Christmas carols

Christmas ဆိုတာဟာ Christmas carol သီချင်းတွေမရှိဘဲ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ဒီနှစ်မှာတော့ uabian တွေက ခဝဲခြံမျက်မမြင်ကျောင်းက ကလေးငယ်တွေကို Times City မှာရှိတဲ့ uab Tower နဲ့ uab Times City Flagship Store မှာ carol သီချင်းတွေသီဆိုဖို့အတွက်ဖိတ်ကြားခဲ့ပါတယ်။

ကျွန်တော်တို့အားလုံးအတွက် သီချင်းတွေနဲ့ ပျော်ရွှင်စရာတွေယူဆောင်လာတဲ့ ကလေးငယ်လေးများကို ကျေးဇူးအထူးတင်ရှိပြီး uab Head Office ၂၁ လွှာ၊ ၂၂ လွှာနဲ့ ၂၃ လွှာတို့မှာ သူတို့ရဲ့ လှပတဲ့အသံလေးတွေနဲ့ လာရောက်ဖျော်ဖြေပေးတာဟာ တကယ်ကိုကောင်းချီးမင်္ဂလာတစ်ပါးပါပဲ။ uabian များနှင့် မိသားစုဝင်များသာမက ကလေးငယ်များနှင့်အတူ Santa ကလည်းအတူတကွကျွန်တော်တို့နဲ့ သီချင်းသီဆိုနေမယ်လို့ယုံကြည်ပါတယ်။

Christmas မှာ ကျွန်တော်တို့ uab foundation အနေနဲ့လည်း ခဝဲခြံမျက်မမြင်ကျောင်းမှ ကလေးငယ်လေးများကို ကူညီထောက်ပံ့ခဲ့ပါတယ်။ Times City ကိုလာရောက်ကြတဲ့ customer များနဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းများမှလည်း ကလေးငယ်များကို လက်ဆောင်များပေးခဲ့ကြပါတယ်။ uab Tower မှာ ကလေးငယ်များအဆင်ပြေပြေ သီချင်းသီဆိုနိုင်ဖို့အတွက် ပါဝင်ကူညီပေးကြတဲ့ volunteer များနဲ့ ဒီပွဲလေးကိုစီစဥ်ပေးကြတဲ့သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ကလေးငယ်များကိုယ်တိုင်ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကိုလည်း Christmas အချိန်အခါအတွင်း uabpay Bazaar မှာ ရောင်းချသွားမှာဖြစ်လို့ လာရောက်ကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။

#uabbank #uabfoundation #christmas2022