Update News

uab Rise Above - moving into uab Tower

2019ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် uabians များသည် Times City မှာရှိသည့် uab တာဝါ တွင်ရှိသည့် ရုံးအသစ်ဆီသို့ ပြောင်းရွှေ့ချီတက်ခဲ့ကြပါသည်။ 

ဝန်ထမ်း ၃၀၀ ကျော်သည် ရုံးဟောင်း တည်ရှိရာ ကမ္ဘာအေး ဘုရားလမ်းမှ ၄ km ကွာဝေးသော Times City ရှိ uab တာဝါ ဆီသို “Rise Above” ခေါင်းစဉ်ဖြင့် ချီတက်ခဲ့ကြပါသည်။ 

ခေတ်မီသောရုံးအသုံးအဆောင်များ၊ ပွင့်လင်းပြီး ဆန်းသစ်သောလုပ်ငန်းခွင် နှင့် facial recognition technology နှင့် ချိတ်ဆက် ထိန်းချုပ်မှု အပါအ၀င် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက် စတုရန်းပေ ၆၀၀၀၀ အကျယ်ရှိ ရုံးချုပ်အသစ်ကြီးအား uabians များသည်ဂုဏိယူစွာဖြင့် ဝင်ရောက်နေရာယူလိုက်ပါတော့သည်။