update news

Walk-in Interview

Yangon, 26th March 2022 – အဆိုပါနေ့ရက်တွင် ပြုလုပ်ခဲ့သော Walk-In interviews တွင် လူပေါင်း ၆၀၀ ကျော်လာရောက်ပါဝင်ခဲ့ကြပါသည်။

Interview သို့လာရောက်ခဲ့ကြသောသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ အတွေ့အကြုံရှိသောသူများ interview ရန်လာရောက်ခဲ့ကြသော်လည်း အများစုမှာ တက္ကသိုလ်ပြီးကာစ နှင့် တက္ကသိုလ်တက်နေကြသောသူများဖြစ်ပါသည်။

ပေးပို့ထားသော CV များနှင့် interview မှ on-the-spot အကဲဖြတ်မှတ်စုများကို သေချာစွာလေ့လာဆန်းစစ်လျှက်ရှိပြီး ၂ ပတ်အကြာတွင် နောက်ထပ် အဆင့်တစ်ခုအတွက်ပါသူများကို သကြႅန်ပိတ်ရက်မတိုင်ခင်နှင့် ပိတ်ရက်အပြီးတွင် ဆက်သွယ်သွားမည်ဖြစ်ပါသည်။

လျှောက်ထားသူအရေအတွက်များပြားသည့်အတွက်ကြောင့် နောက်ထပ်အဆင့်ရောက်ရှိသူများကိုသာ ဆက်သွယ်သွားမည်ဖြစ်ပါသည်။

စိတ်ဝင်စားမှုအတွက်ကျေးဇူးအထူးတင်ရှိပြီး လာရောက်ခဲ့သည့်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အကယ်၍ နောက်ထပ်တစ်ဆင့်မအောင်မြင်သောသူများကိုလည်း စိတ်ဓာတ်မကျပဲနောက်ထပ်လာမည့်အခွင့်အရေးများရှိဦးမည်ဖြစ်ကြောင်းပြောကြားလိုပါသည်။

#ConnectCreatChange