Loan Against Property

ပုဂ္ဂိုလ်ရေး၊ စီးပွားရေး နှင့် မိသားစု လိုအပ်ချက်အစရှိ သည်တို့အတွက် သင်၏ ပိုင်ဆိုင်မှု များအား ရင်းနှီးမြှုပ်နှံ ၍ ငွေကြေးရယူ နိုင်ပါသည်။ ထိုရင်းနှီး မြှုပ်နှံမှုတွင် စီးပွားရေး လုပ်ငန်းအတွက် အရင်းအနှီးတိုးမြှင့်ခြင်း၊ ကလေးများ၏ ပညာရေး(သို့) မိသားစုဝင် များ၏ မင်္ဂလာပွဲများ အတွက် စီစဉ်ပေးခြင်းတို့အထိ ပါဝင်ပါသည်။ ဤချေးငွေ အစီအစဥ်အား အသုံးပြု၍ သင်၏ပိုင်ဆိုင်မှု ပိုမိုတိုးပွား လာစေရန် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

  •  ပြန်လည်ပေးဆပ်ရေးကာလကို အများဆုံး ၁၀နှစ်အထိ ပေးဆပ်နိုင်ခြင်း
  •  လစဉ်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ခြင်း
  •  ဥပ‌ဒေနှင့်ကိုက်ညီသည့် မည်သည့်ရည်ရွယ်ချက်အတွက် မဆို လျှောက်ထားနိုင်ခြင်း
  •  လစဉ်ဝင်ငွေ အနည်းဆုံးကျပ် (၁၀)သိန်း ရှိရန်လိုအပ်ခြင်း
  • နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ ကား ၊ စက်ယန္တရား ကြီးများစသည်တို့အား အဌားချ ထား သည့် အဆင့်မြင့်ကားများနှင့် အကြီးစား စက်ပစ္စည်း ရောင်း၀ယ်သူများ
  • နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ တိုက်ခန်း၊ ရုံးခန်း၊ အိမ်စသည်တို့အား အဌားချထားသည့် ပုဂ္ဂိုလ်များ (သို့) ကုမ္ပဏီများ
  • ငွေချေးယူသူ (သို့) မိသားစုဝင် (ဖခင်၊ မိခင်၊ အိမ်ထောင် ဖက်၊ မောင်နှမ) တို့ ပိုင်ဆိုင်သော မြေ (သို့) အဆောက်အဦး ကို အာမခံပစ္စည်းအဖြစ် ပေးအပ်ရပါမည်။
က) ချေးငွေလျှောက်ထားသူ၏ အိမ်ထောင်ဖက်(သို့) မိဘမှ ချေးငွေအတွက် အာမခံပေးရပါမည်။

ခ) ချေးငွေလျှောက်ထားသူ နှင့် အာမခံသူမှ တင်ပြရမည့် အထောက်အထားများ
  • လျှောက်လွှာပုံစံ
  • မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
  • လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
  • အိမ်ထောင်စုစာရင်း မိတ္တူ
  • ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ
  • ဂရန် ၊ ပုံစံ (၁၀၅/၁၀၆) အစရှိသည့် မြေနှင့် ပတ်သက်သည့် အထောက်အထားများ
အတိုးနှုန်း 12.5% p.a
ရှေ့နေခနှင့် ရာဖြတ်ခများ 90,000MMK
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ ချေးငွေသက်တမ်း ၏ပထမ (၂)နှစ် အတွင်း ပြန်လည်ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၃%)။
ချေးငွေသက်တမ်း၏ (၃) နှစ်အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏပေါ် တွင် (၂%)။
ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင်ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ်သည့် ပမာဏပေါ်တွင် (၁%)။