ်ပါတယ်။

uab bank အနေနဲ့ retail ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို ပိုမိုတိုးချဲ့ပြီး ပိုမိုဆန်းသစ်စေဖို့ အမြဲကြိုးစားလျက်ရှိနေတာကြောင့်လည်း ဒီဆုဟာ ၂၀၂၂ အတွက် ပထမဆုံးဆုမဟုတ်ပါဘူး။ တခြားဆုတွေလည်းရဖို့မျော်လင့်ထားပါတယ်။ ပြောင်းလဲမှုတွေကိုဦးဆောင်ပြီး လူသားအကျိုးပြုဘဏ်တစ်ခု ဖြစ်စေဖို့ရည်ရွက်ချက်လက်ကိုင်စွဲပြီး ကျွန်တော်တို့နဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်ရပ်တည်ပေးသွားမယ့် သူတွေအတွက် သက်သေပြသနိုင်ခဲ့ပြီပဲဖြစ်ပါသည်။”

#LeadingChange #HumanisingBanking
#BestRetailBankMyanmar #RetailBankerInternational

uab bank အကြောင်း

uab bank သည် မြန်မာ့ဘဏ်လုပ်ငန်းတွင် ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိအမှတ်ပြုခံရခြင်း တို့သည် uab bank အား ၂၀၁၉ နှင့် ၂၀၂၀ တို့တွင် ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် “Best Retail Bank Myanmar” အဖြစ် Retail Banker International မှလည်းကောင်း၊ “Best Bank 2021 for Myanmar” အဖြစ် Global Finance မှလည်းကောင်းအသီးသီး ဆုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice” အဖြစ်လည်း အသိအမှတ် ပြုခြင်းခဲ့သည့်အပြင် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာတွင် နံပါတ် (၁) ဖြင့် လည်းသတ်မှတ်ခြင်းခံခဲ့ရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၉ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။

For media enquiries, please contact:

Hsint @ +95 9 428206176 | [email protected]

May Phone @ +95 9 450038501 | [email protected]

သတင်းထုတ်ပြန်ချက်

uab bank အား မြန်မာ့အကောင်းဆုံး Retail ဘဏ်အဖြစ် Retail Banker International မှ အသိအမှတ်ပြုခြင်းခံရ

ရန်ကုန်၊ (၇)ရက် နိုဝင်ဘာလ ၂၀၂၀ ခုနှစ် - Euromoney မှ မြန်မာ့အကောင်းဆုံး ဘဏ်အဖြစ် ဆွတ်ခူးရရှိထားသော uab bank သည် Retail Banker International မှ စီစဥ်သော Asia Trailblazer Summit and Awards ဆုပေးပွဲတွင် ၂၀၂၀ ခုနှစ်၏ မြန်မာ့အကောင်းဆုံး Retail ဘဏ်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ဤဆုသည် retail banking အပိုင်းကဏ္ဍတွင် ဘဏ်၏ ထူးချွန် ပြောင်မြောက်သော စွန့်ဦးတီထွင်နိုင်မှုနှင့် ဦးဆောင်နိုင်မှု တို့ကြောင့် ရရှိခဲ့သော အောင်မြင်မှု သက်သေ သာဓကပင် ဖြစ်ပါသည်။

(၁၁) ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သော RBI ၏ Asia Trailblazer Awards သည် ဘဏ္ဍာရေးဝန်ဆောင်မှုများပေးနေသော အသိုင်းအဝိုင်းအတွင်း ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်လျှက်ရှိသော ထူးချွန်သော၊ ဆန်းသစ်တီထွင်မှုရှိသော အဖွဲ့အစည်းများ၊ စီမံကိန်းများကို စုဝေးဖော်ပြ၍ မီးမောင်းထိုးပြနေသော ဆုပေးပွဲ အခမ်းအနား တစ်ခုပင်ဖြစ်ပါသည်။ uab bank သည်လည်း ‌သက်ဆိုင်ရာ ဒေသတွင်းရှိ အကျော်ကြားဆုံးဘဏ်များအနက်မှ တစ်ခုဖြစ်ကြောင်းကို ၎င်းဆုအား ဆွတ်ခူးရရှိနိုင်ခဲ့ ခြင်းဖြင့် ထောက်ပြနိုင်ခဲ့ပါသည်။

ဆန်းသစ်တီထွင်နိုင်မှုများဖြင့် ရှေ့တန်းမှ ဦးဆောင်နေသော uab bank သည် retail banking ကဏ္ဍတွင် ပုံစံအမျိုးမျိုး၊ ဝန်ဆောင်မှု နည်းလမ်း အမျိုးမျိုးဖြင့် ဖန်တီးထားသော ထိတွေ့စရာ မလိုသော၊ ငွေသားကိုင်ဆောင်စရာ မလိုသော ဘဏ်ဝန်ဆောင်မှု များကို ပေးနိုင်ရန်အတွက် တစိုက်မတ်မတ်ကြိုးစား လုပ်ကိုင်လျှက်ရှိပါသည်။ ကုန်ကျစရိတ်အား ထိရောက်စွာ လျော့ချနိုင်မှုနှင့် access quality တို့တွင် အားသာနေမှုတို့သည် ဘဏ်၏ competitive position ကို အဓိက ထောက်ပံ့နေခြင်း ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် ဘဏ်သည် ၎င်း၏ စွမ်းဆောင်ရည်နှင့် ‌ရေရှည်စီမံမှုများ အခန်းကဏ္ဍတွင် ကုန်ကျစရိတ်အား ၆၉.၆ % မှ ၅၀.၅% အထိ သိသိသာသာ ထိရောက်စွာ လျှော့ချနိုင်ခဲ့ပါသည်။ “Leading Change and Humanising Banking” ဆိုသည့် ရည်မှန်းချက်အတိုင်း uab bank သည် retail banking ဝန်ဆောင်မှုလုပ်ငန်းတွင် retail customer များ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အဓိကထား၍ ၎င်း၏ business model၊ growth strategy တို့ကို ပုံဖော်သွားမည် ဖြစ်ပါသည်။

ဤဆုအား ဆွတ်ခူးရရှိခြင်း အပေါ် uab bank ၏ MD နှင့် CEO ဖြစ်သူ Mr Christopher Loh မှ အောက်ပါအတိုင်း ပြောကြား ခဲ့ပါသည်။

“၂၀၂၀ သည် uab bank အတွက် အရေးပါသော နှစ်တစ်နှစ်ပါ။ ကျွန်‌တော်တို့၏ အောင်မြင်မှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရပြီး ကြိုးစား အားထုတ်မှု အသီးအပွင့်ကို ခံစားရသော နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ Euromoney မှ “မြန်မာ့အကောင်းဆုံးဘဏ်” အဖြစ် (၂)နှစ်ဆက်တိုက် ရရှိခဲ့ရုံသာမက ယခုလို Retail Banker International (RBI) မှ ၂၀၂၀ ခုနှစ်၏ “မြန်မာ့အကောင်းဆုံး Retail ဘဏ်” အဖြစ် အသိအမှတ်ပြုခြင်းကိုပါခံခဲ့ရပါတယ်။ ၎င်းဆုသည် ဒေသတွင်းရှိ အခြားဘဏ်ကြီးများ နှင့်အတူ ကျွန်တော်တို့ ဘဏ်၏ အောင်မြင်မှုများကိုပါ အသိအမှတ်ပြုလိုက်သော ဂုဏ်သိက္ခာရှိသည့် ဆုတစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့သည် customer များ အသုံးပြုရန် လွယ်ကူသက်သာစေမည့် ဝန်ဆောင်မှုများ ဖြေရှင်းချက် နည်းလမ်းများကို နှစ်စဥ်နှစ်တိုင်း ဦးဆောင် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ SaiSai Pay ၊ uabpay+ ၊ strategic partnerships အစရှိသော ဒီဂျစ်တယ် နည်းလမ်းများကို အသုံးပြုပြီး ကျွန်တော်တို့ လူနေမှုဘဝများတွင် eco-system ကို တည်ဆောက်နိုင်ရန် အတွက် နည်းလမ်း အသစ်များကို လေ့လာရှာဖွေနေပြီး fintech နှင့် ဒီဂျစ်တယ် အပိုင်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ လုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် မြန်မာပြည်၏ နာမည်ကြီး celebrities များဖြစ်သော ပန်းရောင်ခြယ်၊ ပိုင်တံခွန် တို့နှင့် လက်တွဲ၍ အထင်ကရ ဖြစ်သော မြန်မာ့ပထမဦးဆုံး Celebrity Gift Cards ကို မကြာခင်အချိန်က မိတ်ဆက်ခဲ့နိုင်ပါတယ်။ ကျွန်တော်တို့၏ တီထွင် ဆန်းသစ်မှုများ၊ ဖြေရှင်းချက်နည်းလမ်းများ နှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည်တို့ကို ဂုဏ်ယူမိပါတယ်။ ထို့ကြောင့်လည်း Retail Banker International မှ ချီးမြင့်သော မြန်မာ့အကောင်းဆုံး Retail ဘဏ် ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ပါတယ်။

များစွာသောလူများ၊ မိသားစုများကို ခက်ခဲပင်ပန်းစေသော လက်ရှိ ဖြစ်ပေါ်နေသည့် ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာနှင့်တစ်ဝှမ်း နိုင်ငံတိုင်းသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ယခုလို ခက်ခဲနေတဲ့ အချိန်ကာလကြီးမှာ စည်းစည်းလုံးလုံး ရင်ဆိုင်ဖြေရှင်းသွားကြရမှာဖြစ်ပြီး ရောဂါကူးစက်ခံရသူများအတွက်လဲ အမြန်ဆုံး သက်သာလာရန် အတူတကွ ဆုတောင်း ပေးကြပါမယ်။ ပြည်သူများအားလုံးသည်လည်း ပိုမို၍ သန်မာလာကြပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံးအတူတကွ ရင်ဆိုင် ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်တွင် Leading Change၊ Humanising Banking ဖြင့် ယခုထက်မက ပိုမိုကောင်းမွန်သော တီထွင်ဆန်းသစ်မှုများ၊ ပွင့်လင်းမြင်သာသော လုပ်ဆောင်မှုများနှင့် ကျွန်တော်တို့ uab bank ကို ပုံဖော် ဦးဆောင် သွားမည် ဖြစ်ပါတယ်။“

#LeadingChange #HumanisingBanking
#BestRetailBankMyanmar #RetailBankerInternational

uab bank အကြောင်း

uab bank သည် မြန်မာ့ဘဏ်လုပ်ငန်းတွင် ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိအမှတ်ပြုခံရခြင်း တို့သည် uab bank အား ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ‘Mid-sized Domestic Retail Bank of the Year’ အဖြစ် Asian Banking & Finance မှလည်းကောင်း၊ Corporate Governance Disclosure တွင် နံပါတ် (၁) ဖြင့် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာ မှလည်းကောင်း အသီးသီး သတ်မှတ် ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice” အဖြစ်လည်း အသိအမှတ် ပြုခြင်းခဲ့ရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန်၊ လူ့အကျိုးပြု ဘဏ်လုပ်ငန်းကို လုပ်ဆောင်ရန်၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ပြောင်းလဲပေးရန်တို့ကို ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ်တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါသည်။

ပိုမိုသိရှိလိုပါက website: https://www.uab.com.mm/ သို့ ဝင်ရောက်လေ့လာနိုင်ပြီး Media နှင့်ပတ်သက်သည့် မေးခွန်းများ အတွက် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

For media enquiries, please contact:

Hsint @ +95 9 428206176 | [email protected]