အမေးအဖြေများ

ဘာမေးချင်ပါသလဲ?

Customer အသစ်များအတွက်

uab bank ကို ဘယ်လို ဆက်သွယ်နိုင်ပါသလဲ?

ကျွန်ုပ်တို့၏ခေါ်ဆိုမှုစင်တာ 01-8551335 ~ 42 (သို့မဟုတ်) uab ဘဏ်ခွဲများသို့ သွားရောက်ဆက်သွယ် နိုင်ပါသည်။

uab မှဘယ်လိုချေးငွေ အထောက်အပံ့တွေ ပေးနေ ပါသလဲ?

uab ဘဏ်သည် Overdraft စာရင်းပိုထုတ်ချေးငွေ ၊ Term Loan နှစ်အလိုက် ချေးငွေ၊ Bills Discounting၊ exporter များ အတွက် Post-shipment & Pre-shipment Loans တင်ပို့ခြင်းနှင့်ကြိုတင်တင်ပို့ခြင်းအတွက်ကြိုတင်ချေးငွေများ၊ Receivable Financing , Contract Financing စာချုပ်ရန်ပုံငွေ၊ Pledge Loan အပေါင်ချေးငွေ၊ Loan against Deposit ၊ Home Loan အိမ်ရာချေးငွေ၊ လစာချေးငွေများ Educational Laon, Credit Cards နှင့် Hire Purchase Loans အငှားဝယ်စနစ် ချေးငွေ စသော စီးပွားရေးနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ချေးငွေအမျိုးအစားများကိုပေးနေပါသည် ။

ထုတ်ကုန်နှင့် ဝန်ဆောင်မှု အကြောင်းဘယ်မှာရှာရမလဲ?

ဤတွင် ကြည်ံ့ရှုနိုင်ပါသည် လိုက်နာရမည့်စည်းကမ်းများ

uab ဘဏ် မှာ ဘယ်လို product တွေ ရှိလဲ?

uab ဘဏ်တွင် အမျိုးမျိုးသောအပ်ငွေများ၊ ချေးငွေများ၊ ငွေလွှဲမှုများ၊ card များ နှင့် digital ထုတ်ကုန်များ ပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက

uab ဘဏ်အကြောင်း

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကိုဦးဆောင် နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက် နှင့်အညီဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျ လက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab bank အနေဖြင့် ပိုမိုသာမွန်ကောင်းမွန်သည့် မြန်မာနိုင်ငံ အဖြစ်သို့ ကူးပြောင်းခြင်းကဏ္ဍ၊ နွေးထွေးပျူငှာမှု ရှိသည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကဏ္ဍ၊ လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ချိတ်ဆက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းလာစေခြင်းကဏ္ဍ စသည်များဖြစ် လာစေခြင်း စသည်များ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါသည်။ About Us

အကောင့်ဖွင့်ရန်အတွက်

နိုင်ငံခြား ငွေစာရင်းဖွင့်ရန် ကနဦးအပ်ငွေ ပမာဏမည်မျှ လိုအပ်သနည်း။

နိုင်ငံခြားငွေစာရင်းဖွင့်ရန်ကနဦး အပ်ငွေပမာဏ မှာအမေရိကန်ဒေါ်လာ ၁၀၀ (သို့မဟုတ်) စင်ကာပူဒေါ်လာ ၁၀၀ (သို့မဟုတ်) ယူရို ၁၀၀ ဖြစ်သည်။ သင်္ဘောသားများ အတွက် uab ဘဏ်မှ Zero balance အကောင့်ကိုရရှိနိုင်ပါသည်။

ကုမ္ပဏီအကောင့် တစ်ခုဖွင့်ရန် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။

ကုမ္ပဏီအကောင့်တစ်ခုဖွင့်လှစ်ရန် customers များသည် အောက်ဖော်ပြပါအချက်အလက်များ ပေးရလိုအပ်ပါသည်။
  • - ကုမ္ပဏီ၏ မှတ်ပုံတင်အမှတ်
  • - ဒါရိုက်တာအဖွဲ့၏ဆုံးဖြတ်ချက်
  • - မှတ်ပုံတင်ခြင်းလက်မှတ်
  • - လိုအပ်ပါကအခြားစာရွက်စာတမ်းများ။

ပြည်တွင်းငွေစာရင်းအကောင့် ဖွင့်ရန် ကနဦး အပ်ငွေပမာဏ မည်မျှလိုအပ်သနည်း။

ပြည်တွင်းငွေစာရင်းဖွင့်လှစ်ရန်လိုအပ်သောကန ဦး အပ်ငွေမှာ
၁၀၀၀ ကျပ်ဖြစ်သည်။

မည်သည့်ငွေကြေးများဖြင့် အကောင့် ဖွင့်လှစ်နိုင်သနည်း။

နိုင်ငံခြားသုံးငွေအမျိုးအစားဖြင့်စာရင်းဖွင့်နိုင်ပါသည်။
- အမေရိကန်ဒေါ်လာ
- စင်ကာပူဒေါ်လာ
- ယူရို