Companiesကော်ပိုရိတ်ဘဏ်လုပ်ငန်း / ကုန်သွယ်ရေးချေးငွေ

ကုန်သွယ်ရေးချေးငွေ

ကျွန်ပ်တို့အနေဖြင့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်းများ နှင့် ကုန်သွယ်ရေးဆိုင်ရာဘဏ္ဌာရေး လုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းမှ နာမည်ကောင်းသတင်းဖြင့် ကျော်ကြားသော ဘဏ်များနှင့် ခိုင်မာစွာချိတ်ဆက်လုပ်ကိုင်လျှက်ရှိပါသည်။ ပြင်ဆင် ပြောင်းလဲနိုင်သော၊ ကာလတိုမှ ကာလလက်ရှိ သက်တမ်းများ၊ ပစ္စည်များဌားရမ်းပေးခြင်း၊ နှင့် အထူးကုန်စည်များ တင်သွင်းခြင်းတင်ပို့ခြင်းလုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းလုပ်နိုင်ရန် ချိတ်ဆက်ပေးခြင်း စသည့်တို့ကို ကျွန်ပ်တို့၏ customer များအတွက် uab မှ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ တင်သွင်းခြင်းနှင့်တင်ပို့ခြင်းလုပ်ငန်းများဆိုင်ရာ လူကြီးမင်း၏အတွေ့ အကြုံနှင့် ချေးဌားသူအားချေးငွေဆိုင်ရာအန္တရာယ်ရှိမှု အခြားသောအကဲဖြတ်ခြင်းရလဒ်များအပေါ် မှုတည်၍ အပေါင်ပစ္စည်း အာမခံလိုအပ်ချက်ကို ဆုံးဖြတ်ပါသည်။

ပုံမှန်အားဖြင့် ငွေချေးစာချုပ် Letter of Credit ထုတ်ပေးခြင်း သို့မဟုတ် ကုန်ပစ္စည်းများအားငွေပေးချေရန်အတွက် SWIFTမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရန်ပုံငွေလွှဲပြောင်းခြင်း တို့ပြုလုပ်ခြင်းဖြင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ငွေလွှဲခြင်းကိုစတင်သည်။ အဆိုပါဝန်ဆောင်မှုများကို uab ၏ကုန်သွယ်ရေးစင်တာမှတဆင့် လုပ်ဆောင် ပေးလျှက် ရှိပါသည်။

ကုန်သွယ်မှုဆိုင်ရာချေးငွေကို နောက်ပိုင်းတွင်စနစ်တကျဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာရွေးချယ်စရာများ အမျိုးမျိုးကို ရွေးချယ်သွားနိုင်ရန် လူကြီးမင်းတို့အတွက် uab မှ ကြိုးပမ်းလျှက်ရှိပါသည်။

သင်္ဘောဖြင့်တင်ပို့ခြင်းဆိုင်ရာချေးငွေများရယူခြင်း သို့မဟုတ် သင်္ဘောမတင်မှီ ကြိုတင် အရင်းနှီးရှာဖွေခြင်း ဆိုသည်မှာ တင်ပို့သူသည်ပို့ကုန်တင်ပို့ရန် ကုန်ပစ္စည်းများပြင်ဆင်ရန်အတွက် တိုတောင်းသော ကာလတိုအထူးငွေကြေးထောက်ပံ့မှု ကိုရရှိရန် လျှောက်ထားခြင်းကို ဆိုလိုပါသည်။ ပြည်ပဝယ်သူထံမှ အကြွေးပေးစာ (Letter of credit) သို့မဟုတ် ခိုင်မာသည့်အမှာစာ (Firm order) ကိုကို ပြခြင်းဖြင့်ချေးငွေကိုအတည်ပြုရယူနိုင်ပါသည်။ ပို့ကုန်တင်ပို့မှုလုပ်ငန်း ပြီးဆုံးသွားပါက ပို့ကုန်တင်ပို့သူအနေဖြင့် ပို့ကုန်စာရွက်စာတမ်းများကို စုဆောင်း / ညှိနှိုင်းရန်အတွက် uab သို့ တင်ပြမည်ဖြစ်ပါသည်။ ပို့ကုန်များပို့ခြင်းဖြင့် fund မှရရှိသည့်ငွေကြေးများကိုuab မှလက်ခံရရှိပြီးပါက ၎င်း ငွေကြေးများကို funds ငွေကြေးအရင်းအနှီးရယူရန် ပြန်လည်ပေးအပ်သည့်အခါတွင် အသုံးပြုပါမည်။

ချေးငွေကာလပြီးနောက်လူကြီးမင်း ၏နိုင်ငံခြားမှ ဝယ်သူသည်ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်ကိုပေးချေသောအခါ ပို့ကုန်ငွေတောင်းခံခြင်းလျှော့ချမှုပေါ်မူတည်၍ ပို့ကုန်တင်ပို့မှုအတွက် uab ဘဏ်မှ ချေးငွေကို ချက်ချင်း ရရှိနိုင်သည်။ ငွေ‌ပေးချေမှုကို မျက်မှောက်ပြုလုပ်လျှင်ပင်ဖြစ်စေ လူကြီးမင်း၏ကုန်ပစ္စည်းများ ဝယ်သူထံ မရောက်ရှိခင်နှင့် ငွေပေးချေမှုများ မပြုလုပ်မီ ကာလတို အတွက် ငွေကြေးကိုရယူနိုင်ပါသည်။

ကျွန်ုပ်တို့သည်ဆိပ်ကမ်းသို့ရောက်ရှိလာသည့်ကုန်ပစ္စည်းများအတွက် ကာလတိုငွေကြေးထောက်ပံ့ပေးပါသည်။ အဆိုပါချေးငွေကို စတော့နှင့်ပတ်သက်သည့် Overdraft၊ book ကြွေးမြီများ သို့မဟုတ် အပေါင်ချေးငွေ နှင့်ပတ်သက်သည့် Overdraft စသော ပုံမှန်လည်ပတ်ငွေ အရင်းအနှီး facility သို့ပြောင်းပေး ခြင်းဖြင့် ကုန်ပစ္စည်းများပြန်လည် ထုတ်ယူပြီး နောက်နှင့် လူကြီးမင်း၏ကုန်သိုလှောင်ရုံသို့ကုန်ပစ္စည်းများ ဝင်ရောက်ပြီးသည့်နောက်တွင် ပြန်လည်ပေးဆပ်နိုင်ပါသည်။

Related Services

ရင်းနှီးမြှပ်နှံမှုအတွက် ချေးငွေ