သတင်းထုတ်ပြန်ချက်

uab ဘဏ်နှင့် Media 7 တို့ပူးပေါင်းပြီး ပထမဦးဆုံး SME ပြိုင်ပွဲအား reality TV program အနေဖြင့်ကျင်းပ

ဝင်ရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဝင်များအတွင်းမှနောက်ဆုံးရွေးချယ်ခြင်းခံရသည့် SMEs လုပ်ငန်းစု (၁၄) ဦး၏အကြိတ်အနယ်ယှဉ်ပြိုင်မှုကို စုစုပေါင်းပရိုဂရမ်အပိုင်း (၁၀) ပိုင်းတွင်ကြည့်ရှုရမည်ဖြစ်ပြီး အနိုင်ရရှိသူအနေဖြင့် seed funding ကျပ်သိန်း (၃၀၀) နှင့် အာမခံမလိုသည့်ချေးငွေ ကျပ်သိန်း (၁၀၀၀) အားလည်းကောင်း ၊ စီးပွားရေးနယ်ပယ်အတွင်းရှိပညာရှင်များထံမှ စီးပွားရေးဆိုင်ရာအကြံဉာဏ်များပေးအပ်ခြင်းအားလည်းကောင်း၊ uab bankမှထပ်မံပေးအပ်မည့်စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့်အထောက်အပံ့များအားလည်းကောင်းရရှိမည်ဖြစ်သည်။

ရန်ကုန်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃) ရက် _ SME လုပ်ငန်းရှင်များနှင့်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အတွက်လမ်းစရှာခြင်းများအားစဉ်ဆက်မပြတ်ကြိုးစားလုပ်ဆောင်နေလျက်ရှိကြပြီး uab ဘဏ်အနေဖြင့် နိုင်ငံတွင်းရှိ SME လုပ်ငန်းများအား ပိုမိုဖွံ့ဖြိုး တိုးတက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး SME ပြိုင်ပွဲဖြစ်သည့် ‘ Money Hunt ‘ reality TV Program အား Media 7 နှင့်ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ အနယ်နယ်အရပ်ရပ်ရှိ SME လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ၎င်းတို့လုပ်ငန်းများ၏ business plan များဖြင့်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိသူအနေဖြင့် seed funding ကျပ်သိန်း (၃၀၀) နှင့် အာမခံမလိုသည့်ချေးငွေ ကျပ်သိန်း (၁၀၀၀) အထိအားလည်းကောင်း ၊ စီးပွားရေးနယ်ပယ်အတွင်းရှိပညာရှင်များထံမှ စီးပွားရေးဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ခြင်းအားလည်းကောင်း ၊ uab bank မှထပ်မံပေးအပ်မည့် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့်အခြားအထောက်အပံ့ များအားလည်းကောင်းရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ SME ကဏ္ဏနှင့်စွန့်ဦးတီထွင်လုပ်ငန်းစုများပိုမိုတိုးတက်လာမှု အတွက်အထောက်အပံ့ ပေးရန် ၊ တီထွင်ဆန်းသစ်မှုများအားမြေတောင်မြှောက်ပေးရန်နှင့် အနာဂတ်တွင်တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအားအကျိုးပြုမည့် SME လုပ်ငန်းစုများ ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအားပျိုးထောင် ပေးလိုသည့် ရည်ရွယ်ချက်များဖြင့် ‘Money Hunt’ SME ပြိုင်ပွဲအားပြုလုပ် ကျင်းပ ရခြင်းဖြစ်သည်။

ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လိုသည့်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
“How will you grow your business” ခေါင်းစဉ်ဖြင့်မိမိဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်းအရာအချက်အလက်များအား ပြိုင်ပွဲလျှောက်လွှာ (သို့မဟုတ်) video အား အီးမေးလ်မှသော်လည်းကောင်း၊ အနယ်နယ်အရပ်ရပ်ရှိ uab ဘဏ်ခွဲများမှသော်လည်းကောင်း ပေးပို့လျှောက်ထား ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များအနက်မှစုစုပေါင်း (၁၄) ဦးအား၎င်းတို့၏ တီထွင်ဆန်းသစ်နိုင်မှု ၊ စီးပွားရေးဆိုင်ရာမဟာဗျူဟာမြောက်မှုများအပေါ်တွင် အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ပြီး၎င်းတို့အနေဖြင့်လာမည့်ဖေဖော်ဝါရီလတွင် uab Tower @ Times City တွင်ကျင်းပမည့် ‘Money Hunt’ SME ပြိုင်ပွဲ၌ မိမိတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာအတွေးအခေါ်များနှင့်မဟာဗျူဟာများအားဒိုင်လူကြီးများသို့တင်ပြယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

အစီအစဉ်နှင့်ပတ်သက်၍ uab bank ၏ MD & CEO ဖြစ်သူ Mr.Christopher Loh မှ

“အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေကနိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ စီးပွားရေးအတွက် အလွန်အရေးပါမှုရှိပါတယ်။ ဒါ့အပြင် SME လုပ်ငန်းစုတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းစုတွေဟာပိုမိုကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာတီထွင်ဆန်းသစ်မှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ လုပ်သား အင်အားမြင့်တက်လာမှုတွေ ကိုကောင်းစွာအထောက်အပံ့ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ Media 7 နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော reality TV program လည်းဖြစ်တဲ့ ‘Money Hunt’ SME ပြိုင်ပွဲကို အခုလိုမျိုးအကောင်အထည်ဖော်ကျင်းပနိုင်ခဲ့ခြင်း အပေါ်အရမ်းကိုဂုဏ်ယူမိ ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် အောင်မြင်တဲ့ SME လုပ်ငန်းရှင်တွေကိုမျက်ဝါးထင်ထင်မွေးထုတ်ပေးလာနိုင်ပြီး ဒီ SME လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့လဲသူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေတိုးတက်လာမှုအတွက်လိုအပ်တဲ့ Financing တွေကိုဘယ်လိုရရှိနိုင်မယ် ဆိုတဲ့ အကြောင်းအရာတွေကိုပိုမိုနားလည်သိရှိသွားနိုင်မယ်လို့လဲကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်။

uab ဘဏ်အနေနဲ့ နိုင်ငံအဝှမ်းမှာရှိတဲ့ SME လုပ်ငန်းရှင်တွေအတွက် ကောင်းမွန်တဲ့အတွေးအခေါ်တွေ၊ ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကို ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းစု တွေရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုတွေအတွက် မှန်ကန်ကောင်းမွန်တဲ့ funding တွေကို မတူကွဲပြားတဲ့ဆန်းသစ်မှုတွေကနေတဆင့် ဆက်လက် ပြီးတော့ ကူညီဖော်ဆောင်ပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ်။ အနိုင်ရရှိသွားသူတွေအနေနဲ့ကလည်း အာမခံမလိုချေးငွေအမျိုးအစားကို ကျပ်သိန်း (၁၀၀၀) အထိရရှိနိုင်မယ့်အပြင် uab bank နဲ့ Media 7 ဘက်ကနေ ဆက်လက်ပေးအပ်သွားမယ့်တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ၊ စွမ်းရည်တွေနဲ့ စီးပွားရေးဆိုင်ရာချိတ်ဆက်ပေးမှုတွေကိုပါထပ်မံရရှိသွားမှာပဲဖြစ်ပါတယ်။ လာရောက်ယှဉ်ပြိုင်ကြမယ့် SME လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဆီကပြသလာမဲ့အတွေးအခေါ်သစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေကိုမြင်တွေ့ဖို့ ကျွန်တော့အနေနဲ့အရမ်းကိုစိတ်လှုပ်ရှားမိ ပါတယ်” ဟုပြောကြားခဲ့သည်။

Media 7 ၏ Executive Producer U Wai Min Maung မှလည်း

“ Small & Medium-Size Enterprises လုပ်ငန်းတွေအောင်မြင်မှနိုင်ငံစီးပွားရေးပိုမိုတိုးတက်လာနိုင်မယ်လို့ယုံကြည်တာရယ်၊ ဒီလိုအစီအစဉ်တစ်ခု မြန်မာနိုင်ငံမှာရှိသင့်တယ်လို့ယူဆတာရယ်ကြောင့် ဒီ ‘Money Hunt’ Reality TV program အစီအစဉ်ကို uab bank နဲ့အတူလက်တွဲပြီးစီစဉ်ရခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

‘Money Hunt’ အစီအစဉ်တွင် ဦးနေအောင် (Chairman of uab bank)၊ Mr.Christophr Loh (MD & CEO of uab bank) ၊ ဦးလွင်မိုး (Chairman of Paradiso Cinema Group) နှင့် ဦးနိုင်ဖြိုးကျော် (Chairman of MG Myanmar & Co-Founder of Media 7) တို့မှ ဒိုင်လူကြီးများနှင့် Mentor များအဖြစ်အဓိကပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧည့်သည်ဒိုင်လူကြီးများအဖြစ် ဒေါ်ကျော့ကေခိုင် (Deputy CEO of uab bank)၊ ဒေါ်မူမူအေး (Deputy Director ၊ Head of MSME Department for Yangon Region), ဒေါ်အေးနှင်းဆွေ (CEO of Mango Media Group)၊ ဦးအောင်ချစ်ခင် (Managing Director of Strategy First Education Group Ltd.) ၊ ဦးစိုးဟိန်း (MSME Development Committee – UMFCCI and SMEBi-SME Business Institute Founder) နှင့် ဦးသန်းဦး (MD of Uniteam Marine Yangon and Chairman of Myanmar Hotelier Association for Rakhine Zone) တို့မှပါဝင်သွားမည်ဖြစ်သည်။

နောက်ဆုံးကျန်ရှိသည့်စံကာတင်ပြိုင်ပွဲဝင်များအနေဖြင့် ဒိုင်လူကြီးအသီးသီးမှပေးအပ်မည့် စီးပွားရေးဆိုင်ရာ အကြံဉာဏ်ကောင်းများအပြင် အနိုင်ရရှိသူအနေဖြင့် seed funding ကျပ်သိန်း (၃၀၀) အားပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ ၎င်းအပြင် Strategy First Education Group Ltd. ၏ Managing Director ဖြစ်သူ ဦးအောင်ချစ်ခင် မှပေးအပ်မည့် one-day interactive SME Business Planning Workshop အားတက်ရောက်နိုင်မည့်အခွင့်အရေးကိုလည်းရရှိမည်ဖြစ်သည်။

Money Hunt SME Competition

  1. မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
  2. မည်သည့်လုပ်ငန်းအမျိုးအစားမှမဆိုဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ပြီးအသက်ကန့်သတ်ချက်မရှိပါ။
  3. ပြိုင်ပွဲဝင်လျှောက်လွှာ (သို့မဟုတ်) video နှင့်လိုအပ်သည့်စာရွက်စာတမ်းများအား uab ဘဏ်ခွဲများမှတဆင့် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထားရမည်ဖြစ်သည်။
  4. ရွေးချယ်ခံရသည့်ပြိုင်ပွဲဝင်များအနေဖြင့်ပြိုင်ပွဲဝင်ရန်အတွက်ဖိတ်ကြားလွှာများပြန်လည်လက်ခံရရှိမည်ဖြစ်သည်။
  5. စံကာတင်ပြိုင်ပွဲဝင်များစာရင်းအား ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလတွင်ကြေငြာပေးသွားပါမည်။
  6. လျှောက်လွှာတင်ရမည့်အချက်အလက်များနှင့်အခြားသော အသေးစိတ်အချက်အလက်များအား
    https://www.uab.com.mm/companies/sme/money-hunt တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပေးအပ်သွားမည့်ဆု

  1. Grand Winner အနေဖြင့် seed funding ကျပ်ငွေသိန်း (၃၀၀) နှင့် အာမခံမလိုသည့်ချေးငွေ ကျပ်သိန်း (၁၀၀၀) အထိအားလည်းကောင်း ၊ စီးပွားရေးနယ်ပယ်အသီးသီးရှိလုပ်ငန်းရှင်များ နှင့် ပညာရှင်များထံမှ စီးပွားရေးဆိုင်ရာအကြံဉာဏ်များပါရရှိနိုင်မည် ဖြစ်သည်။
  2. 1st နှင့် 2nd Runner Up ဆုရှင်များအနေဖြင့် အာမခံမလိုသည့်ချေးငွေ ကျပ်သိန်း (၁၀၀၀) နှင့် စီးပွားရေးနယ်ပယ်အတွင်းရှိပညာရှင်များထံမှ စီးပွားရေးဆိုင်ရာအကြံဉာဏ်များပါရရှိနိုင်မှာဖြစ်ပါတယ်။

#LeadingChange #HumanisingBanking
#MoneyHunt #SMECompetition #RealityTVShow