သတင်းထုတ်ပြန်ချက်

uab ဘဏ်နှင့် SAM (Singapore Association of Myanmar) တို့ ဦးဆောင်၍ မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ဆေးဝယ်ယူရေးအစီအစဥ်အား တိုးမြှင့်ကူညီ

ရန်ကုန်၊ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၂၆) ရက်_ uab ဘဏ်အနေဖြင့် COVID-19 ကာကွယ် ဆေးဝယ်ယူရေးအတွက် ရန်ပုံငွေမြှင့်တင်ရေးတွင် အဓိကစီစဥ်သူအနေဖြင့် ပါဝင်ခြင်းဖြစ်ပြီး Singapore Association of Myanmar (SAM) မှလည်း uab ဘဏ်နှင့်အတူ မိတ်ဖက်ပါတနာအနေဖြင့် ပူးပေါင်းပါ၀င်သွားမည်ဖြစ်ပါသည်။

ယခုအစီအစဥ်မှတစ်ဆင့် uab ဘဏ်မှ ပြုလုပ်‌ဆောင်ရွက်သွားမှာ -

  • ကနဦး မတည်ငွေအဖြစ် ကျပ် သိန်း ၂၅၀၀ ကို uab bank မှ မတည်ပေးမည်ဖြစ်ပြီး Singapore Association of Myanmar (SAM) မှ ကျပ်သိန်း ၂၅၀ ကို ရန်ပုံငွေအဖြစ် ထည့်၀င်လှုဒါန်းသွားပြီးဖြစ်ပါသည်။
  • မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် အနုပညာရှင်များအားလည်း ၀င်ရောက်ပါ၀င်မှုပြုလုပ်နိုင်ရန် ဖိတ်ခေါ်ခြင်းနှင့် အခြားသော ပါ၀င်လှူဒါန်းမှုပြုလိုသူများအား ထပ်ဆင့်ဖိတ်ခေါ်စေခြင်း ဖြစ်ပါသည်။
  • ပူးပေါင်းပါ၀င်လှုဒါန်းလိုသောအများပြည်သူများအတွက် ဘဏ်အကောင့်တစ်ခုဖွင့်လှစ်ထား ရှိ ပေးမည်ဖြစ်ပြီး uab ဘဏ်အနေဖြင့် ရရှိလာသည့် စုစုပေါင်းငွေပမာဏ၏ ဆတူငွေပမာဏ အားထပ်မံလှူဒါန်းမှု ပြုလုပ်သွားမည်ဖြစ်ပါသည်။
  • အကယ်၍ လှူဒါန်းမှူကာလပြီးဆုံးချိန်သည့်တိုင် အလှူငွေများကျန်ရှိနေပါက ၄င်းအလှူငွေများအား Donation account ထဲသို့ လွှဲပြောင်းသွားမည်ဖြစ်ပါသည်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မြန်မာကျပ်ငွေ (သို့) US ဒေါ်လာ ဖြင့် uab ဘဏ်ခွဲများမှဖြစ်စေ (သို့) SaiSai Pay, uabpay, uab Mobile နှင့် uab Online တို့မှတစ်ဆင့်ပါဝင်လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မြန်မာကျပ်ငွေ (သို့) US ဒေါ်လာ ဖြင့် uab ဘဏ်ခွဲများမှဖြစ်စေ (သို့) SaiSai Pay, uabpay, uab Mobile နှင့် uab Online တို့မှတစ်ဆင့်ပါဝင်လှူဒါန်းနိုင်မည်ဖြစ်ပါသည်။ အစီအစဉ်နှင့်ပတ်သက်၍ uab ဘဏ်၏ ဥက္ကဌဖြစ်သူ ဦးနေအောင်မှ ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။ “COVID-19 ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းပါ၀င်မှုပြုခြင်းနဲ့ ရန်ပုံငွေကောက်ခံရေးအစီအစဥ်မှာ uab ဘဏ်အနေနဲ့ ဦးဆောင်မှုပြုလုပ်နိုင်သည့်အပြင် uabဘဏ်၏ celebrities partnerတွေ၊ shareholderတွေ ၊ customerတွေ ၊ ဝန်ထမ်းတွေနှင့်အတူ ဒီအစီအစဥ်မှာ ပါဝင်ခွင့်ရအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ပူးပေါင်းပါဝင်လိုတဲ့ ပြည်သူတွေအနေနဲ့လည်း ဒီ အစီအစဥ်မှာပါဝင်ပြီး မိမိတက်နိုင်တဲ့ငွေပမာဏနဲ့ပါဝင်လှူဒါန်းကြဖို့ဖိတ်ခေါ်လိုပါတယ်။ COVID-19 ရောဂါပိုးကိုကာကွယ်တိုက်ဖျက်ဖို့အတွက် လူတိုင်းရဲ့ ပူးပေါင်းပါဝင်မှုများစွာနှင့် ထောက်ပံ့ပေး မှုများကို လိုအပ်သလို ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။ အခုဆိုရင်တော့ ကျွန်တော်တို့အားလုံးအတူပူးပေါင်းပြီး မြန်မာပြည်သူတွေ အတွက်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးနိုင်ဖို့ လက်တစ်ကမ်းပဲလိုတော့တာဖြစ်ပါတယ်။”   

အစီအစဉ်နှင့်ပတ်သက်၍ SAM ၏ Presidentဖြစ်သူ Lee Leong Seng မှလည်း ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။ “COVID-19 ကာကွယ်ဆေးဝယ်ယူထောက်ပံ့ရေးနဲ့ ရန်ပုံငွေကောက်ခံရေး အစီအစဥ်မှာ uab နဲ့အတူ မိတ်ဖက်အနေနဲ့ ပါဝင်ကူညီပံ့ပိုးခွင့်ရတဲ့အတွက် အလွန်ပင်ကျေနပ်မိပါတယ်။ ဒီအစီအစဥ်က SAM ရဲ့ COVID-19 တုံ့ပြန်ရေးအစီအစဥ်တွေထဲက နောက်ထပ် အဆင့်တစ်ခုပဲဖြစ်ပါတယ်။ ရှေ့တန်းကနေ တိုက်ပွဲဝင်ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းတွေဝယ်ယူဖို့ ထောက်ပံ့ငွေ ကျပ်သိန်ပေါင်း ၂၃၀ နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ထောက်ပံ့မှုတွေလိုအပ်နေတဲ့မိသား၀င်တွေထဲကမိသားစုပေါင်း (၁၉၀၀) ကို ကျပ်သိန်းပေါင်း ၂၆၀ ခန့် တန်ဖိုးရှိတဲ့ အစားအသောက်တွေနဲ့ ထောက်ပံ့ပေးနိုင်မှုတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယခုလိုမျိုး uab ဘဏ်နှင့်ပူးပေါင်းပြီး ရောဂါပိုးကာကွယ်ဆေးတွေထောက်ပံ့တဲ့နေရာမှာ ထပ်မံကူညီပံ့ပိုးမှုပြုလုပ်ပေးနိုင်တဲ့အတွက်လည်းများစွာဂုဏ်ယူမိပါတယ်။ အခုလို ပံ့ပိုးကူညီမှု ပြုလုပ်နိုင်ရေးအတွက် အားတက်သရောပံ့ပိုးပါဝင်ပေးကျတဲ့ အသင်းဝင်တွေနဲ့ သူငယ်ချင်း၊မိတ်ဆွေတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း ရောဂါပိုးပျံ့ပွားမှုကိုကာကွယ်နိုင်ဖို့အတွက် ကာကွယ် ဆေးတွေ ဆက်လက် ထောက်ပံ့ပေးသွားနိုင်ဖို့အတွက်လည်း မျှော်လင့်မိပါတယ်။”

အစီအစဉ်နှင့်ပတ်သက်၍ uabဖောင်ဒေးရှင်း၏ဥက္ကဌ ဖြစ်သူ ဒေါ်ခင်မိုးညွန့် မှ ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။ “စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာ လူမှုပတ်၀န်းကျင်ကို အကျိုးပြုတဲ့လုပ်ငန်းတွေအတွက် ထည့်သွင်းစဥ်းစားလုပ်ဆောင်ရမှာက ကျွန်မတို့မဖြစ်မနေ ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ uab ဘဏ်အနေနဲ့ Be The Change Myanmar အစီအစဉ်ကို ၂၀၁၇ ခုနှစ်ဒီဇင်ဘာလမှာ စတင်ဖော်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို တည်ဆောက်ပေးလိုတဲ့ရည်ရွယ်ချက်တွေနဲ့အတူ uab ဖောင်ဒေးရှင်း ကို ၂၀၂၀ခုနှစ် မှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် လူတိုင်းရဲ့ အကူအညီကို ကျွန်မတို့ လိုအပ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းကို ကျွန်မတို့ မကူညီနိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်းကတော့ တစ်စုံတစ်ဦးကိုကူညီနိုင်ပါတယ်။ နောက်ဆုံးတစ်နေ့မှာတော့ ကျွန်မတို့မှာဘာတွေရှိလဲ ဒါမှမဟုတ် ကျွန်မတို့ဘာတွေပြီးမြောက် အောင်မြင်ခဲ့ပြီလဲဆိုတာတွေထက် ဘယ်သူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ခဲ့လဲနဲ့ ပိုမိုကောင်းမွန်အောင်ပြောင်းလဲ ဖော်ဆောင်ပေးနိုင်ခဲ့လဲ ဆိုတာတွေက ကျွန်မတို့ပြန်တွေးမိတိုင်း ဂုဏ်ယူနေရမဲ့အရာတွေပါပဲ။ ရှေ့ဆက်ပြီးတော့လဲ ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ၊ကလေးတွေနဲ့ ရပ်ရွာပြည်သူလူထုကို အစွမ်းကုန် ကူညီအကျိုးပြုသွားမှာပဲဖြစ်ပါတယ်။ “  

uab bank မှ ထည့်၀င်ထားသော အလှူငွေများနှင့် ပြင်ပမှ ထည့်၀င်ထားသော အလှူငွေစာရင်းများကို www.uab.com.mm, uab Facebook စာမျက်နှာနှင့် Myanmar Media 7 ၏ Facebook စာမျက်နှာများမှတစ်ဆင့်ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြသွားမည်ဖြစ်ပါသည်။

လှူဒါန်းမှုကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့အထိဖြစ်ပါသည်။ ကောက်ခံရရှိသည့် အလှူငွေများအားလုံးကိုကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဤအစီအစဥ်ဖြစ်မြောက်အောင် ပူးပေါင်းပါ၀င်ပေးကြသော သူများအားလုံးအား uab ဘဏ်နှင့် SAM တို့မှ ကျေးဇူးတင်ကြောင်းထုတ်ဖော် ပြောကြားလိုပါသည်။

About our Partners

Celebrity Partners:

  • စိုင်းစိုင်းခမ်းလိုင်
  • ၀တ်မှုန်ရွှေရည်
  • ပိုင်တံခွန်
  • ပန်းရောင်ခြယ်
  • ALFA
  • သက်ထားသူဇာ

Media Partner

  • Myanmar Media 7

Account Details

ပြည်သူများပါ၀င်လှူဒါန်းနိုင်သော ဘဏ်စာရင်းနံပါတ်များ

ဘဏ်ငွေစာရင်းအမည် COVID-19 Vaccine Support Fund Account

  1. 016 01 21 0035 1471 (USD)
  2. 016 01 01 0001 4624 (MMK)

“ကျွန်တော့အနေနဲ့ ဒီအစီအစဉ်မှာပါဝင်ပြီး ကိုယ်နေထိုင်တဲ့ လူမှုပတ်၀န်းကျင်အတွက် တတ်နိုင်တဲ့ ဖက်ကနေ ကူညီပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်..” စိုင်းစိုင်းခမ်းလိုင်

လှူဒါန်းသည့် ပမာဏ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လှူဒါန်းကြသည့် တစ်ဦးတစ်ယောက် ချင်းဆီကိုတန်ဖိုးထားဂုဏ်ယူရပါတယ် ...ပန်းရောင်ချစ်တဲ့ပရိသတ် တွေနဲ့ အတူတူ ကောင်းမွန်တဲ့အရာလေး တစ်ခုကိုဖော်ဆောင်ပြု လုပ်ချင် ပါတယ်။ ပန်းရောင်တို့ရဲ့ တိုင်းပြည် နှင့် လူမျိုး အတွက် ပံ့ပိုးကူညီပေးကြပါနော်..” ပန်းရောင်ခြယ်

“အဆိုအမိန့်လေးတစ်ခုထဲကအတိုင်း..ဖယောင်းတိုင်တစ်တိုင်ထဲကနေထောင်ချီတဲ့ဖယောင်းတိုင်တွေဆီကိုမီးအလင်းရောင် ထပ်ဆင့်ထွန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သေးငယ်သော လုပ်ဆောင်မှုလေးတွေကနေ ကြီးမားတဲ့ အရာတစ်ခုကို ဖန်းတီးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ Kit နှင့်အတူ လှူဒါန်းမှုမှာ ပါ၀င်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်..” small action of every fan will make a huge difference for someone else. Please donate with Kit.” ၀တ်မှုန်ရွှေရည်

"COVID-19ကို ဆန့်ကျင်တိုက်ထုတ်တဲ့တိုက်ပွဲမှာ လူတိုင်းရဲ့အင်းတိုက်အားတိုက်ပါဝင်မှုတွေ လိုအပ်နေပါတယ်၊ တံခွန်နဲ့အတူ ပါ၀င်လှူဒါန်းကြဖို့ ပရိသတ် အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်..” ပိုင်တံခွန်

“လူငယ်တွေက ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်မျှော်လင့်ချက်ဖြစ်သလို ကျွန်တော်တို့ တိုင်းပြည်ရဲ့ သယံဇာတ တွေပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့တိုင်းပြည်က ကျွန်တော်တို့ရဲ့ အင်အား ကိုလိုအပ်နေပါတယ်။ ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်အတွက်အကျိုးရှိစေမယ့်ခြေလှမ်းတစ်ခုကို အတူတူလှမ်းကြဖို့လိုပါတယ်။ ပရိသတ်အားလုံးက ဒီကမ်ပိန်းမှာပါ၀င်ကြပါ..” ALFA

“အိုလံပစ်ပြိုင်ပွဲရဲ့ နိုင်ငံတကာပြိုင်ပွဲ၀င်တွေကြားမှာ နိုင်ငံကိုကိုယ်စားပြုပြိုင်ပွဲ၀င်ခွင့်ရတဲ့ မြန်မာမိန်းကလေးတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားကောင်းတွေ ဖြစ်ဖို့ ကြိုးစားရမဲ့ တာ၀န်ရှိပါတယ်.. ပြည်သူလူထုအားလုံး ကိုဒီကမ်ပိန်းမှာ အတူတူ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” သက်ထားသူဇာ

#LeadingChange #HumanisingBanking

#vaccinesforMyanmar

#VaccinesSavesLives

uab bank အကြောင်း

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကို ဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်း စည်းကမ်း များနှင့် နည်းစနစ်တို့အကြား မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်း တို့သည် uab bank အား “မြန်မာ့ အကောင်းဆုံးဘဏ်” အဖြစ် Euromoney မှ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် သော်လည်းကောင်း၊ “Best Retail Bank Myanmar 2020” အဖြစ် Retail Banker International မှလည်းကောင်း အသီးသီး သတ်မှတ် ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။

သြဂုတ်လ ၂၀၂၀ ခုနှစ်တွင် uab bank သည် “Best Companies to work in Myanmar- Employees Choice”အဖြစ် အသိ အမှတ်ပြုခြင်းခံရပြီး ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်တွင် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာတွင်လည်း ပထမ အဆင့်နေရာတွင် သတ်မှတ်ဖော်ပြခြင်းခံရပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasury Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက် ပေးလျက် ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော် ဖြစ်လာနိုင်စေရန်၊ လူမှုအကျိုးစီးပွားကို အလေးထားသော ဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် တစ်ဦးနှင့်တစ်ဦးကြား ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက်စေဖို့အတွက် အထောက်အပံ့များ ပေးနိုင်ရမည်ဟု ယုံကြည်ထားပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ် တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့် မည် ဟုလည်း ယုံကြည်မိပါသည်။

SAM အကြောင်း

SAM ကို မြန်မာနိုင်ငံရှိ အဖွဲ့၀င်များအားလုံး၏ လူမှုရေးကဏ္ဍ၊ အပန်းဖြေမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုအကျိုးပြုလုပ်ငန်းကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာကဏ္ဍများကို မြှင့်တင်စေလိုသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် SAM သည် COVID-19 Response Campaign ကိုစတင်ခဲ့သည်။ ၎င်း campaign ၏ ရည်ရွယ်ချက်မှာမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ရောဂါတိုက်ဖျက်ရေးကို SAM ၏အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အနေဖြင့် ထောက်ပံ့ရန်ဖြစ်သည်။ SAM သည်အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းရန် ကတိပြုထားပြီး ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ SAM အဖွဲ့ဝင်များနှင့် မိတ်ဆွေများထံမှ အလားတူ ပမာဏ ကိုမြှင့်တင်ကာ COVID-19 တုံ့ပြန်မှု၏ အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေရန် ဖြစ်ပါသည်။ လက်ခံရရှိသောလှူဒါန်းငွေများအား လိုအပ်မှု အပေါ် မူတည်ပြီး SAMမှ သမာ သမတ်ရှိစွာ ခွဲ‌ဝေလှုဒါန်းသွားမည်ဖြစ်ပါသည်။

For media enquiries, please contact:

Saung Oo Nwe

Head of Sales & Marketing

09 4 20 20 11 70