Careers / Renumerations, rewards and compensation

အခကြေးငွေပေးခြင်း, ချီးမြှင့်ခြင်းနှင့် အကျိုးခံစားခွင့်ပေးအပ်ခြင်း

ကျွန်ုပ်တို့သည် ၀န်ထမ်းတစ်ဦး ၏စုစုပေါင်းအကျိုးခံစားခွင့်ကိုမျှမျှတတ ရရှိစေရန်အတွက် အမျိုးမျိုးသော အချက်အလက်များကိုဘက်စုံဒေါင့်စုံမှရှုမြင်သုံးသပ်ကာဆုံးဖြတ်ချက်ချပါသည်။ လုပ်ဆောင်ချက်ပေါ်တည်၍ ချီးမြှောက်နိုင်ရန်၊ စိတ်အားတက်ကြွစေရန်နှင့် အရည်အချင်းရှိသူများကို ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့်ပြုလုပ်ပါသည်။

စွမ်းဆောင်ရည်အခြေပြု ပြောင်းလဲနိုင်သောလစာသည်ဘဏ်၏စွမ်းဆောင်ရည်၊ စီးပွားရေး လုပ်ဆောင်ချက်များနှင့် ၀န်ထမ်း၏စွမ်းဆောင်ရည်ရည်မှန်းချက်များကိုတစ်ဉီးချင်း အောင်မြင်မှုရရှိ သည့်အချက်တို့နှင့် ချိတ်ဆက်ထားပါသည်။ uab တန်ဖိုးများကိုထောက်ပံ့ပေးနိုင်သော စွမ်းဆောင်ရည် ရည်မှန်းချက်များ၊ ကိုယ်ရည်ကိုယ်သွေး နှင့်ပြောဆိုပြုမှုလုပ်ဆောင်ချက်များ တို့ကိုပေါင်းစပ်ပြီးရရှိလာသည့် အချက်များပေါ်မှုတည်၍ ၀န်ထမ်းတစ်ဦး စီ၏စွမ်းဆောင်ရည်ကို အကဲဖြတ်ပါသည်။ ၀န်ထမ်းတစ်ဦးချင်းစီ၏ ပြောင်းလဲနိုင် သောလစာသည်နှစ်စဉ်နှစ်တိုင်း ၀န်ထမ်း၏ စွမ်းဆောင်ရည်လုပ်ဆောင်မှုအပေါ် မူတည်၍ကွဲပြား ခြားနားမှုရှိပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့နှင့်အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့၀င်များသည်အကျိုးခံစားခွင့်ပေးခြင်းအလေ့အထများနှင့်အစီအစဉ်များသည်စည်းမျဉ်းလိုအပ်ချက်များ နှင့်ကိုက်ညီစေရန်နှင့်စျေးကွက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် တုန့်ပြန်မှုရှိစေရန်အတွက်လစာမူဝါဒကိုပုံမှန်ပြန်လည်သုံးသပ်လေ့ရှိပါသည်။လုပ်ခ၊ ချီးမြှင့်ခြင်းများ နှင့် အကျိုးခံစားခွင့်ပေးခြင်းများကို တိုတောင်းသောကာလတို ဘဏ္ဌာရေးတိုင်းတာချက်များထက်ကျော် လွန်၍ရှမြင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသောရည်မှန်းချက်များကိုသာ အဓိကကြည့်ပါသည်။