Rebuild Myanmar: Mandalay Quake Relief
Latest Updates >

Personal Loan

လစဉ်လစာ အနည်းဆုံး ၂၅၀,၀၀၀ကျပ် (MMK) ရရှိသူ နှင့် ပုံမှန်ဝင်ငွေရှိသူများအတွက် Personal Loan လျှောက်ထား နိုင်ပါသည်။

သတ်မှတ်ထားသောမြို့များ (ရန်ကုန် နှင့် မန္တလေး) တွင်သာ uab Personal Loans ရယူနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ရာ အတိုးနှုန်း၊ မြန်ဆန်သော လုပ်ငန်းစဉ် နှင့် စာရွက်စာတမ်းအနည်းငယ်ဖြင့် လျှောက်ထားနိုင်ပါသည်။ uab bank ၏ Personal Loan သည် သင်တို့၏ လိုအပ်ချက်များအတွက် မှန်ကန်သော ‌ရွေးချယ်မှု ဖြစ်ပါသည်။

  • လစဉ်အရစ်ကျစနစ်ဖြင့် ၃နှစ်အထိ ပေးချေနိုင်သော ချေးငွေသက်တမ်း

  • အများဆုံးချေးငွေပမာဏ သိန်း၁၀၀အထိ ရယူနိုင်ပါသည်။

က) အောက်ပါအဖွဲ့အစည်းများတွင် အနည်းဆုံးလုပ်သက် ၂နှစ်ရှိပြီး ဖြစ်သော အမြဲခန့်ဝန်ထမ်းဖြစ်ရမည်။

  •  အစိုးရ / အစိုးရဖက်စပ် လုပ်ငန်းအဖွဲ့အစည်းများ
  • ဗဟိုဘဏ် / မြန်မာနိုင်ငံရှိ အခြားဘဏ်များ
  • နိုင်ငံခြားနှင့်ဖက်စပ် ကုမ္ပဏီများနှင့် နိုင်ငံခြား ကုမ္ပဏီများ
  • မြန်မာနိုင်ငံရှိ အခြားနာမည်ရပြီးသော ကုမွဏီများ
  • အစိုးရကျောင်းများ/ကောလိပ်များ
  • နာမည်ရပြီးသော ကိုယ်ပိုင်ကျောင်းများ/ကောလိပ်များ


ခ) အခြားကိုယ်ပိုင်ဝင်ငွေရှိသူများ - စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ၊ ဆရာဝန်၊ ရှေ့နေများ၊ အကြံပေးများ စသည်...

ဂ) အများဆုံးချေး‌‌ငွေ သိန်း၁၀၀ထိ ချေးရန် ၁၀လစာ ဝင်ငွေစုစုပေါင်းသည် သိန်း၁၀၀ရှိရမည်။

a) Personal Guarantee of one colleague and one person having sufficient income to justify their guarantee.

ခ) ချေးငွေလျှောက်ထားသူ နှင့် အာမခံသူမှ တင်ပြရမည့် အထောက်အထားများ

  • လျှောက်လွှာပုံစံ
  • မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
  • လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
  • အိမ်ထောင်စုစာရင်း မိတ္တူ
  • ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ


ဂ) ဝင်ငွေအထောက်အထား - အကယ်၍ ချေးငွေ လျှောက်ထား သူသည် ၀န်ထမ်းဖြစ်ပါက

  • လွန်ခဲ့သော ၃ လမှ Bank Statement
  • အလုပ်ရှင်ထံမှ ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာ
  • လစာဖြတ်ပိုင်း (အကယ်၍ လစာကို ဘဏ် စာရင်းထဲ သို့ ထည့်သွင်းပေးပါက တင်ပြရန် မလိုအပ်ပါ)
  • အခွန်စာအုပ်မိတ္တူ
 
အတိုးနှုန်း 15% p.a secured
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ 3% on prepaid amount (if paid during the first 2 years of loan period)
2% on prepaid amount (if paid during the third year of loan period)
1% on prepaid amount (if paid after 3 years of loan period)