သတင်းထုတ်ပြန်ချက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုအပ်သောကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားလျက် ရှိခြင်းနှင့် ဘဏ်ခွဲ ခေတ္တယာယီ ပိတ်သိမ်းခြင်း

ရန်ကုန်၊ ၂၈ရက် စက်တင်ဘာလ ၂၀၂၀ ခုနှစ် – ရန်ကုန်မြို့၊ အင်းစိန် ပေါက်တောဝဘဏ်ခွဲအား ခေတ္တယာယီ ပိတ်ထားကြောင်းနှင့် မန္တလေး ကျောက်ဆစ်တန်းဘဏ်ခွဲအား ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း uab bank မှ အသိပေး ကြေညာလိုက်ပါသည်။

အင်းစိန် ပေါက်တောဝဘဏ်ခွဲမှ customer များအားလုံး ဘဏ်ဝန်ဆောင်မှုများနှင့် ဘဏ်၏လုပ်ငန်းဆောင်တာများ ပြုလုပ်လိုပါက မည်သည့် uab bank ဘဏ်ခွဲတွင်မဆို ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ရန်ကုန်မြို့အတွင်းတွင် uab bank ဘဏ်ခွဲပေါင်း (၄၅) ခုရှိပြီး ဝန်ဆောင်မှု လိုအပ်သမျှကို ကျွန်တော်တို့၏ ဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ Customer များအတွက် ကျွန်တော်တို့၏ ATM များနှင့် mobile banking ဝန်ဆောင်မှုများအားလုံးကို (၂၄) နာရီပတ်လုံး အဆင်သင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စက်တင်ဘာလ (၂၇)ရက်၌ အင်းစိန် ပေါက်တောဝဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အတည်ပြုမှု ရရှိခဲ့ပါသည်။ ကြိုတင်ကာကွယ်မှု အနေဖြင့် ၎င်းဘဏ်ခွဲအား ခေတ္တယာယီ ပိတ်ထားမည် ဖြစ်ပါသည်။

တပြိုင်နက်အတွင်း ကျွန်တော်တို့၏ မန္တလေး ကျောက်ဆစ်တန်းဘဏ်ခွဲကိုလဲ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းနှင့် customer များအတွက် ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပေးသွားမည်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အတည်ပြုထားခဲ့သော uab bank ၏ ဝန်ထမ်း (၆) ယောက်သည် ယခု MOHS ၏ ခွင့်ပြုချက်ဖြင့် quarantine စင်တာမှ ဆေးရုံဆင်းခွင့်ရထားပြီး ပြန်လည် နေကောင်းလာပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကျွန်တော်တို့ ဝန်ထမ်းများ quarantine ဝင်နေရသည့် ကာလအတွင်း ဂရုစိုက်ပြုစုပေးသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ ဝန်ထမ်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

ကျွန်တော်တို့၏ website ရှိ “COVID-19 နှင့် ပတ်သက်၍ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းသို့ အသိပေးကြေညာချက်များ”တွင် နောက်ဆုံး သတင်းများအား ဝင်ရောက်လေ့လာနိုင်ပါသည်။

ကပ်ရောဂါ ကူးစက်မှုများစတင်ခဲ့သည် အချိန် မတ်လ ၂၀၂၀ မှစ၍ uab bank သည် Business Continuity Plan (BCP) နှင့် Crisis Control Unit (CCU)များကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ယခု ဒုတိယလှိုင်းမှာလည်း CCU ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌သေချာ ဂရုစိုက်သွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘဏ်မှ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပါသည်။ ဒုတိယလှိုင်းအတွင်း ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်နိုင်ရန်နှင့် တွေ့ဆုံမှုများလျှော့ချနိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း အလှည့်ကျ နေအိမ်မှ အလုပ်လုပ်စေရန် ချမှတ်ထားပါသည်။

uab bank ၏ ဘဏ်ခွဲများ၌လည်း လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ရန် ညွှန်ကြားချမှတ် ထားပြီး၊ ၎င်းတို့မှာ-

    • လက်အိတ်၊ face mask နှင့် လက်သန့်စင်ဆေးရည်များ ထားရှိပေးထားခြင်း
    • ဘဏ်သို့လာ‌ ရောက်သော customer များနှင့်ဝန်ထမ်းများ အနေဖြင့် mask မတပ်မနေရစနစ်ကျင့်သုံးစေခြင်း
    • Social distancing ကိုတိတိကျကျလိုက်နာ၍ ဝန်ဆောင်မှုပေးစေခြင်း
    • Register and record visitors name, contact, address by scanning QR code at branches
    • Customer များအဆင်ပြေလွယ်ကူစေရန် digital ဝန်ဆောင်မှုများအားအသုံးပြုရန် တိုက်တွန်းနှိုးဆော်ခြင်း (uab mobile ၊ SaiSai Pay ၊ uabpay+ နှင့် uab online banking)

၀န်ထမ်းများ၊ customerများနှင့် ဧည့်သည်များ၏ ကျန်းမာရေးနှင့် လုံခြုံမှုသည် အဓိကဦးစားပေးဖြစ်ပါသည်။ uab bank စီမံခန့်ခွဲမှု အဖွဲ့သည် MOHS မှ COVID-19 ကာကွယ် တားဆီးရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များနှင့် လမ်းညွှန် ချက်များကို တင်းကြပ်စွာလိုက်နာနေပြီး ကျွန်ုပ်တို့၏ ဘဏ်ခွဲများ၊ ဘဏ်လုပ်ငန်း လည်ပတ်မှုများနှင့် ပတ်သက် ၍လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို တင်းကြပ်စွာ လိုက်နာလျှက်ရှိပါသည်။