Press release

၂၀၂၀ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာတွင် uab bank သည် ပထမအဆင့် နေရာအဖြစ် အသိအမှတ်ပြု ဖော်ပြခံရခြင်း

ရန်ကုန်၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၂၀ ခုနှစ် - uab bank အနေဖြင့် Myanmar Centre for Responsible Business မှ ၂၀၂၀ ခုနှစ်အတွက် ထုတ်‌‌‌‌‌‌‌‌‌‌ဝေသော ပွင့်သစ်စ အစီရင်ခံစာတွင် ပထမအဆင့်နေရာဖြင့် အဆင့်သတ်မှတ်ခြင်းခံရသည့်အတွက် များစွာ ဂုဏ်ယူ၀မ်း‌မြောက် မိပါ‌ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ပွင့်သစ်စ/ မြန်မာ့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (Transparency in Myanmar Enterprises - TiME) အစီရင် ခံစာသည် လုပ်ငန်းများ၏ အဖွဲ့အစည်းဆိုင်ရာ ထုတ်ဖော်ကြေညာချက် များ၊ လုပ်ငန်းများ၏ အုပ်ချုပ်မှု နှင့် ရေရှည် တည်တံ့ခိုင်မြဲမှုကို အလေးထားသည့် ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသော စံနှုန်းများဖြင့် တိုင်းတာပြီး လုပ်ငန်းများ၏ ဆောင်ရွက်ချက်များကို အကဲဖြတ်စီစစ်ပြီး နှစ်စဥ်ထုတ်‌ဝေလျက်ရှိသော အစီရင်ခံစာ ဖြစ်ပါသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေသော အစီရင် ခံစာသည် ဆဌမအကြိမ်‌မြောက် ထုတ်ဝေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုကို စံသတ်မှတ်ချက်ထားပြီး ရွေးချယ်ထားခြင်းဖြစ်ပါသည်။ Myanmar Centre for Responsible Business မှထုတ်ဝေသော ၂၀၂၀ ခုနှစ် အစီရင်ခံစာ သည် Yever စီးပွားရေးအကြံပေးကုမ္ပဏီနှင့်လက်တွဲပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

ဤထုတ်ပြန်ချက်နှင့်စပ်လျဥ်း၍ uab bank ၏ ဥက္ကဌဖြစ်သူ ဦးနေအောင် မှ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“uab bank အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေသော ပွင့်သစ်စ အစီရင်ခံစာ၌ ပထမအဆင့်အနေဖြင့် ‌ဖော်ပြခြင်း ခံရခြင်းသည် ဘဏ်အတွက် ဂုဏ်ယူ၀မ်း‌မြောက်ဖွယ်ကောင်းသော အောင်မြင်မှု ပြယုဂ်တစ်ခု ဖြစ်ပြီး ဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုအရှိဆုံး ဘဏ် နှင့် စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည် နေခြင်းကို ပိုမိုထင်ရှားလာစေပါသည်။ ဘဏ်၏ ဘုတ်အဖွဲ့ဝင်များ နှင့် စီမံအုပ်ချုပ်မှုကော်မတီဝင်များ အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာလုပ်‌ဆောင်မှု စံသတ်မှတ်ချက်များ ထားရှိခြင်းသည် uab bank ၏ ပထမဦးစားပေး လုပ်ဆောင်ရမည့်အရာဖြစ်သည်ကို ယုံကြည်ထားပြီး ကြိုးစား ဆောင်ရွက်လျက် ရှိကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ချက်များသည် ဘဏ်၏ အစုရှယ်ယာရှင်များအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ဖြစ်စေပြီး ရေရှည်အတွက်လည်း ဆုံးရှုံးနိုင်ခြေများကို သိသာစွာ လျော့ကျစေမည်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်ပါသည်။”

uab bank ၏ CEO ဖြစ်သူ Christopher Loh ကလည်း အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“uab bank အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြောင်းလဲမှုများစွာ လုပ်ဆောင်လာခဲ့သော အချိန်မှစတင်၍ လုပ်ငန်းအတွက် ကောင်းမွန် မှန်ကန်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်ချက်နှင့် မူဝါဒများကို ချမှတ်ထားပြီး အ‌ကောင်အထည်ဖော် လုပ်ဆောင် သွားမည့် ဘဏ်တစ်ခုအနေဖြင့် ရပ်တည်သွားမည်ဖြစ်‌ကြောင်း ကတိပေးအပ်ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှု မူဝါဒများဖြင့် တည်ရှိနေသောကြောင့် ဘဏ်၌ ငွေ‌ကြေးအပ်နှံသူများ နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပိုင်းဆိုင်ရာ စိတ်ချလုံခြုံရမှုသာမက၊ လူမှုပတ်ဝန်းကျင်၏ တိုးတက်ကောင်းမွန်မှု ကိုလည်း အပြည့်အဝတာဝန်ယူ ဆောင်ရွက်လျက်ရှိကြပါသည်။ ကျွန်ုပ်တို့၏ ခံယူချက်နှင့် ကြိုးစား အားထုတ်မှုများ‌ကြောင့် uab bank အနေဖြင့် ယခုကဲ့သို့ ၂၀၂၀ ခုနှစ်၏ ပွင့်သစ်စ အစီရင်ခံစာတွင် ပထမအဆင့် အဖြစ်သတ်မှတ်ပေးခြင်းခံရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

uab bank အနေဖြင့် Euromoney မှပေးအပ်သော မြန်မာ့ အကောင်းဆုံးဘဏ် ဆုကို ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် အသိအမှတ်ပြု ရရှိခဲ့ရသည့်အပြင်၊ ယခု ထပ်မံ၍ ၂၀၂၀ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာတွင် ပထမအဆင့်အဖြစ် သတ်မှတ်ဖော်ပြခြင်း ခံရခြင်းသည် ဘဏ်၏ ပိုမိုကောင်းမွန်သော အနာဂတ်မြန်မာနိုင်ငံဆီသို့ ဦးတည်သွားရန် ဟူသောရည်ရွယ်ချက်နှင့်စပ်လျဥ်းပြီး လုပ်ဆောင်ချက်များကို သိသာပေါ်လွင်လာစေပါသည်။

uab bank သည် ASEAN Corporate Governance Scorecard မှထားရှိသော စံသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်လျက်ရှိပြီး Global Reporting Initiative (GRI) Sustainability ၊ Accounting Standards Board (SASB) နှင့် United Nations Sustainable Development Goals စသည့် အဖွဲ့အစည်းတို့မှ ချမှတ်ထားသော ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များကို အခြေခံပြီး လုပ်ငန်းဆောင်ရွက်မှုများကို စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။

“uab bank အနေဖြင့် လက်ရှိလုပ်ဆောင်လျက်ရှိသော အဖွဲ့ အစည်း အုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ လုပ်ဆောင် ချက်များနှင့် ပတ်သတ်၍ အများပြည်သူ၏ကောင်းမွန်သောသိရှိနားလည်မှုသည် ဘဏ်၏ဝန်ထမ်းများ၊ စီမံခန့်ခွဲသူများနှင့် ဘုတ်အဖွဲ့ဝင်များ အားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပါသည်။ uab bank သည် တစ်နှစ်ပြီးတစ်နှစ် စိန်ခေါ်မှုများကို ကျော်လွန်ပြီး ပြည်တွင်းသာမက နိုင်ငံတကာတွင်ပါ ကောင်းမွန်သောစံချိန်စံနှုန်းများရှိသော အရည်အချင်းပြည့်ဝသည့် ခိုင်မာသည့် ဘဏ်အဖြစ် ရပ်တည်သွားမှာ ဖြစ်ပါသည်” ဟု uab bank ၏ Sustainability Officer ဖြစ်သူ George Koshy မှ ထပ်မံ ပြောကြားခဲ့ပါသည်။

uab bank အနေဖြင့် Myanmar Centre for Responsible Business နှင့် Yever စီးပွားရေးအကြံပေးကုမ္ပဏီတို့အား ၎င်းတို့၏ အထောက်အပံ၊ ကောင်းမွန်သော အုပ်ချုပ်မှု မူဝါဒများနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲရေး တို့ကိုပါ အားပေးချီးမြှောက် ပေးနေသောကြောင့် အထူး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

#LeadingChange #HumanisingBanking
#pwintthitsa2020

uab bank အကြောင်း

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကို ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်း တို့သည် uab bank အား “မြန်မာ့ အကောင်းဆုံးဘဏ်” အဖြစ် Euromoney မှ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် သော်လည်းကောင်း၊ “Best Retail Bank Myanmar 2020” အဖြစ် Retail Banker International မှလည်းကောင်း အသီးသီး သတ်မှတ် ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice”အဖြစ် အသိ အမှတ်ပြုခြင်းခံရပြီး ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်တွင် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာတွင်လည်း ပထမ အဆင့်နေရာတွင် သတ်မှတ်ဖော်ပြခြင်းခံရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasury Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက် ပေးလျက် ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော် ဖြစ်လာနိုင်စေရန်၊ လူမှုအကျိုးစီးပွားကို အလေးထားသော ဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် တစ်ဦးနှင့်တစ်ဦးကြား ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက်စေဖို့အတွက် အထောက်အပံ့များ ပေးနိုင်ရမည်ဟု ယုံကြည်ထားပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ် တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့် မည် ဟုလည်း ယုံကြည်မိပါသည်။

For media enquiries, please contact:
Hsint @ +95 9 428206176 | [email protected]