update news

uab bank နှင့် ရွှေဘုံသာအခေါက်ရွှေဆိုင်မိသားစုတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီဂျစ်တယ်နည်းပညာနှင့် ရွှေရင်းနှီးမြုပ်နှံမှုဝန်ဆောင်မှုအား မိတ်ဆက်ပေးခြင်း

ရန်ကုန်၊ ၂၉ ရက်၊ မတ်လ၊ ၂၀၂၃ ခုနှစ်- Euromoney မှ ချီးမြှင့်သော Myanmar's Best Bank 2022 နှင့် Global Finance မှ ချီးမြှင့်သော Best Bank 2023 အစရှိသည့် ဆုများအသီးသီးအား ပေးအပ်ချီးမြှင့်ခြင်း ခံရသည့် ဘဏ်တစ်ခုဖြစ်သော uab bank သည် ယနေ့တွင် မိမိတို့၏ Digital Application ဖြစ်သည့် uabpay မှတဆင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီဂျစ်တယ်နည်းပညာနှင့် ရွှေရင်းနှီးမြုပ်နှံခြင်းဝန်ဆောင်မှု အား စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းအား တရားဝင်မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ ရွှေရင်းနှီးမြှုပ်နှံခြင်းကို စိတ်ဝင်စားသောသူများအားလုံးလည်း uabpay wallet မှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်ကာ အွန်လိုင်းမှ ရွှေရင်းနှီးမြုပ်နှံခြင်းကို အနည်းဆုံး (၁) ရွေးမှစတင်၍ ရွှေများကို ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းနှင့် ထုတ်ယူခြင်းအစရှိသည်ကို လွယ်လင့်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၎င်းဝန်ဆောင်မှုအား မြန်မာနိုင်ငံ၏ အကြီးဆုံး‌သော အခေါက်ရွှေဆိုင်များအနက်မှ တစ်ခုဖြစ်သည့် ရွှေဘုံသာအခေါက် ရွှေဆိုင်မိသားစု (SBT) နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး uabpay မှတဆင့် ‌ရွှေတစ်ကျပ်သားနှင့်အထက် ဝယ်ယူမှုများအားလုံးအတွက် SBT ၏ မည်သည့်ရွှေဆိုင်များတွင်မဆို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လဲလှယ်သွားနိုင်မည်ဖြစ်သည်။

uab bank ၏ MD နှင့် CEO ဖြစ်သူ Mr. Christopher Loh မှ- “ရွှေရင်းနှီးမြုပ်နှံမှုကို ပြည်သူတွေဆီယူဆောင်လာဖို့ တစ်ရွေးကစပြီးအရောင်းအဝယ်ပြုလုပ်နိုင်မယ့် ဒီအစီ အစဉ်ကို ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်။ ရွှေရင်းနှီးမြုပ်နှံမှုကို လုံခြုံလွယ်ကူပြီး လူတိုင်းအဆင်ပြေပြေလုပ်ဆောင်နိုင်စေရမယ်ဆိုတဲ့ SBT ရဲ့ ယုံကြည်မှုမျိုး ကျွန်တော်တို့ မှာလည်းရှိပါတယ်။ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ uabpay app ဟာ Super App အဖြစ်ပြောင်းလဲတည်ဆောက်ရာမှာ ဈေးကွက်ဖော်ဆောင်သူအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အသုံးပြု သူတွေကို ငွေပေးချေမှုပုံစံ၊ လူမှု့ဆက်ဆံရေး၊ လူနေမှုပုံစံ၊ သင်ယူရေးနဲ့ ရင်းနှီးမြုပ်နှံရေးဆိုင်ရာ အစရှိသည်တို့တွင်လည်း ရွေးချယ်စရာအမျိုးမျိုးတို့နဲ့ ဖြည့်ဆည်းပေးနေပါတယ်” လို့ပြောကြားခဲ့သည်။

‌ရွှေဘုံသာတည်ထောင်သူ ဦးအောင်ကောင်းမြတ်မှ- “နည်းပညာမြင့်မားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်လုပ်ငန်း‌အဖွဲ့အစည်းတစ်ခုဖြစ်သည့် uab bank နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း SBT အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ယခုပူးပေါင်း ဆောင်ရွက်မှုက ‌ရွှေရင်းနှီးမြုပ်နှံသူများအား မကြုံဖူးတဲ့ အတွေ့အကြုံအသစ်များနှင့် ရွှေရင်းနှီးမြုပ်နှံခြင်း ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးချင်တာကလည်း ရွှေဘုံသာအခေါက်ရွှေဆိုင်မိသားစု၏ အရေးကြီးသော ခြေလှမ်းများအနက်မှ တစ်ခုပဲဖြစ်ပါတယ်။ စိတ်ချအားထားရတဲ့ နည်းပညာနဲ့ ကောင်းမွန်သော ဘဏ်ဝန် ဆောင်မှုတွေကို ပေါင်းစပ်ခြင်းဖြင့် ရွှေရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနှင့် ရွှေရင်းနှီးမြုပ်နှံ ရာမှာ လုံခြုံစိတ်ချရပြီး ကောင်းမွန်တဲ့အတွေ့အကြုံကောင်းတွေ ရရှိခံစားနိုင်မယ်လို့ SBT နဲ့ uab bank က ယုံကြည်ပါတယ်။ အနည်းဆုံး တစ်ရွေးမှ စတင်ပြီး ရင်းနှီးမြုပ်နှံနိုင်သည့် uabpay ရဲ့ Digital Gold Investment Platform ကို အသုံးပြုပြီး အတွေ့အကြုံသစ်များကို ရယူနိုင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်” ဟု စိတ်လှုပ်ရှားစွာပြောကြားခဲ့ပါသည်။

uab bank ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ‌‌‌‌‌‌ဒေါ်ကျော့ကေခိုင်မှလည်း - "မြန်မာနိုင်ငံမှာ အကြီးဆုံးသော အခေါက်ရွှေဆိုင်များအနက်မှ တစ်ခုဖြစ်တဲ့ ရွှေဘုံသာအခေါက်ရွှေဆိုင်နှင့် ယခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ uabpay Wallet မှာပါရှိတဲ့ Digital Gold Investmentဝန်ဆောင်မှုကို အသုံးပြုပြီးတော့ ရွှေကို ပိုမိုလွယ်ကူလျင်မြန်စွာ ရင်းနှီးမြုပ်နှံနိုင်ပြီး အသုံးပြုသူ Users များအနေနဲ့ ကလစ်တစ်ချက်နှိပ်ရုံမျှဖြင့် ရွှေဝယ်ခြင်း၊ ပြန်လည် ရောင်းချခြင်းနှင့် ထုတ်ယူခြင်း အစရှိသည်တို့ကို အချိန်နှင့် တပြေးညီ နေရာမရွေး၊ အချိန်မရွေး ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်သည့်အပြင် ထိုရင်းနှီးမြုပ်နှံမှုတို့ကို လွယ်ကူလျင်မြန်စွာနှင့် အကျိုးရှိစွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ uabpay အသုံးပြုသူများအနေဖြင့် Gold Investment Platform မှတစ်ဆင့် ရွှေရင်းနှီးမြုပ်နှံမှု များကို ပြုလုပ်နိုင်ခြင်းအားဖြင့် ကြီးမားသော အကျိုးဖြစ်ထွန်းမှုရှိပြီး ၎င်းတို့သတ်မှတ်ထားသော ဘဏ္ဍာရေး ရည်မှန်းချက်များကို ပြည့်မြောက်အောင်မြင်‌စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အ‌ထောက်အကူ ပြုနိုင်လိမ့် မယ်လို့ uab bank မှ ယုံကြည်ပါတယ်။” ဟု စိတ်အားထက်သန်စွာဖြင့် ထပ်လောင်းပြောကြားခဲ့ပါသည်။